Monday 30 November 2009
မှတ်စု ၆
ဂိုဏ်းကြီး ကိုးဂိုဏ်း
၁။ဂဏ၀ိမုတ် ကူးတို့ဂိုဏ်း
၂။စတုဘုမ္မိက မဟာသတိပဋ္ဌာန် ငှက်တွင်းဂိုဏ်း
၃။ဓမ္မယုတ္တိနိကာယ မဟာရင်ဂိုဏ်း
၎။ဓမ္ခ္မ၀ိနယာနုလောမ မူလဒွါရနိကာယဂိုဏ်း
၅။ဓမ္မာနုဓမ္မ မဟာဒွါရနိကာယဂိုဏ်း
၆။ရွှေကျင်ဂိုဏ်း
၇။ဝေဠုဝန်နိကာယဂိုဏ်း
၈။အနောက်ချောင်းဒွါရဂိုဏ်း
၉။သုဓမ္မာဂိုဏ်း
ကိုးကားချက်။
ဓမ္မဃောသက ဦးမောင်မောင်၊ သံဃာအား ဘုရားယုံခဲ့သည်၊ စာ ၁၈၇။
..
Sunday 29 November 2009
မှတ်စု (၅)
ခေတ်သစ်သုသီမ
‘လူသေသော် လူမဖြစ်လျှင်လ 
ဘာဖြစ်မှာတုန်း၊
ရွှေပျက်လျှင်
မြေထွက်နွယ် အဝင်ပေမို့
တကယ်ပင် ရွှေပြန်ဖြစ်တယ်ကွယ်
လောကစံထုံး’ (လူသေလူဖြစ်၊ စာ-၃ဝ၁) …
‘လူသေသော် လူမဖြစ်လျှင်လ
ပါယ်နတ်စစ် နိဗ္ဗူတာ
မှန်စွာပ ဖြစ်ထုံး၊
ရွှေနှင့်လူ
လုံးလုံးပင် ခန်မတူလို့
စံတမူ မှားရာက မှောက်ပေပေါ့
နာမ်တဆူ ကြားမှာ ပျောက်တယ်ကွယ်
သားမျောက် ကတုံး’။ (http://ahlataya.wordpress.com)
...
Tuesday 3 November 2009
မော်ကျူရီသို့ရောက်ဖူးသွားခြင်း
ဒီနေ့ မိုးရွာသည်။
မိုးရွာပေမဲ့ အင်္ဂါမောင်တို့အုပ်စု ကားဆရာ(ကိုသူရိန်)အကူအညီဖြင့် မော်ကျူရီတစ်ခုသို့ ချီတက်ခဲ့ကြသည်။
လူသေရုပ်အလောင်းတစ်ခုကို အသုဘဘာဝနာစီးဖြန်းဖို့ ဖြစ်သည်။
သေဆုံးသူသည် အင်္ဂါမောင်တို့ကို အိန္ဒိယဗုဒ္ဓဘာသာသင်ကြားပေးသော ဆရာ စကိုရော့စကီး၏ သူငယ်ချင်းတစ်ယောက်ဖြစ်သည်။ ၄င်းဆရာသည် လန်ဒန်တက္ကသိုလ် SOAS ၌ ပညာသင်ကြားပေးခဲ့သည်ဟု သိရသည်။ ပရော်ဖက်ဆာ တစ်ယောက်ဖြစ်သည်။ တိဗက်ဗုဒ္ဓဘာသာဝင်ဖြစ်သည်။ သူအမျိုးသမီးသည်ကား ဗုဒ္ဓဘာသာမဟုတ်ချေ။
ဆရာစကိုရော့စကီးက သူ့သူငယ်ချင်းအတွက် ဗုဒ္ဓဘာသာလုပ်ထုံးအတိုင်းလုပ်ချင်သည်။ ထို့ကြောင့် ကျန်ရစ်သူမိသားစုကို တိုင်ပင်ပြီးဘုန်းကြီးပင့်ဖို့ စီစဉ်သည်။ ပထမ၌ တိဗက်ဘုန်းတော်ကြီးများကို ပင့်ခဲ့သည်တဲ့။ သို့သော် ဘုန်းတော်ကြီးများ မအားလပ်၍ အမျိုးသမီးတစ်ယောက်ကို ကိုယ်စားလွတ်ပေးခဲ့သည်တဲ့။ သို့ပေမဲ့ ကျန်ရစ်သူက ဘုန်းကြီးစစ်စစ်လိုချင်သည်ဟုဆိုကာ ထိုအမျိုးသမီးအား ပြန်လွတ်လိုက်သည်တဲ့။
နောက်တော့
အဲဒီပြဿနာက အင်္ဂါမောင်တို့ဘက်လှည့်လာသည်။ အတန်းတက်ရင်း ဆရာစကိုရော့စကီးက အကူအညီတောင်းသည်။ လက်ခံလိုက်ပါသည်။ သတ်မှတ်တဲ့ ရက်ချိန်းအတိုင်း ဒီနေ့ လိပ်စာရှာပြီး ကိုယ့်အစီအစဉ်နဲ့ကိုယ် ကားတစ်စီးဖြင့် သွားခဲ့ပါသည်။ မီးအရမ်းရွာသည်။ တစ်နာရီခွဲလောက်မောင်းပြီး မော်ကျူရီသို့ ရောက်သည်။
နေ့လည် ၁၂ နာရီမှာ ကျန်ရစ်သူ မိသားစုနှင့်ချိန်းဆိုထားသော်လည်း သူတို့ မလာကြပါ။ ဆရာစကိုရော့စကီးလဲ မလာပါ။ စိတ်ပျက်ဖို့တော့ကောင်းသည်။ မော်ကျူရီ ၀န်ထမ်းတစ်ယောက်က ရေခဲတိုက်ထဲမှ အလောင်းကို ဗြောင်စင်ကြီးထုတ်ပေးသည်။ အပြင်ရောက်မှ ခေါင်းနှင့်ခြေကို ဖော်ထားပြီး အလယ်ပိုင်းကို ပိတ်ဖြူဖြင့်ဖုံးအုပ်ပေးသည်။ အလောင်းကို ရေခဲသေတ္တာလိုမျိုးတိုက်ထဲမှာ အဆင့်လိုက်စီထားသည်။ နံပါတ်စဉ်အလိုက်ထားသည်။ သော့လဲပိတ်ထားသည်။ ပိုင်ရှင်လာမှ ဖွင့်ပေးသည်။
သက်ဆိုင်သူတွေ မည်သူမှ မလာသည့်အတွက်  ကိုယ့်အစီအစဉ်နဲ့ကိုယ် ရွတ်ဖတ်သရဇ္ဈာယ်ပြီး ပြန်လာခဲ့ရသည်။ စိတ်ပျက်ပေမဲ့ ရေခဲတိုက်အတွေ့အကြုံရခဲ့သည်။ ရေခဲရိုက်ထားသော အလောင်းကောင်ကြီးကို မြင်ခဲ့ရသည့်အတွက် တရားသဘောအရတော့ သင်္ခါရတရားကို ဆင်ခြင်မိခဲ့သည်။
....