Thursday 29 March 2012

ဗြိတိန်နိုင်ငံမှ အပြီးသတ်အလှူရှင်များ စာရင်း

မရမ်းချောင်း အနာကြီးရောဂါဂေဟာအတွက်  ဗြိတိန်နိုင်ငံမှ ကောက်ခံရရှိသော အလှူငွေများကို မြန်မာနိုင်ငံ၊ ရန်ကုန်မြို့မှ အကျိုးဆောင် ကျော်စွာစိုးမြတ်ထံ ၂၆.၀၃.၂၀၁၂  တနင်္လာနေ့က လွှဲပေးလိုက်ပြီး ဖြစ်ပါသည်။ စတာလင်ပေါင် ၃၆၀ တိတိ ဖြစ်ပါသည်။ တစ်ပေါင်ကို ၁၂၇၀ကျပ် နှုန်းဖြင့်  စုစုပေါင်း မြန်မာကျပ်ငွေ ၄၅၇၂၀၀ (လေးသိန်း ငါးသောင်း ခုနစ်ထောင့် နှစ်ရာကျပ် တိတိ) ရရှိမည်ဖြစ်ပါသည်။

 ဗြိတိန်နိုင်ငံမှ အပြီးသတ် အလှူရှင်များ စာရင်းကို စေတနာ သဒ္ဓါ တိုးပွါးနိုင်စေရန် ဖော်ပြပေးလိုက်ပါသည်။

၁။အရှင်ဇနက(အင်္ဂါမောင်) လန်ဒန်၊ ပေါင် ၅၀
၂။အရှင်နာဂသေန(ဘာမင်ဂမ်) ပေါင် ၂၀
၃။ကိုကိုမောင်(ပန်းရနံ့) လန်ဒန်၊ ပေါင် ၅၀
၎။ဦးစိန်ဋ္ဌေး+ဒေါ်ဆွေဆွေဦး သမီး မိုးသီတာဋ္ဌေး (ဘာမင်ဂမ်) ပေါင် ၂၀
၅။ဒေါက်တာလှစိုး+ဒေါ်ဝေေ၀လွင်စိုး(လန်ဒန်) ပေါင် ၅၀
၆။ဦးတင်အောင် မိသားစု (လန်ဒန်) ပေါင် ၂၀
၇။ကိုကို ညီညီ(လန်ဒန်) ပေါင် ၄၅
၈။မောင်နေလင်းအောင် (လန်ဒန်) ပေါင် ၁၀
၉။မောင်အောင်မျိုးသန့် (လန်ဒန်) ပေါင် ၁၀
၁၀။မသီတာထွန်း (လန်ဒန်) ပေါင် ၁၀
၁၁။ကိုဟန်လင်း (လန်ဒန်) ပေါင် ၂၀
၁၂။လူပြန်တော် ဦးကုမုဒ (လန်ဒန်) ပေါင် ၁၀
၁၃။မဟေမာမြတ်ခိုင်+မနန္ဒာထွန်း (လန်ဒန်) ၀ှီးချဲတစ်စီးအတွက် ပေါင် ၄၅ 
စုစုပေါင်း စတာလင်ပေါင်ငွေ ၃၆၀ ဖြစ်ပါသည်။

ဤသို့သော ကုသိုလ်ဒါန၏ စေတနာကံအစွမ်းကြောင့် ဖြစ်လေရာရာ ဘ၀တိုင်း၌ အနာရောဂါကင်းရှင်းပြီး ကျန်းကျန်းမာမာ ချမ်းချမ်းသာသာဖြင့် လောကကောင်းကျိုး လူ့ကောင်းကျိုးတို့ကို မှန်ကန်သော နည်းလမ်းဖြင့် အကြွင်းမဲ့ ဆောင်ရွက်နိုင်ကြပါစေ။

ဤသို့စုပေါင်းပြုလုပ်ရသော ကုသိုလ်ကောင်းမှု၏ အဖို့ဘာဂကို မြင်အပ် မမြင်အပ်သော ဝေနေယျသုခိတဒုက္ခိတ သတ္တ၀ါအပေါင်းတို့အား အမျှပေးဝေပါ၏။ ကြားကြားသမျှ အားလုံး သာဓုခေါ်ဆိုနိုင်ပြီး အမျှရကြသည်ဖြစ်၍ ကျန်းမာကြသည် ချမ်းသာကြသည် ၀မ်းသာကြသည် ဖြစ်ကြပါစေသော်ဝ်။  ။

အမျှ အမျှ အမျှ ယူတော်မူကြပါကုန်လော့။

သာဓု သာဓု သာဓု။


.
.

