Saturday 6 December 2014

သက္ကရာဇ်ရေတွက်ပုံ

ဆရာတော် ဦးကေတု ရေးသားတော်မူခဲ့တဲ့ အနေကဇာဋီကာ စာအုပ်ကလေးထဲက သက္ကရာဇ် ရေတွက်ပုံလေးတွေကို အလွယ်တကူသိရအောင် တင်ပေးလိုက်ပါတယ်။ ဦးဇင်းကိုယ်တိုင်အတွက်လဲ မှတ်တမ်းသဘောပေါ့။ သိသလိုလို ရှိနေပေမဲ့ သေချာမှုမရှိတော့ ယောင်ဝါးဝါး ဖြစ်တတ်လို့ပါ။ လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်ရာခန့်က ရေးသားခဲ့တဲ့ စာတွေဆိုတော့ နဲနဲတော့ ဖတ်ရခက်ကောင်း ခက်ပါလိမ့်မယ်။ ဒါပေမဲ့ ကောင်းကောင်း နားလည်နိုင်ပါတယ်။ မူကွဲလေးတွေရှိရင်လဲ တိုက်ဆိုင်ကြည့်ဖို့ အဆင်ပြေတာပေါ့။





.

Tuesday 25 November 2014

အလှူငွေများ လွှဲပြီးခြင်း

ပဲခူးတိုင်း ရေတာရှည်မြို့နယ် ထန်းတောကျေးရွာ မူလတန်းကျောင်း ပြင်ဆင်နိုင်ရန်အတွက် ဗြိတိန်နိုင်ငံမှ လက်ခံရရှိသော အလှူငွေများကို ယနေ့ မြန်မာနိုင်ငံသို့ လွှဲပြီး ဖြစ်ပါသည်။ အလှူငွေနှင့် အလှူရှင်များ စာရင်းမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

အရှင်ဇနက (အင်္ဂါမောင်)...... ..................စတာလင်ပေါင်   ၅၅ ပေါင်
ကိုကိုမောင် (ပန်းရနံ့)...............................စတာလင်ပေါင်   ၅၀ ပေါင်
ဒေါ်ခင်မြမျိုးဆင့် မိသားစု..........................စတာလင်ပေါင် ၁၀၀ ပေါင်
မောင်ကျော်+မိုးငယ် မိသားစု...................စတာလင်ပေါင်    ၅၀  ပေါင်
ဦးစိန်ဝင်း+ဒေါ်ဆွေဆွေဝင်း မိသားစု...... .စတာလင်ပေါင်    ၅၀ ပေါင်
ဦးတင်အောင် မိသားစု.............................စတာလင်ပေါင်    ၄၅ ပေါင်
.....
စုစုပေါင်း ................................................စတာလင်ပေါင်ငွေ  ၃၅၀ ပေါင် တိတိ။


ယနေ့ပေါက်ဈေး စတာလင်တစ်ပေါင်လျှင် မြန်မာကျပ်ငွေ ၁၆၀၀ (တစ်ထောင့်ခြောက်ရာကျပ်) နှုန်းဖြင့် လွှဲလိုက်ပါသည်။ ထို့ကြောင့် (၃၅၀x၁၆၀၀-၅၆၀၀၀၀) မြန်မာကျပ်ငွေ ၅၆၀၀၀၀ (ငါးသိန်းခြောက်သောင်းကျပ်)တိတိ ထုတ်ယူရမည် ဖြစ်ပါသည်။ 


အလှူရှင်အပေါင်းလဲ ပညာပါရမီရင့်သန်နိုင်ဖို့ အထောက်အပံ့ကောင်း ဖြစ်ပါစေ။
မုဒိတာအဖွဲ့ဝင်များလဲ ဆက်လက်ပြီး ပရဟိတလုပ်ငန်းများကို ညီညွတ်စွာ စုပေါင်းဆောင်ရွက်နိုင်ကြပါစေ။
ကျောင်းသူကျောင်းသား ကလေးသူငယ်များလဲ စာပေကို ကြိုးစားသင်ယူနိုင်ပြီး အနာဂါတ်ရဲ့ ပညာတတ် ပညာရှိ သူတော်ကောင်း သူရဲကောင်းများ အသီးသီး ဖြစ်နိုင်ကြပါစေ။


အရှင်ဇနက (အင်္ဂါမောင်)
၂၅.၁၁.၂၀၁၄ အင်္ဂါနေ့ ၁၃း၅၇ နာရီ)

