Tuesday 12 October 2010

ဖြစ်တတ်ပါတယ်

 လိုက်ကာဆွဲအဖွင့်မှာ...

(၁)
အင်္ဂါမောင်တို့ မူလဌာနေ၌..
"Hello!! Good morning every body! Today what I would like to talk about xxxxxx.
In my opinion,,,
As a matter of fact, xxxx"
 အဲဒီလို အဲဒီလိုတွေ နေ့စဉ်ပြောပြီး မမောနိုင် မပန်းနိုင်ပေါ့။

(၂)
အင်္ဂါမောင် အင်္ဂလန်ကို ပညာတော်သင်သွားခါနီး...
"I am going to England for the purpose of studying a standard English and academic writing. I will be coming back when I feel myself satisfied with the knowledge of English I have learnt."
အဲဒီလို ပြောဆိုနှုတ်ဆက်ပြီး ထွက်ခါလာခဲ့တယ်။

(၃)
အင်္ဂလန်ရောက်သောအခါ...
"ဒကာကြီး... နေကောင်းရဲ့လား။ အဆင်ပြေလား။ ဒကာမကြီးကော သက်တောင့် သက်သာ မဟုတ်လား။
ဒကာကြီးရဲ့ သဒ္ဓါတရားကတော့ တကယ့်ကို စံပြပါဘဲ။
ဦးဇင်းတို့ တကယ် ကြိုးစားမယ်။ တကယ်လေ့လာ သင်ယူမယ်။ 
သမီးတို့က ကျောင်းသူတွေလား။ ဘာစာတွေ တက်နေကြတာလဲ။
ကောင်လေးတွေ အလုပ်လုပ်ရတာ အဆင်ပြေရဲ့လား"

အဲဒီလို အဲဒီလို တွေချည်း ပြောပြောနေရတယ်။ အခုဆိုရင် သုံးနှစ်နီးနီးရှိနေပြီလေ။ မယုံမရှိနဲ့။ ငမုံကိုယ်တွေ့ ဆိုသလိုပါဘဲ။

(၄)
အင်္ဂလန်ကနေ မြန်မာကို ပြန်ခါနီးအချိန်ကို စိတ်ကူးမိခြင်း..
"ဒကာကြီးရေ... ဒကာမကြီးရေ။ ဦးဇင်းတို့ ပြန်ကြတော့မယ်။ အခုလို ရင်းရင်းနှီးနှီး သိခွင့် တွေ့ခွင့်ရတာ ၀မ်းသာလို့ မဆုံးပါဘူး။ အစစအရာရာ လိုလေသေးမရှိအောင် ကူညီကြတဲ့အတွက် တကယ်ကျေးဇူးတင်ပါတယ်။ နောင် အခွင့်သင့်ရင် အလည်လာခဲ့ပါဦးမယ်။ အားလုံးကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာကြပါစေ"

အဲဒီလို ပြောပြီး နှုတ်ဆက်ရမှာကို မြင်ယောင်မိသေးတယ်။

(၅)
မြန်မာနိုင်ငံရောက်ပြီး မူလဌာနေ၌ စာချစာသင်ပြုလုပ်ရန် စိတ်ကူးခြင်း
"Hello,, Hello, Hello.. Today,,, annn.. what I would... annn. like to talk... annn... annn... annnn"

အော်.. အဲဒီလို အဲဒီလို ဖြစ်နေဦးမှာ မြင်ယောင်မိရင်း အင်္ဂါမောင်ရဲ့ အနာဂါတ်ပုံကို စိတ်ကူးနဲ့ ဖော်နေမိကြောင်းပါ။

မှတ်ချက်။
အင်္ဂါမောင်အတွက်ကိုသာ ရည်ရွယ်ပါသည်။ အခြား ပညာတော်သင်များကို မရည်ရွယ်ပါ။ ပုံကို ဒီက ယူထားပါတယ်။
..

Wednesday 6 October 2010

တကယ်ဆို...