Friday 9 March 2012

အားငယ်သူများကို အားပေးကြစို့

ယော ဘိက္ခဝေ မံ ဥပဋ္ဌဟေယျ၊ သော ဂိလာနံ ဥပဋ္ဌဟေယျ။
ငါ၏ ချစ်သား ရဟန်းများတို့၊ လူနာ လူမမာ အနာရောဂါဖိစီးခံနေရသူတို့အား ပြုစု လုပ်ကျွေးခြင်းသည် ငါဘုရားအား ပြုစုလုပ်ကျွေးသည် မည်၏။ (တနည်း) ငါဘုရားကို ပြုစုလုပ်ကျွေးမဲ့အစား လူနာ လူမမာ အနာရောဂါဖိစီးခံနေရသူတို့အား ပြုစုလုပ်ကျွေးလော့။  (၀ိနည်း မဟာဝါ)။

ဘုရားရှင်၏ မဟာသာဝကတစ်ပါးဖြစ်သည့် အရှင်မဟာကဿပမထေရ်မြတ် ကျန်းမာရေး မကောင်းစဉ်က ဘုရားရှင် ကိုယ်တော်တိုင် ဗောဇ္ဈင်တရားဟောကြားရွတ်ဆိုပြီး ကျန်းမာရေး ကောင်းစေခဲ့၏။ လက်ဝဲတော်ရံ အဂ္ဂမဟာသာဝကမထေရ်ဖြစ်သည့် အရှင်မဟာမောဂ္ဂလာန်မထေရ်မြတ် နေထိုင်မကောင်းစဉ်ကလဲ ဘုရားရှင်ကိုယ်တော်တိုင် ဗောဇ္ဈင်တရား ဟောကြားရွတ်ဆိုပြီး ကျန်းမာရေး ကောင်းစေခဲ့၏။(ဗောဇ္ဈင်္ဂသုတ္တ) ။
ပူတိဂတ္တတိဿမထေရ် အနာရောဂါဖိစီးစဉ်တုန်းကလဲ ဘုရားရှင် ကိုယ်တော်တိုင် သူနာပြုအလုပ်ကို မရွံမရှာ ပြုစုလုပ်ပေးခဲ့လေ၏။ (ဓမ္မပဒ)။


ဤအကြောင်းအရာများကို ထောက်ဆပြီး ဘုရားရှင်သည် လူနာ လူမမာ မသန်မစွမ်း ရောဂါဒုက္ခသည်တို့အပေါ်၌ အရေးပေးပြုစုခဲ့သည်မှာ ထင်ရှားလေ၏။ သုံးလောကထွတ်ထား ဘုရားရှင် ကိုယ်တော်တိုင် လူနာအား မရွံမရှာ ပြုစုစောင့်ရှောက်ပေးခဲ့သေး၏။ ကျွန်ုပ်တို့ကား အသို့နည်း။ ဘုရားနည်းတူ လူနာ လူမမာ အနာရောဂါသည်တို့အား ပြုစုစောင့်ရှောက် မသင့်ပေဘူးလား။ မှန်ပေ၏။ ထို လူနာ လူမမာ အနာရောဂါသည်တို့အား စိတ်ဓါတ်အင်အားအနေဖြင့် ဖြစ်စေ၊ ကိုယ်အားဖြင့် ဝေယျာဝေစ္စအမှုကို ဖြစ်စေ၊ သို့မဟုတ် ငွေအားဖြင့် ဖြစ်စေ၊ သို့မဟုတ် ပစ္စည်းအထောက်အပံအားဖြင့်ဖြစ်စေ၊ သို့မဟုတ် စားနပ်ရိက္ခာအားဖြင့်ဖြစ်စေ သို့မဟုတ် ဆေးဝါး အထောက်အပံ့အားဖြင့်ဖြစ်စေ ကျွန်ုပ်တို့ အမှန်ပင် အကူအညီပေးသင့်ပေ၏။