Monday 14 July 2014

ထန်းတောအမကပြုပြင်ရန်အတွက် အလှူရှင်များနှင့်အလှူငွေစာရင်း

ပဲခူးတိုင်း ရေတာရှည်မြို့နယ် ထန်းတောကျေးရွာ မူလတန်းကျောင်း ပြင်ဆင်နိုင်ရန်အတွက် ဗြိတိန်နိုင်ငံမှ လက်ခံရရှိသော အလှူငွေစာရင်းကို အလှူရှင်များနှင့်မုဒိတာရှင်များ မုဒိတာပွါးနိုင်စေရန် တင်ပြပေးလိုက်ပါသည်။ 

အရှင်ဇနက (အင်္ဂါမောင်)...... ..................စတာလင်ပေါင်   ၅၅ ပေါင်
ကိုကိုမောင် (ပန်းရနံ့)...............................စတာလင်ပေါင်   ၅၀ ပေါင်
ဒေါ်ခင်မြမျိုးဆင့် မိသားစု..........................စတာလင်ပေါင် ၁၀၀ ပေါင်
မောင်ကျော်+မိုးငယ် မိသားစု...................စတာလင်ပေါင်    ၅၀  ပေါင်
ဦးစိန်ဝင်း+ဒေါ်ဆွေဆွေဝင်း မိသားစု...... .စတာလင်ပေါင်    ၅၀ ပေါင်
ဦးတင်အောင် မိသားစု.............................စတာလင်ပေါင်    ၄၅ ပေါင်
.....
စုစုပေါင်း ................................................စတာလင်ပေါင်ငွေ  ၃၅၀ ပေါင် တိတိ။


အလှူရှင်အပေါင်းလဲ ပညာပါရမီရင့်သန်နိုင်ဖို့ အထောက်အပံ့ကောင်း ဖြစ်ပါစေ။
မုဒိတာအဖွဲ့ဝင်များလဲ ဆက်လက်ပြီး ပရဟိတလုပ်ငန်းများကို ညီညွတ်စွာ စုပေါင်းဆောင်ရွက်နိုင်ကြပါစေ။
ကျောင်းသူကျောင်းသား ကလေးသူငယ်များလဲ စာပေကို ကြိုးစားသင်ယူနိုင်ပြီး အနာဂါတ်ရဲ့ ပညာတတ် ပညာရှိ သူတော်ကောင်း သူရဲကောင်းများ အသီးသီး ဖြစ်နိုင်ကြပါစေ။

အရှင်ဇနက (အင်္ဂါမောင်)
လန်ဒန်
(၁၄.၀၇.၂၀၁၄ တနင်္လာနေ့ ၁၄း၅၇ နာရီ)

.


Sunday 1 June 2014

ပြိုင်တွန်းလျှင် ရွေ့ နိုင်ပါသည် တဲ့။

" ပညာမြင့်မှ လူမျိုးတင့်မည်" ဆိုတဲ့ ဆိုရိုးစကားအတိုင်း တိုင်းပြည်တစ်ခုရဲ့ အနာဂတ် သာယာလှပဖို့အတွက်ဆိုရင် ရေရှည် စီမံကိန်းနဲ့ သေချာချမှတ်ဆောင်ရွက်ထားတဲ့ ညာရေးစနစ်တွေ ခိုင်ခိုင်မာမာရှိဖို့ လိုအပ်ပါတယ်။ လက်ရှိ မြန်မာနိုင်ငံရဲ့ အနေအထားက တိုင်းပညာရေးနဲ့ ခရိုင်ပညာရေး ကွာခြားမှု၊ ခရိုင်နဲ့ မြို့နယ်ပညာရေး ကွာခြားမှု၊ မြို့နယ်နဲ့ ကျေးလက်ဒေသပညာရေးကွာခြားမှုတို့က မတန်တဆ ခြားနားနေတာဟာ ဒီနိုင်ငံရဲ့ အနာဂတ်အတွက်တော့ ရင်လေးစရာပါ။ အထူးသဖြင့် မြို့ပြဒေသတွေမှာ စာသင်ကျောင်းတွေ ၊ အထူးသဖြင့် ပုဂ္ဂလိကကျောင်းတွေ တန်းစီ ပြည့်နှက်နေချိန်တွေမှာ ကျေးလက်က ကလေးတွေအတွက် ကျောင်းတက်စရာ ကောင်းကောင်းမရှိ၊ ဆရာ/ဆရာမတွေ လုံလုံလောက်လောက် မရှိတာတွေဟာ မဖြစ်သင့်တဲ့ အနေအထားပါ။ ပုဂ္ဂလိက ကျောင်းတွေ ထွက်ပေါ်လာတာဟာ ၀မ်းမြောက်စရာကောင်းပေမဲ့ ဒီနေ့ လူငယ်အများစု၊ ကျောင်းသားမိဘ အများစုဟာ အစိုးရပညာရေးစနစ်ကိုပဲ အဓိကအားကိုးနေရတယ်ဆိုတာကို မမေ့ပစ်သင့်ပါဘူး။အသေချာဆုံး တစ်ခုကတော့"ငါ့သားတစ်ယောက်တည်း စာတတ်နေယုံနဲ့ ဒီနိုင်ငံ ပြောင်းလဲတိုးတက်သွားမှာ မဟုတ်ပါဘူး"..။