တကယ်ဆို
ရတုအဆက်ဆက်
လက်ဆင့်ကမ်းနေသူပါ
နရီတွေ မပျောက်စေချင်ဘူး။

တကယ်ဆို
ငုရွှေဝါပါ
ကာလာရောယှက်ဖို့အတွက်
ဒီသဘက်ကို မခွါချပါရစေနဲ့။

တကယ်ဆို
ငါးပွင့်ကြယ်ထဲက
ကြယ်မှုံကြယ်မွှားလေးပါ
ဥက္ကာတွေ ၀င်မဆောင့်စေချင်ဘူး။

တကယ်ဆို
အရုဏ်အဖွင့်မှာ
တင့်တယ်ချင်သူပါ
တိမ်ညိုတွေကို အပြစ်မတင်ပါနဲ့။

တကယ်ဆို
ပီတိလေးကို
စားချင်ရုံသက်သက်လေးပါ
သောမနသ် ဒေါမနသ်တွေ
လွယ်အိတ်ထဲ မထည့်ချင်ဘူး။

တကယ်ဆို
အိုင်ဆိုလေးရှင်း ကြိုက်သူပါ
ဗိုင်းရပ်တွေ
လေမလွင့်လာပါစေနဲ့။

တကယ်ဆို
အလှမ်းကွာလွန်းပါတယ်
သင့်ဥစ္စာ
သင်သာ ပိုင်ပါစေလေ။

..

Tuesday 5 October 2010

Meeting or Missing (June 23 2010)

တိုက်တိုက်ဆိုင်ဆိုင် တကယ့်ကို တိုက်တိုက်ဆိုင်ဆိုင်ပါဘဲ။ အဲဒီနေ့ (23.6.10) မှာ စူပါဗိုက်ဆာနဲ့ ချိန်းထားတယ်။ နှစ်ပတ်ကြိုချိန်းထားတာပါ။ အလားတူပါဘဲ။ တိပိဆရာတော်က မြို့ထဲသွားဖို့ အင်္ဂါမောင်တို့ကို ထပ်ချိန်းပြန်တယ်။ သူလဲ သူအားလပ်တဲ့ ရက်ကို ချိန်းဆိုလိုက်တာပါ။ အင်္ဂါမောင့်စူပါဗိုက်ဆာက ထူးခြားရင် မက်ဆေ့ခ်ျပို့ပါလို့ ကြိုတင်တော့ ပြောထားပါတယ်။ ဒါပေမဲ့ နှစ်ပတ်လောက် ကြိုချိန်းထားတာကို မဖျက်ချင်ဘူး။ ဒါနဲ့ အင်္ဂါမောင်က စူပါဗိုက်ဆာဆီ မက်ဆေ့ခ်ျပို့လိုက်တယ်။ ဒီနေ့ လာခဲ့ရမလားပေါ့။ အမှန်က မလာခဲ့နဲ့ အလုပ်ရှုပ်နေတယ်ဆိုတဲ့ အသံကို ကြားချင်နေတာ။ ဒါပေမဲ့ ဆန္ဒ မပြည့်ဝခဲ့ပါဘူး။ လာခဲ့ပါတဲ့။ မှတ်ကရော။

ဆရာတော်က ပါလီမန်အဆောက်အဦထဲရယ်၊ လန်ဒန်အိုင်း စီးဖို့ရယ်၊ သိန်းမြစ်ထဲ သင်္ဘောစီးဖို့ရယ် အစီအစဉ်ဆွဲထားတာပါ။ အင်္ဂါမောင်အသွားချင်ဆုံး နေရာတွေပေါ့။ တကယ်ကို သွားချင်တာ။ ဒါပေမဲ့ ရေရှည်ကို ကြည့်ပြီး ဆရာတော်နှင့်လိုက်သွားမဲ့ အစီအစဉ်ကို ဖျက်လိုက်တယ်။ စူပါဗိုက်ဆာဆီကိုဘဲ သွားလိုက်တယ်။ ဆရာတော်က ကျန်တဲ့ နှစ်ပါးနှင့်အတူ ထွက်သွားတယ်။ 