ထိုကဲ့သို့ မိမိတို့ တစ်နိုင်တစ်ပိုင် အကူအညီပေးနိုင်ဖို့ ယခုအခါ မြန်မာမုဒိတာလူငယ်များအဖွဲ့က အင်တိုက်အားတိုက် ဆောင်ရွက်ပေးနေပေပြီ။ မရမ်းချောင်း အနာကြီးရောဂါသည်ဂေဟာသို့ ကိုယ်တိုင် သွားရောက်ပြီး လိုအပ်ရာရာ အကူအညီ အထောက်အပံ့များ ပြုလုပ်ကူညီပေးမည်တဲ့။ ၀မ်းသာကြည်နူးဖွယ် ကောင်းလေစွ။   အဖွဲ့ဝင်အဖြစ် လည်းကောင်း အကျိုးဆောင်အဖြစ်လည်းကောင်း ၀င်ရောက်ပြီး အုတ်တစ်ချပ်သဲတစ်ပွင့် ပါဝင်လိုသူများကိုလည်း မြန်မာမုဒိတာလူငယ်များအဖွဲ့က  လက်ကမ်းကြိုလင့်နေ၏။ ထိုကဲ့သို့ စုပေါင်းပြီး ညီညီညာညာ ပေးလှူသော အလှူသည် ဘ၀ဆက်တိုင်း အခြံအရံများပေါများကာ ချမ်းသာကြွယ်ဝ၍ အနာရောဂါကင်းပြီး စိတ်ကျန်းမာခြင်း ကိုယ်ချမ်းသာခြင်း အကျိုးတို့ကို ရရှိနိုင်လေ၏။ ထို့ကြောင့် ပျော်ရွှင်စွာ စုပေါင်းပြီး မရမ်းချောင်းအနာကြီးရောဂါဂေဟာသို့ အကူအညီပြုပေးဖို့ စိတ်ပါဝင်စားသူ အလှူရှင်များအား လှိုက်လှိုက်လှဲလှဲ ဖိတ်ခေါ်အပ်ပါသည်။ 


မရမ်းချောင်းအနာကြီးရောဂါဂေဟာအကြောင်းကို မြန်မာမုဒိတာလူငယ်များဆိုဒ်မှ ကူးယူဖော်ပြပေးလိုက်ပါသည်။

အောက်၌  နိုင်ငံတကာမှ အလှူလက်ခံပေးမည့် သူများ၏ ဆက်သွယ်ရန် လိပ်စာ ဖုန်းနံပါတ်တို့ကို ဖော်ပြပေးထားပါသည်။ ဗြိတိန်မှ အလှူရှင်များအတွက် ဦးဇင်း၏ ဘွဲ့နာမည်၊ အီးမေးလ်၊ မိုဘိုင်းနံပါတ်၊ ဘဏ်အကောင့်တ်တို့ကိုလည်း ဖော်ပြပေးထားပါသည်။


အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး ကောင်းမွန်တဲ့ လိုအင်မှန်သမျှ ပြည့်ဝနိုင်ကြပါစေ။

အရှင်ဇနက
သန္တိသုခစင်တာ
လန်ဒန်
 ...........




အားလုံးမင်္ဂလာပါခင်ဗျား။
မြန်မာမုဒိတာလူငယ်များအဖွဲ့၏ ဒုတိယမြောက်အလှူအဖြစ် မရမ်းချောင်း အနာကြီးရောဂါသည်ဂေဟာကို ဧပြီလ ပထမပတ်တွင် လိုအပ်သည်များကို တတ်နိုင်သလောက် လှုဒါန်းရန် စီစဉ်ထားပါတယ်ခင်ဗျား။ အလှုငွေ ရရှိမှု အပေါ်မူတည်ပြီး
၁။ငွေသားအလှူ
၂။ဆေး၊ ဆန်အလှူ
၃။အ၀တ်အထည်
၎။ဝှီးချဲ များကို အလှုငွေ ရရှိတဲ့အပေါ်မူတည်ပြီး လှူဒါန်းနိုင်ဖို့ စီစဉ်ထားပါတယ်။ ပါဝင်အားဖြည့် လှူဒါန်းလိုသူများအား ကျွန်တော်တို့အဖွဲ့မှ လှိုက်လှဲစွာ ကြိုဆိုပါတယ်ခင်ဗျား။