အခုလည်း ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်ခရိုင်၊ ထန်းတောကျေးရွာ ထန်းတော အ.မ.ကရဲ့ အခက်အခဲတစ်ခုကို တင်ပြပါရစေ။ ကျောင်းသား/ကျောင်းသူ စုစုပေါင်း ၁၉၀ ကျော်ရှိပြီး ဒီအစိုးရကျောင်းကြီးဟာ ပေ(၁၄၀ x ၂၀ ) ရှိပါတယ်။ ကျောင်းဆောင်ကြီးဟာ အမိုးတစ်ဝက်သာရှိပြီး အကာလုံးဝမရှိတဲ့ ( ၆)မိုးရှိခဲ့ပါပြီ။ မိုးရွာတဲ့အခါ စာသင်ခန်းထဲသို့ ရေတွေဝင်ပြီး ကလေးငယ်များက အိမ်မှ ဂုန်နီအိတ်များ၊ ဖင်ထိုင်ခုံများကို ယူပြီး ၀င်လာသောရေများပေါ် ထိုင်ကာ စာသင်ကြရပါတယ်။ မိုးသည်းလာတဲ့အခါ စာလုံးဝ ဆက်သင်လို့ မရတော့ပဲ ဆရာ၊ ဆရာမများက သူတို့နေရန် ကျေးရွာမှ စီစဉ်ပေးထားသော အိမ်သို့ခေါ်ယူကာ သင်ကြားပေးရပါတယ်။ ထိုအခါ ကလေးငယ်များက ဆရာ၊ ဆရာမတို့ရဲ့ အိမ်မှုကိစ္စများကို ၀ိုင်းကူလုပ်ပေးကြရပြီး ကျောင်းသားမိဘများ သိရှိတဲ့အခါ ကျောင်းသားမိဘများနဲ့ အဆိုပါ ဆရာ၊ ဆရာမများကြား ပြသနာအဖုအထစ်တွေ ဖြစ်လာပြီး ယခုပညာသင်နှစ် ကလေးတွေက မိုးထဲရေထဲမှာပဲ ဇာတ်သိမ်းရမဲ့ အနေအထားဖြစ်နေပါတယ်။

ပြုပြင်ပေးဖို့ လိုအပ်နေတဲ့ ထန်းတော အခြခံပညာမူလတန်းကျောင်း

"သား စာသင်ချင်တယ်၊ သားတို့ကျောင်းကို ပြင်ပေးပါအုံး အကိုကြီး" လို့ပြောတဲ့ ကလေးငယ် သုံးဦး