အင်္ဂါမောင်လဲ စူပါဗိုက်ဆာဆီရောက်ပြီး စာမဆွေးနွေးခင် အင်္ဂါမောင်က ဒီနေ့ ခရီးစဉ်ဖျက်သိမ်းပြီး လာခဲ့ကြောင်း ပြောပြလိုက်တယ်။ ဘာခရီးစဉ်လဲတဲ့။ ပါလီမန် လန်ဒန်အိုင်း သိန်းမြစ် ခရီးစဉ်လို့ ပြောပြတော့ လိုက်သွားလိုက်ရင် ပြီးရောတဲ့။ သူ့ကို မလာနိုင်တဲ့အကြောင်း၊ နောက်နေ့မှ လာတွေ့မယ်ဆိုတဲ့အကြောင်း မက်ဆေ့ခ်ျပို့ခဲ့ရင် ရတယ်တဲ့။ အဲဒီလို ခရီးမျိုးက သွားသင့်တယ်တဲ့။ ကဲဗျာ.. ကဲဗျာ။  အင်္ဂါမောင် မပွင့်လင်းခဲ့တာမှားရောပေါ့။ ပွင့်ပွင့်လင်းလင်း စူပါဗိုက်ဆာကို ပြောပြပြီး နောက်တစ်နေ့မှ သွားတွေ့ရင် သားရွှေအိုး ရကိန်းဘဲ မဟုတ်လား။  စူပါဗိုက်ဆာနဲ့ Meeting ကို ရွေးလိုက်တော့ ခရီးစဉ်က Missing ဖြစ်သွားတော့တာပေါ့။

မှတ်ချက်။ ဇွန်လ ၂၃ ရက်နေ့က ဒရပ်အနေနဲ့ သိမ်းထားခဲ့တဲ့ မှတ်တမ်းလေးပါ။ Publish လုပ်လိုက်တော့ ဘယ်လိုဖြစ်လို့ ထိပ်ဆုံးကို ရောက်လာတယ်မသိ။ ဒါကြောင့် ထိပ်မှာ နေ့စွဲကို ဖော်ပြထားလိုက်ရတယ်။

.

တရားဟောဆရာ တရားအဟော ခံလိုက်ရခြင်း

မနေ့က မနက် ဘဏ်ကဒ်မှာ ပြဿနာတစ်ခု တက်နေတာနဲ့ ဘာကလေဘဏ်ကို သွားခဲ့တယ်။ တစ်ခြားပြဿနာတော့ မဟုတ်ပါဘူး။ အွန်လိုင်းက တစ်ဆင့် ဈေးဝယ်ရင်း အမှားတစ်ခုလုပ်မိလိုက်လို့ နောက်ထပ် ဈေးဝယ်မရတော့တာနဲ့ အဲဒီပြဿနာကို ဖြေရှင်းဖို့ သွားခဲ့တာပါ။ 

ဘဏ်ကိစ္စပြီးလို့ ပြန်ခဲ့တဲ့အခါ လမ်းမှာ ဒကာမတစ်ယောက်တွေ့တယ်။ အာဖရိကတိုက် မာလဂါနိုင်ငံမှာ မွေးဖွားပြီး အင်္ဂလန်မှာ ကြီးပြင်းခဲ့တဲ့ ဒကာမတစ်ယောက်ပါ။ သူ့ကိုယ်သူ အရင်မိတ်ဆက်ပြီး တရားပြပေးတဲ့ ဘုန်းတော်ကြီးကျောင်းတွေ ဘယ်အနားမှာ ရှိသလဲဆိုတာကို သူ စုံစမ်းမေးမြန်းတယ်။ သူသွားခဲ့ဖူးတဲ့ သီရိလင်္ကာဘုန်းတော်ကြီးကျောင်း မြန်မာဘုန်းတော်ကြီးကျောင်းတွေအကြောင်း သူပြောပြတယ်။ အင်္ဂါမောင်တို့နေထိုင်တဲ့ ကျောင်းကိုတောင် တစ်ခေါက် ရောက်ပြီးပြီဆိုဘဲ။ ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းတွေ လိုက်ရှာပြီး တရားထိုင်လေ့ရှိတယ်တဲ့။ အင်္ဂါမောင်လဲ တရားပြပေးနိုင်တဲ့ ဘုန်းတော်ကြီးကျောင်းတွေကို ညွန်ပြပေးလိုက်ပါတယ်။ အင်္ဂါမောင်တို့ကျောင်းက စာသင်သားသက်သက်နေကြတယ်ဆိုတော့ အမြဲတရားပြပေးမဲ့သူ မရှိပါဘူး။