မရမ်းချောင်း အနာကြီးရောဂါသည် စောင့်ရှောက်ရေးဂေဟာအကြောင်း

ရန်ကုန်တိုင်း၊ လှည်းကူးမြို့ နယ် ဖောင်ကြီးအလွန်မှာ ဂေဟာ တည်ရှိပါတယ်။ လက်ရှိ ဂေဟာက စောင့်ရှောက်ထားသူ ဝေဒနာသည် ကျား ၅၇ဦး၊ မ ၄၆ဦး စုစုပေါင်း ဝေဒနာသည် ၁၀၃ဦး ရှိပါတယ်။


နေ့စဉ် လူနေမှုဘဝ

ဝေဒနာရှင်တွေဟာ မနက်စောစော ဘုရားဝတ်တက်ကြတယ်။ ပြီးရင် စောင့်ရှောက်ရေးဂေဟာက ဆန်(၇)ပြည်လောက် ချက်ထားတဲ့ ထမင်းကို ဆီငါးကျပ်သား တစ်ဆယ်သားလောက်ထည့်ပြီး ကြော်ထားတဲ့ထမင်းကို ကျွေးပါတယ်။ အလှုရှိတဲ့နေ့ဆို အသားဟင်းနဲ့ သူတို့စားသောက်နေကြပုံက အလွန်ကို အားရစရာ ကောင်းလှပါတယ်။ အလှုရှင် မရှိတဲ့နေ့ဆိုရင် သူတို့တွေဟာ ပြုတ်မနူးပဲ၊ပြုတ်နူးပဲတွေကို အရည်ကျဲချက်လိုက်၊ ကုလားပဲဟင်းလို ချက်လိုက်နဲ့ မျိုးစုံချက်ကျွေးတာနဲ့ပဲ စားကြရပါတယ်။ ညစာကိုလည်း စောစောကလို စားအပြီးမှာ မြေစိုက်တဲ ဓမ္မာရုံကို သွားကြပြီး တရားနာခြင်းအမှုကို ပြုကြပါတယ်။

တစ်နှစ်ပတ်လုံး ဝေဒနာသည်တွေ နှစ်ကြိမ်ပဲ စားခဲ့ဖူးတယ်ဆိုတဲ့ ဒံပေါက်ထမင်း
ဆရာဝန်လာတဲ့ ရက်တွေမှသာ ဆေးခန်းပြခွင့်ရှိပါတယ်။ လက်ရှိ အချိန်မှာ တိုက်နယ်ဆေးရုံလေးက ဆရာဝန်လေးဟာ ဆယ်ရက်တစ်ခေါက်သာ ရောက်ဖြစ်တယ် ပြောပါတယ်။ အချိန်ပြည့် blue staff တစ်ယောက် ရှိပေမဲ့ လက်ရှိ လူနာအင်အားနဲ့က တော်တော့်ကို ကွာခြားနေပါတယ်။

ဒီလို ဖိနပ်တွေ စီးကြရပါတယ်။

သူတို့တွေရဲ့ ခြေချောင်းတွေဟာ တစ်ဖက်နဲ့တစ်ဖက် အတိုအရှည် မညီကြပါဘူး။ ဒါကြောင့် သူတို့တွေအတွက် အထူးပြုလုပ်ထားတဲ့ ဖိနပ်တွေ စီးကြရပါတယ်။ ဒါပေမဲ့ အဲဒီ အထူးပြုလုပ်ထားတဲ့ ဖိနပ်ကိုလည်း တစ်ခါတစ်လေသာ လှုဒါန်းမဲ့သူ ရှိပါတယ်တဲ့။ အဲလိုအချိန်မှာတော့ ခြေထောက်မှာ ဖြစ်နေတဲ့ အနာရောဂါတွေဟာ သက်သာလေ့ရှိပါတယ်။ ဖိနပ်ပြတ်သွားပြီး လှူဒါန်းမဲ့လူမရှိရင်တော့ လက်ရှိ အများစီးနေတဲ့ ဖိနပ်တွေကို ဖြတ်ညှပ်ပြီး ကြိုးတွေဆိုင်း စီးနေကြရပါတယ်။