ဘာ့ကြောင့်ပြုပြင်ပေးဖို့ လိုအပ်သလဲ
၁၉၇၃ခုနှစ်မှ စတင်ခဲ့တဲ့ အဆိုပါကျောင်းမှ နှစ်စဉ်အခြေခံပညာ အလယ်တန်းကျောင်းနှင့် အထက်တန်းကျောင်းသို့ တက်ရောက် ပညာသင်ကြားနေသော ကျောင်းသား/ကျောင်းသူ (၃၅)ဦး ၀န်းကျင်ခန့်ရှိပါတယ်။ ထန်းတောကျေးရွာ၊ ဇရပ်ကွင်းကျေးရွာ၊ ထန်းပင်ကောက်ကျေးရွာ၊ ကံရွာကျေးရွာ စတဲ့ ရွာပေါင်း (၇)ရွာမှ ကလေးငယ်များ စုပေါင်းသင်ကြားရခြင်းဖြစ်ပြီး အဆိုပါဝန်းကျင်တွင် ထန်းတောကျောင်းတစ်ကျောင်းတည်းသာ ရှိနေတာဖြစ်ပါတယ်။ ဒီကျောင်းလေးကို ပြုပြင်ပေးလိုက်ပြီး အဆိုပါ ကျောင်းမှ ကျောင်းသားတစ်ယောက်ဟာ နောင်တစ်ချိန်မှာ နိုင်ငံအတွက် အားကိုးအားထားပြုရမည့် ခေါင်းဆောင်တစ်ယောက် ဖြစ်လာခဲ့ရင် ဒါဟာ ကျွန်တော်တို့ စိုက်ပျိုးခဲ့တဲ့ အသီးအပွင့်ပဲ မဟုတ်ပေဘူးလား..။

ကျောင်းအရွယ်အစားနဲ့ ခန့်မှန်း ကုန်ကျစရိတ် 
ကျောင်းသား၊ ကျောင်းသူ များတာနဲ့အမျှ ကျောင်းရဲ့ အရွယ်အစားက ပေ (၁၄၀ x ၂၀ ) ရှိပါတယ်။ အုဌ်မြစ်ချပြီးသား၊ အမိုးတစ်ဝက်မိုးပြီးသားဖြစ်ပြီး အုဌ်အကာ၊ သွပ်အမိုး၊ တံခါးပေါက်၊ ကြမ်းပြင်အခင်း၊ မျက်နှာကြက်၊ ဘုရားခန်းစတဲ့ ပေ (၁၄၀) အကျယ်အ၀န်းအတွက် စုစုပေါင်းအတွက် ခန့်မှန်း ကုန်ကျစရိတ်
သိန်း( ၁၇၀နဲ့ ၁၉၀) ပမာဏခန့် ကုန်ကျနိုင်ပါတယ်။ရရှိလာမဲ့ မုဒိတာအလှုရှင်များရဲ့ လှုဒါန်းမှု ပမာဏကိုကြည့်ပြီး တတ်နိုင်သလောက် ပြုပြင်ပေးသွားပါမယ်။

အဆိုပါကျောင်းဆောက်လုပ်မှုအတွက် 
(၁) အရှင်တိက္ခသာရ၊ BA,MA (သီရိလကာင်္)  သီတဂူကမ္ဘာ့ ဗုဒ္ဒတက္ကသိုလ်၊ ရန်ကုန်၊ မှ  (၁၅)သိန်း
(၂) ဦးတင်အေး+ဒေါ်ကျင်အေး၊ (သား) သက်စိုးထိုက်၊ (သမီး) မသိရိသက်ဝေ မိသားစု (၇.၅)သိန်း
(၃)ကိုရင် + မဒမ်ကိုး မှ...............................................................................  (၇.၅)သိန်း
စုစုပေါင်း ငွေကျပ် သိန်း (၃၀) မတည် လှုဒါန်းထားပါတယ်။

နောက်ထပ် လိုအပ်နေသော အလှုငွေများကို ယခင်အကြိမ်များကဲ့သို့ မုဒိတာအလှုရှင်များရဲ့ စုပေါင်းအားဖြင့် ပေါင်းစုတည်ဆောက်သွားမယ်ဆိုပါက အထက်ပါကျောင်းဟာ ကလေးငယ်များအတွက် အားထားရာကျောင်းတော်ကြီး ဖြစ်လာတော့မှာ ဖြစ်တဲ့အကြောင်း နိုင်ငံအရပ်ရပ်မှ မုဒိတာအလှုရှင်များကို လေးစားစွာ အကူအညီတောင်းခံရင်း အလှုခံကာလကို (၃၀.၅.၂၀၁၄ရက်၊ သောကြာနေ့) မှာ စတင်ပါပြီခင်ဗျား..။