ဒါနဲ့ အင်္ဂါမောင်လဲ သူတရားစိတ်ဝင်စားတာကို အခွင့်ကောင်းယူပြီး တရားသဘောလေး ပြောပြရင်းနှင့် အင်္ဂလိပ်စာ လေ့ကျင့်မှု အရယူလိုက်တယ်။ တကယ်ဆို လန်ဒန်မှာ နေထိုင်ရပေမဲ့ တစ်ရက်နေလို့မှ အင်္ဂလိပ်စကား တစ်လုံးမပြောရလေတော့ ရတဲ့ အခွင့်အရေးလေး ယူထားလိုက်ဦးမယ်ဆိုပြီး လမ်းဘေးတစ်နေရာမှာ မတ်တပ်ရပ်ပြီး နှစ်ယောက်သား စကားပြောဖြစ်ခဲ့ကြတယ်။ သူ့မိဘတွေက ဂျိန်းဘာသာဝင်တွေတဲ့။ သူကတော့ ဟိုယောင်ယောင် ဒီယောင်ယောင်သဘောပါဘဲ။ ဂျိန်းဘာသာ  ဟိန္ဒူဘာသာ ဗုဒ္ဓဘာသာတွေကို ရောသမမွှေပြီး သူစိတ်ကူးပေါက်ရာလုပ်ပုံရတယ်။ အမြင်ချင်း နဲနဲစီ ဖလှယ်ခဲ့ကြတယ်။ ဂျိန်းဘာသာမှာ အတ္တမံဆိုတဲ့ အတ္တကို ခံယူထားပြီး မောက္ခဆိုတဲ့ လွတ်ငြိမ်းမှုကို လက်ခံယူဆထားတယ်။ ဗုဒ္ဓဘာသာမှာ အတ္တမံဆိုတဲ့ အတ္တအယူကို လက်မခံဘူး၊ နိဗ္ဗာနဆိုတဲ့ ငြိမ်းအေးမှု လွတ်မြောက်မှုကို လက်ခံထားတယ်။ သူက ပြောတယ်။ သဘောချင်းနဲနဲတူတယ်တဲ့။

လမ်းဘေးမှာ ဆိုပေမဲ့ သူများအိမ်ရှေ့က လမ်းဘေးမှာ ဖြစ်နေတဲ့အတွက် အဲဒီအိမ်ရှင်က ကြိုက်ပုံမပေါ်ဘူး။ အိန္ဒိယနွယ်ဖွား ဖြစ်ပုံရပါတယ်။ ဘာမပြောဘာမဆိုနဲ့ သူ့ရဲ့ မာစီးဒီး ကားစုပ်လေးပေါ်တက်ပြီး ဘာကို ဘယ်လို လုပ်လိုက်တယ်မသိပါဘူး။ အိတ်ဇောပေါက်ထဲက မီးခိုးတွေ အတုံးလိုက် အခဲလိုက် ထွက်လာပြီး အင်္ဂါမောင်တို့ နှစ်ယောက်လုံးကို ဖုံးအုပ်သွားတယ်။ အသံကလဲ ဆူဆူညံညံကြီးပေါ့။ အဲဒီ ဒကာမဆို ချောင်းတွေ အရမ်းဆိုးပြီး အဲဒီ လူကို ကျိန်ဆဲနေလေရဲ့။ မီးခိုးတွေ အူနေပေမဲ့ အင်္ဂါမောင်တို့လဲ စကားမပြတ်ဘူးဖြစ်နေတယ်။

