Friday 18 January 2013

နှင်းတွေဝေပြန်ပြီ

ဒီတစ်ခါ ယူကေမှာ နှင်းကျတာ အတော်လေး နောက်ကျတယ်။ ခါတိုင်းနှစ်တွေမှာဆိုရင် ဒီဇင်ဘာလထဲ နှင်းကျလေ့ရှိတယ်။ အထူးသဖြင့် ခရစ်စမတ်ကာလတစ်လျှောက်ပေါ့။ ဒါကြောင့်လဲ ၀ှိုက်တ်ခရစ်စမတ်လို့ ပြောလေ့ရှိခဲ့ကြတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ ခရစ်စမတ်မှာတော့ နှင်းမကျဘဲ မိုးတွေ ရွာခဲ့တယ်။ ၀ှိုက်ခရစ်စမတ်အစား ၀က်တ် ခရစ်စမတ်ဖြစ်ခဲ့တယ်။  ဒီနေ့ ၂၀၁၃ ဇန်န၀ါရီ ၁၈ ရက်။ မနက် ရှစ်နာရီခွဲလောက်ကစပြီး နှင်းတွေ အရမ်းကျလာတယ်။ ခုထက်ထိလဲ ကျနေတုန်းဘဲ။ မနက်ဖန် သန်ဖက်တွေမှာလဲ ထပ်ကျဦးမယ်ဆိုဘဲ။ ခရစ်စမတ်ကာလမှာ ကျခွင့်မရခဲ့တဲ့ နှင်းတွေ အငြိုးနဲ့ စုပြုံကျတော့မယ် ထင်ပါရဲ့။ 

သူငယ်ချင်းတစ်ပါး ရောက်လာတာနဲ့ ကျောင်းနဲ့ အနီးအနားတစ်လျှောက် သွားပြီး နှင်းတောထဲ ဓါတ်ပုံတွေ ရိုက်ဖြစ်တယ်။ နှစ်စဉ်လဲ ရိုက်ဖြစ်ခဲ့ပါတယ်။ ဒီကင်မရာ ဒီရှုခင်း နှင့် ဒီရုပ်တွေပါဘဲ။ ဒါပေမဲ့ တစ်နှစ်ထက်တစ်နှစ် မျက်နှာပြင်မှာ ဇရာလမ်းကြောင်းလေးတွေ ပိုသိသာလာတာကတော့ သေချာတယ်။ ဒါက စစ်မှန်တဲ့ သဘာဝတရားတစ်ခုပါဘဲ။ လူတိုင်း အရာဝတ္ထုတိုင်း ရင့်ရော်တတ်ကြတာ မဟုတ်လား။

လောကကြီးလဲ သူ့သဘောသူဆောင်ပြီး နေပူလိုက် မိုးရွာလိုက် နှင်းကျလိုက်နဲ့။ သစ်ပင်တွေလဲ ရွက်နုလိုက် ရွက်ရင့်လိုက် ရွက်ကြွေလိုက်နဲ့။ လူတွေလဲ မွေးလိုက် ရင့်ရော်လိုက် သေဆုံးသွားလိုက်နဲ့။ သူ့တာဝန်သူ ကိုယ့်တာဝန်ကို ထမ်းဆောင်နေလေရဲ့။ ဒါဟာ ဘယ်တော့မှ မပြောင်းလဲတဲ့ နိယာမတေးသွားတစ်ပုဒ်ပါဘဲ။ ဒါပေမဲ့ လူတွေက တေးသွားနောက် သံစဉ်လိုက်မမှတ်တတ်ကြတာ ခက်နေတယ်။
..

ကျောင်းပေါ်ကနေ လှမ်းရိုက်ချက်
 
ကျောင်းဝင်းထဲဆင်းပြီး ကျောင်းနောက်ခံနဲ့

ကျောင်းဝင်းထဲကနေ တောင်ဘက်ဆီသို့ နောက်ခံ

ကျောင်းဝင်းတွင်းကနေ အရှေ့ဘက်ဆီသို့ နောက်ခံ

ကျောင်းဝင်းကနေ မြောက်ဘက်ဆီသို့

ဗီဒီယိုဖိုင် (ကျောင်းဝင်းအရှေ့မျက်နှာစာ)


နေ့လည် ၁ နာရီ ၁၅ မိနစ်အချိန်မှာ ဆုတောင်းပေးလိုက်ပါတယ်လို့ ဖြစ်ရမဲ့ဟာကို ၁ နာရီဆိုတဲ့ အသံက ဗီဒီယိုဖိုင်ထဲ မပါလာဘူး။ ခက်ချေပြီကော။း(

.

1 comment:

wah said...

White Snow and Red Humaine . After 5 years , You are so Fatty.:))))