နိုင်ငံအလိုက် ဆက်သွယ်လှုဒါန်းနိုင်ကြရန် အကျိုးတော်ဆောင်များစာရင်း


ဗြိတိန်

အရှင်ဇနက(သန္တိသုခ)

venjanaka@gmail.com

+၄၄ ၇၇၄၀ ၉၈၃၉ ၄၂


အမေရိကား 

ဗညားရှိန်@လင်းခေတ်ဒီနို

lynnkhitdeno301@gmail.com

+၁၂၀ ၁၈၈၈ ၉၇၅၁

https://www.facebook.com/lynnkhitdeno


ဂျပန်နိုင်ငံ 

ရန်နိုင် @ နေ၀သန်

nay.naywathan@gmail.com

+81 80 3852 5214

http://www.facebook.com/nayyannaing


တောင်ကိုရီးယားနိုင်ငံ

၁။ဒေါ်ကျူတီ

antianti29@gmail.com

+၁၀ ၂၁၄၂ ၁၂၆၆

https://www.facebook.com/daw.q.te


စင်ကာပူ

၁။ မဒမ်ကိုး

celestial.whiteangle@gmail.com

+၆၅ ၉၆၁၆ ၄၄၇၇ 

https://www.facebook.com/madamkoo


၂။ ကန်ဒီခိုင်

candykhine2@gmail.com

+၆၅ ၉၆၆၀ ၂၆၉၄

https://www.facebook.com/candykhine2
၃။ မစန်းစန်းခိုင် @ crystal khaing
sskhaing@gmail.com
+၆၅ ၉၆၆၂  ၂၂၂၆ 
 https://www.facebook.com/crystal.khaing 
၎။ မသန္တာလွင်
+၆၅ ၉၀၀၃၂ ၄၃၆
https://www.facebook.com/thandarlwin   


ထိုင်ဝမ်

ပစ်ပစ် @ ဂျယ်ရီပစ်ပစ်

jerrypigpig@gmail.com

+၈၈၆ ၉၃၀ ၄၁၃ ၂၂၀

https://www.facebook.com/blackroze.flower


မလေးရှား

၁။တင်မောင်လွင်

mmin5433@gmail.com

+၆၀၁၆ ၃၆၂၇ ၆၆၄

https://www.facebook.com/mg.joephyu


၂။ကိုမင်းဧရာ(kl)

moekyawthu0001@gmail.com

+၆၀ ၁၇၃၀ ၄၇၇ ၃၅

https://www.facebook.com/pan.thut


၃။မောင်ဘုန်း (ကလန်း)

mr.janjarom@gmail.com

+၆၀၁၀ ၂၈၂၇ ၀၇၁

https://www.facebook.com/yehtet.yehtet.1


မြန်မာနိုင်ငံ

၁။ andrewkc @ကျော်စွာစိုးမြတ်

andrewkc189@gmail.com

+၉၅ ၉၄၂၁ ၀၅၉၈ ၂၇

https://www.facebook.com/andrewmahkc


၂။ ဒေါ်အိအိစိုး @Doreen Tin  
( Feel Myanmar Restaurant & ရွှေအိ မုန့်ဟင်းခါး)

ei.soe64@gmail.com

+၉၅ ၉၅၁၅ ၂၄၆၃

https://www.facebook.com/doreen.tin

ကိုယ်တိုင်ကိုယ်ကျ ဆက်သွယ်လှုဒါန်းချင်တယ်ဆိုရင်လည်း အဆိုပါကျောင်းဖြစ်မြောက်ရေးအတွက် အားတက်သရော ဆောင်ရွက်ပေးနေသော ဆရာတော်ထံသို့ အောက်ပါ လိပ်စာအတိုင်း ဆက်သွယ် လှုဒါန်းနိုင်ပါတယ်..။ 

ဆရာတော် အရှင်ပါရဂူ
၀၉၅ ၃၅၀၇၂၃
သီတာရုံစာင်တိုက်၊ တောင်ငူမြို့
(၆)ရပ်ကွက်၊ ကမ္ဘာအေးလမ်း

မျှဝေခြင်းဟာ ရှင်သန်ခြင်းဖြစ်တယ်။
မြန်မာမုဒိတာလူငယ်များအဖွဲ့ (MMYG)
၂၉.၅.၂၀၁၄ ၊ ကြာသာပတေးနေ့

.