သူတို့တွေရဲ့ မျိုးဆက်ကလေးတွေ

အနာကြီးရောဂါသည် ခံစားခဲ့ရတဲ့လူတွေဟာ သာမန်လူတွေပဲ ဖြစ်တာမို့ အိမ်ထောင်ပြုနိုင်ကြသလို သားသမီးတွေလည်း ထွန်းကား ကြပါတယ်။ သူတို့မှာ ဝေဒနာရဲ့ ဖိစီးမှုတွေကြောင့် ဒဏ်ရာဒဏ်ချက်တွေနဲ့ ခံစားကြရပေမဲ့ အနာကြီးရောဂါဆေး သောက်ထား တာကြောင့် မွေးလာတဲ့ သားသမီးလေးတွေမှာတော့ ရောဂါကင်းကြပါတယ်။ သူတို့ သူတို့လေးတွေဟာလည်း မှီတွယ်စရာ ဂေဟာလေးမှာ နေထိုင်ရင်း အလှူရှင်တွေရဲ့ လှူဒါန်းမှုကို မျှော်လင့်ကာ ဘ၀ကို ချို့ တဲ့စွာ ဖြတ်သန်းနေကြရပါတယ်။

ကျွန်တော်တို့ ဘာ့ကြောင့် သူတို့ကို ကူညီသင့်သလဲ

အနာကြီးရောဂါသည်များကို အရပ်ထဲမှာ (မရိုသေစကား) အနူလို့ ခေါ်ဝေါ်ကြပါတယ်။ လူတောထဲ အ၀င်မခံ ရွံကြပါတယ်။ ရောဂါ ကူးမှာ ကြောက်ကြပါတယ်။ ရောဂါသည်တွေ ကိုယ်တိုင်ကလည်း လူတွေကြားထဲ မသွားရဲ မလာရဲ အမြဲတမ်း စိတ်အားငယ်နေကြ ပါတယ်။ အနာတစ်ခုဖြစ်ရင် လွယ်လွယ်နဲ့ မပျောက်ပဲ အဆိုးဆုံး အခြေအနေထိ ခံစားရပြီး ဖြတ်တောက်ပစ်ရပါတယ်။ အနာကြီးရောဂါ ကုသဆေး သောက်ထားကြလို့ ကူးစက်နိုင်ခြင်း မရှိကြတော့ပေမဲ့ နောက်ဆက်တွဲဝေဒနာတွေက မရှုမလှပါဘူး။  ခြေလက်တွေဟာ ထုံနေကြပြီး ခြေထောက်ကို သံစူးရင်တောင်မသိနိုင်ကြပဲ ပေါင်မှာအကျိတ်ခိုလာမှ အနာရှိလောက်တယ်ထင်ပြီး ဖြဲရှာရတဲ့ဘ၀တွေပါ။ တစ်ချို့ တွေဆို ဘီးတပ် ကုးလားထိုင်ပေါ်မှာပဲ ဘ၀ကို ကုန်ဆုံးနေရပါတယ်။


ဂေဟာမှ ဝေဒနာသည် အဖွားအရွယ်တစ်ဦး

အဲဒီဝေဒနာရှင်တွေဟာ အရင်က ကျွန်တော်တို့လို လူကောင်းတွေပါပဲ။ ကံတရား၊ စိတ်၊ ဥတု၊ အဟာရမမျှတမှုတွေကြောင့် အရွယ်မျိုးစုံမှာ အနာကြီးရောဂါကို ခံစားခဲ့ကြရင်း လူတောမတိုင်းနိုင်တဲ့အထိ ဖြစ်ခဲ့ရပါတယ်။ ကူညီသည့်သူများကို အားကိုးရင်း အသက်ဆက်နေရသူတွေ ဖြစ်ပါတယ်။ လက်ရှိ အဆိုပါ ဝေဒနာရှင်များအတွက် လှူဒါန်းနေသူများ ရှိကြသော်လည်း လှူဒါန်းမှုအားမှာ ဆင် ခံတွင်းကို နှမ်းပက်သလို အရမ်းကို အားနည်းနေပါသေးတယ်။