သူက ယောဂကျင့်စဉ်ကို သင်ကြားပြသပေးတဲ့ သင်တန်းဆရာမတဲ့။ အခုလဲ သင်တန်းက ပြန်လာတာတဲ့။ တရားအကြောင်း၊ ယောဂအကြောင်း၊ ဘာသာအကြောင်း အတော်လေး ပြောပြီး သူက မေးတယ်။ မင်းက သက်သတ်လွတ်လားတဲ့။ မဟုတ်ပါဘူးဆိုတော့။ ဘာဖြစ်လို့ သက်သတ်လွတ်မစားတာလဲတဲ့။ ငါတို့မှာ ရွေးချယ်ခွင့်မရှိဘူး။ လူတွေကို မီခိုနေရတယ်။ သူတို့ ကပ်လှူတာကိုဘဲ ဘုဉ်းပေးရပါတယ်။ သူတို့ဘာလှူလှူ စားလိုက်တာပါဘဲ။ သက်သတ်လွတ်စားပြီး လူတွေကို သက်သတ်လွတ်စီမံဖို့ အလုပ်ရှုပ်မခံစေချင်ပါဘူး လို့ပြောလိုက်တယ်။

နောက်ဆုံးမှာ လမ်းခွဲခါနီး သူကပြောတယ်။ လေးလေးနက်နက် အကြံပေးမယ်တဲ့။ ဘာလဲဆိုတော့ မင်း သက်သတ်လွတ် စားဖြစ်အောင်စားပါတဲ့။ သူတို့ ဂျိန်းဘာသာဝင်ကော ဟိန္ဒူဘာသာဝင်တွေကော အားလုံး သက်သတ်လွတ်တွေချည်းဘဲတဲ့။ သက်သတ်လွတ်စားမှ ပါဝါတွေ ပိုတက်လာမယ်တဲ့။ တန်ခိုးတွေ ပိုကြီးလာမယ်တဲ့။ ဘုရားရေ... အင်္ဂါမောင်က တရားဟောလိုက်ရပြီ မှတ်နေတာ။ လက်စသတ်တော့ သူက တရားဟောသွားတာကိုး။ အဆင်မပြေတဲ့အခါမှာ ဒီလိုဘဲ သားကောင်က မုဆိုး၊ မုဆိုးက သားကောင် အပြန်အလှန်ဖြစ်နိုင်ကြတာကို သတိမူမိလိုက်ပါရဲ့။

.

Sunday 3 October 2010

A slight prologue to Mahasatipatthanasutta


There are two discourses on the foundation of mindfulness (Mahæsatipa¥¥hænasutta), one is found in the Døghanikæya (long discourse of the Buddha) and the other is found in the Majjimanikæya  (middle length discourse of the Buddha). Both discourses offer precise procedures which are required in establishing mindfulness. The former discourse, which is contained in the Døghanikæya, has a supplementary component on the development of four noble truths, which is not found in the Majjimanikæya. There are two commentaries on these discourses written by the Buddhaghosa around fifth century and subsequently developed two sub-commentaries written by Dhammapæla, around sixth/seventh century.  The commentary to Døghanikæya is known as Suma³galavisæsinø and its sub-commentary as Lønatthapakæsinø. Similarly, the commentary to Majjimanikæya is known as Papañcasþdanø and its sub-commentary Lønatthapakæsinø.
No scholar has been translated on any part of these commentaries into English. I have translated about five pages from Mahæsatipa¥¥hænasutta va¼¼anæ, a commentary on the Mahæsatipa¥¥hænasutta of of Døghanikæya. I was not aware of the predicament of this translation in the beginning. As I work on the translation, I found many compound and even complex words together, which are not possible to translate without additional information, for example Æramma¼ædhipatisahajætabhþmikammavipækakiriyædinæ- nattabhedænaµ(by means of the diversities of senses, masters, togetherness, realms, actions, results, functions and so on). This additional information is really not clearly explained. A reader without basic knowledge on such a concept is unlikely to understand by merely reading the commentary.
There are also many plural terms, for examples when the text explains about the six senses, only eyes sensation is mentioned and the remaining five senses are concluded with ‘ædi=etc’. The commentator means to include the remaining senses. This is completely different from the original pæli discourse where we find each name of sensation.
There are a number of passages of similes used in this commentary in which the Buddha compared with a bamboo-plaiter, and geologist; a meditating bhikkhu with leopard; mind with a calf; mindfulness with a rope.
There are many verses in this commentary quoted from another texts and treaties. Among them the verses “Just as the man (cowherd) willing to tame a calf may tie it to a post; even so one’s mind should be tied firmly to a post of meditative sense in this Sæsanæ” and Just as a leopard hiding himself in the forest seizes beasts, even so the bhikkhu, the son of Buddha, who has meditation practised and observes several phenomena, having entered the forest, seizes four noble fruitions are merely quoted from unidentified authors what they are called “Ancient teachers”. These verses can also be found in different commentaries such as Pæræjikaka¼ðaa¥¥hakathæ (vol.2. p-12,), Visuddhimaggaa¥¥hakathæ (vol. 1, p-217) and pa¥isambhidæmaggaa¥¥hakathæ (vol.2. p-163). However, it is still not clear who exactly composed these verses.
All in all, the explanation of Mahæsatipa¥¥hænasuttava¼¼anæ is acceptable to all of the Dhamma seekers due to its practical level of quality and meditative techniques.

Saturday 2 October 2010

The Uposatha performance (4)


Conclusion
There are thousands of theravæda monasteries not only in rural but also urban areas throughout Burma; depending on time and circumstances, a few monasteries are without monk, some with only monk, some with a small number of monks, some with thousands of monks; but uposatha is rarely performed in some of the monasteries owing to incomplete monks or not recognizing the uposatha day. That is just an unreasonable excuse because even one single monk can practise it in terms of adhi¥¥hæna uposatha (a determined observance), and also according to Burmese tradition when New Year comes and lunar calendars are published, at first the Buddhist people usually remember to offer the calendar to the monastery. Two or three or more calendars, hanging on the wall and posts, are in accessibility in each and every monastic building. On the other hand, a number of lay devotees generally gather in monastery in order to observe eight or nine precepts every uposatha day. Therefore it is impossible to fail to remember the days. The majority of monasteries in Burma are, however, still following the custom of uposatha formal act every full and new moon day. When the time falls, a big bell is struck several times, then hearing the bell-ring monks immediately come together in a sømæ carrying their own sitting clothes, after that uposatha is done by all members of monks harmoniously. Either the way of doing is in brief or in details, it is to be appreciated in modern time surrounded by plenty of sensual pleasures. In some monasteries two monks involve in pætimokkha recitation with a model of question and answer; the answerer, who is commonly a junior, usually recites it, when only a competent and experienced monk generally does it. On the other hand, in some monasteries it is taken alternately.
  As vinaya says; “Vinayonæma sæsanassa æyu; vinaye ¥hite sæsanaµ ¥hitaµ hoti. “The disciplinary rule is the existence of the dispensation of the Buddha; if the disciplinary rule subsists, the dispensation of the Buddha will subsist”, the rule is a main root of every religion and society. No religion can last long without rules as a simile of scattering flowers without making a garland with a strong string. Even a minor rule should not be let break because the mind of men indulges in bad thing. If a small offence is allowed to commit, then a greater offence would be committed sooner or later similar to a snake catching a frog from the tip of a leg, then it swallows all the entire body of the frog. Uposatha practice is one of the thousands of disciplines for the order. If it does not take place fortnightly, it is sinful for the monks known as dukka¥a offence. Even though it is curable, it should not be ignored as it might pull the offenders down to the woeful states after death. Doing uposatha is showing the unity and purity of Buddhist order. The machine of Buddhism is still running with momentum along its way to peacefulness without letting its tiny part of equipment take off. As far as Burmese monks keep carrying out the uposatha practice duly, the theravæda Buddhism will never disappear from the land of Burma in the long future.
-----
Selected bibliography
The sources of pæ¹i cannon (texts)
- Cþ¹avagga pæ¹i, 3rd Ed (1999) Yangon: Win Light Mate Press House
- Mahævagga (Vinaya) pæ¹i, 5th Ed (1991)   Yangon: Religious Affairs House
- Pariværa pæ¹i, 8th Ed (1997) Yangon: Religious Affairs Press House
- Pæcittiya pæ¹i, 8th Ed (1997) (eighth edition), Yangon: Religious Affairs Press House
- Pæræjika pæ¹i 5th Ed (1979) Yangon: Religious Affairs Press House