ဆေးထည့်တဲ့အခါ ခြေထောက်တင်တဲ့ခုံကို ကြည့်ခြင်းအားဖြင့် လိုအပ်မှုတွေကို ထင်သာ မြင်သာစေပါတယ်။

ထိုသူတွေအတွက် ဆန်၊ဆီ၊ဆေး၊အ၀တ်အထည်၊ ၀ှီးချဲများ တကယ့်ကို လိုအပ်နေပါတယ်။ အလှုရှင်တွေ လိုအပ်နေပါတယ်။ အကယ်၍ စိတ်ပါဝင်စားစွာ လှုဒါန်းလိုသူများအနေနဲ့ မိမိတို့ နေထိုင်ရာ နိုင်ငံအလိုက် အောက်ပါ အကျိုးတော်ဆောင်များထံ ၂.၄.၂၀၁၂ နောက်ဆုံးထားပြီး ဆက်သွယ် လှုဒါန်းနိုင်ကြပါတယ်ခင်ဗျား။

ဗြိတိန်မှ အကျိုးတော်ဆောင်
အရှင်ဇနက(သန္တိသုခ)
venjanaka@gmail.com
+၄၄ ၇၇၄၀ ၉၈၃၉ ၄၂

(Barclays Bank account) 
 MR U JANAKA
Sort Code: 20-42-73    10039764



အမေရိကမှ အကျိုးတော်ဆောင်
ဗညားရှိန်@လင်းခေတ်ဒီနို
lynnkhitdeno301@gmail.com
+၁၂၀ ၁၈၈၈ ၉၇၅၁

စင်ကာပူနိုင်ငံမှ အကျိုးတော်ဆောင်များ
၁။ကိုငြိမ်းနိုင် @ ကိုနိုင်ထွဋ်
eikunaing@gmail.com
+၆၅ ၉၀၂၂ ၁၈၀၇
+၆၅ ၉၈၈၂ ၉၀၇၈

၂။ကိုရင် + မဒမ်ကိုး
celestial.whiteangle@gmail.com
+၆၅ ၈၃၇၅ ၁၀၆၉

ထိုင်ဝမ်မှ လှုဒါန်းလိုသူများအတွက်
ပစ်ပစ် @ ဂျယ်ရီပစ်ပစ်
+၈၈၆ ၉၃၀ ၄၁၃ ၂၂၀
jerrypigpig@gmail.com

မလေးရှားနိုင်ငံ အကျိုးတော်ဆောင်
၁။ဇင်ငြိမ်းဦး(မြန်မာ အိုင်တီနန်းတော်)
+၆၀ ၁၇၇၀ ၅၈၂ ၁၉

၂။လွင်ပြင်လှိုင်းငယ်+မစံပယ် (Sunway)
lwinpyinhlaingnge@gmail.com
+၆၀ ၁၄၆၆ ၃၀၁ ၇၃

၃။မောင်(စွယ်စုံကျမ်း) (Kalang)
zwmnna@gmail.com
+၆၀ ၁၆၃၂ ၄၉၆ ၉၁

၎။မောင်ဘုန်း
mr.janjarom@gmail.com
+၆၀ ၁၀၂၈၂၇၀၇၁

၅။မိုးဇက် (ကလန်း)
bloggermoses@gmail.com
http://www.facebook.com/profile.php?id=100003084986957

မြန်မာနိုင်ငံ အကျိုးတော်ဆောင်
၁။andrew @ကျော်စွာစိုးမြတ်
andrewkc189@gmail.com
+၉၅၁ ၆၄၃ ၀၈၆

၂။သမီးစံ
sandartinmyint@gmail.com
+၉၅၁ ၃၉၁ ၇၅၄
+၉၅၁ ၃၉၁ ၀၀၃
http://www.facebook.com/profile.php?id=100003084986957#!/mi.san1

အလှူရှင်များအား ၀မ်းမြောက်ဝမ်းသာ ကြိုဆိုလျက်
MMYG လူငယ်များအဖွဲ့ ကိုယ်စား
ကိုရင်
18:00( GMT)


မှတ်ချက်။
http://mudita-mmyg.blogspot.com မှ ကူးယူဖော်ပြပါသည်။




.