The sources of A¥¥hakathæ (commentaries)
- Mahæbuddhaghosa, Bhaddanta (1986) Cþ¹avaggædi A¥¥hakathæ, Yangon: Religious
            Affairs Press House
- Mahæbuddhaghosa, Bhaddanta (1986) Ka³khævira¼ø a¥¥hakathæ, Yangon: Religious
Affairs Press House
- Mahæbuddhaghosa, Bhaddanta (1986) Pæcityædi  A¥¥hakathæ,   Yangon: Religious
            Affair Press House,
-Særiputta thera (1991) Vinaysa³gaha a¥¥hakathæ, Yangon: Religious Affair Press

The sources of ¿økæ (Sub-commentaries) and Ganthantara (treatises)
-Co¹iyakassapathera, Bhaddanta (1960) Vimativinodanø ¥økæ,Vol 2, Yangon: Religious
            Affairs Press House,
-Dhammasiri mahæthera and Mahæsæmi mahæthera (1962) Khuddasikkhæ Mþlasikkhæ 
             ¥økæ, Yangon: Religious Affair Press House
- Taungphila, Sayadaw (1962) Vinayæla³kæra ¥økæ,Vol 1, Yangon: Religious Affairs
            Press House
- Særiputtathera, Bhaddanta (1977) Vinayavinicchaya ¥økæ, Vol 2, Yangon: Religious
            Affairs Press House
General sources
-Goenka (1999) Cha¥¥hasa³gæyanæ CD (version 3) [it embodies all canonical texts,
            commentaries, sub-commentaries and other treatises], India: Vipassanæ
            research institute
-Gombrich. R.F (2006) Theravæda Buddhism (A social history form ancient Benares
 to modern Colombo), 2nd edition, Abingdon: Routledge Press
- I.B. Horner (1942a) The book of the discipline, Vol 4, London: Humphrey milfor
oxford University  Press Amen House
- I.B. Horner (1942b) The book of the discipline, Vol 5, London: Humphrey milford
oxford University  Press Amen House
-Spiro, M. E (1982) Buddhism and Society, Los Angeles: University of California
            Press
-Somdet Phra Mahæ (1973) The Entrance to the Vinaya, Vol 3, Bangkok: Sama¼a
            Choa Mahæmakut Ræjavidyælaya Press
-Misra, G.S.P (1969) The Age of Vinaya, New Delhi: Rashtra Bharti Press
-Thanissaro Bhikkhu (1994) The Buddhist Monastic Code, vol 1, U.S.A: Valley
            center (free distribution)  
-Thanissaro Bhikkhu (2007) The Buddhist Monastic Code, vol 2, U.S.A:Valley center
            (free distribution), 

Burmese sources
- Janakæbhivaµsa Ashin (1959) Ka³khæbhæsæ¥økæ, vol.1, Amarapura: New Burma
            Offset Press  
- Janakæbhivaµsa, Ashin (1959) Ka³khæbhæsæ¥økæ, vol.2,  Amarapura: New Burma
            Offset Press
- Janakæbhivaµsa, Ashin (1973) Pariværabhæsæ¥økæ, Amarapura: New Burma Offset
            Press
- Janakæbhivaµsa, Ashin (1938) Pætimok bhæsæ¥økæ, Amarapura: New Burma Offset
            Press
- Janakæbhivaµsa, Ashin (1966) Mahævaggabhæsæ¥økæ, Amarapura: New Burma
            Offset Press
-Sølænandæbhivaµsa, Ashin (2002) Sømæ training course (Burmese version), Yangon:
            Khaing yee mon Press
- U Maung Maung, Dhammaghosaka (1981) The Buddha trusted in Saµgha (Burmese
            version), Yangon: Thihaminn Press

.