Monday 3 March 2014

စွန့်လွှတ်ပါရ ရဟန်းအမ

မကြားချင်ဆုံးစကား ကြားလိုက်ရသည်။ မကြားချင်ပေမဲ့ တနေ့နေ့တော့ ကြားရလိမ့်မည်ဟုတော့ သိနေသည်။ လူသားတွေရဲ့ ကမ္ဘာကြီး ဂလိုဘယ်လိုက်ဇေးရှင်းဟု အမည်ပေးထားတဲ့ ကမ္ဘာ့ရွာကြီး ဖြစ်သွားပြီးနောက် မြန်မာနိုင်ငံက အုန်းမောင်းခေါက်သံကို အင်္ဂလန်က ကြားနေရပြီ။ အင်္ဂလန်က ပရီးမီးယားဂ်တွေကို မြန်မာက အချိန်နဲ့တပြေးညီ ကြည့်နေနိုင်ကြပြီ။ ထိုကဲ့သို့ မိုင်ထောင်သောင်းချီအရပ်က ရူပါရုံ သဒ္ဒါရုံတို့ကို တန်ခိုးမလို ပါဝမလိုဘဲ ငွေကျပ်အနည်းငယ်လေး ရှိရုံမျှဖြင့် ထုတ်ချင်းပေါက် မြင်နိုင်ကြားနိုင်သော ခေတ်ကာလကြီးကို ကျေးဇူးတင်ရမလား စိတ်ဆိုးရမလား မသိ။ 

"အရှင်ဘုရားရဲ့ ရဟန်းဒကာမ ဒီနေ့ညနေပိုင်းက ကွယ်လွန်သွားပြီတဲ့"

မကြားချင်ပေမဲ့ နားနဲ့ဆတ်ဆတ်ကြားလိုက်ရသည်။ ဟိုယခင်တုန်းက ဆိုရင်တော့ ဒီခရီးနီးသလား တစ်လတိတိ လာရ၏ ဟု ဆိုရလောက်အောင် မြန်မာနိုင်ငံက စာတစ်စောင်ရရှိဖို့ တစ်လတိတိ စောင့်ရလေ၏။ လတ်လတ်ဆတ်ဆတ် စာတစ်စောင်သည် တစ်လကုန်လွန်ပြီးသော အကြောင်းအရာများသာ အပ်ဒိတ် ဖြစ်ခဲ့၏။ ယခုမူ ထိုသို့မဟုတ် မြန်မာကနေ အခု ပြောရင် အင်္ဂလန်က အခုချက်ချင်း ကြားနိုင် မြင်နိုင်လေ၏။ ညီတော်မောင် မောင်ပဇင်းဆီက ဒီသတင်း အရင်ကြားလိုက်ရ၍သာ ကျန်ရစ်သူကာယကံရှင်ကို ဖျောင်းဖြဖို့ စကားလုံး ရွေးချယ်ချိန်ရလိုက်ခြင်းဖြစ်၏။ သို့သော် ထိုစကားလုံးတို့သည်လည်း တကယ့်တကယ် ကျန်ရစ်သူကာယကံရှင်ကိုယ်တိုင် ဖုန်းဆက် အကြောင်းကြားလာသောအခါ ဘယ်ရောက် ဘယ်ပျောက်ကုန်သည်မသိ။ စိတ်ကို အေးအေးထားဖို့သာ အတန်တန် ပြောနေမိလေတော့၏။

ငိုရင်းပြော၏။ ပြောရင်းငို၏။ စကားလုံး ဆယ်လုံး ပြောလျှင် ရှစ်လုံးလောက်က မသဲကွဲ။ ငိုသံရောပြွမ်းနေသည့် စကားလုံးတို့ကို နားမလည်ပေမဲ့ သူဘယ်လို ခံစားနေရသည်ကို ရာနှုန်းပြည့် နားလည်၏။ ၀မ်းနည်းရှာပေမပေါ့။ စိတ်ထိခိုက်ရှာပေမပေါ့။ တစ်အိမ်လုံးမှ သူ့တစ်ယောက်ထဲသာ ကျန်ရစ်တော့သည်ကိုး။ 

ထိုအိမ်၌ လွန်ခဲ့သည့် ၁၈ နှစ်ခန့်အထိ အိမ်သား ၄ ယောက်ရှိနေခဲ့၏။ လွန်ခဲ့သည့် ၃ နှစ်လောက်အထိ အိမ်သား သုံးယောက် ရှိနေခဲ့၏။ ဒီကနေ့ ညနေပိုင်း (မြန်မာစံတော်ချိန်)အထိ အိမ်သား ၂ ယောက် ရှိနေခဲ့၏။ သို့သော် ဒီနေ့ ညနေပိုင်းကစပြီး ထိုအိမ်၌ အိမ်သား တစ်ယောက်ထဲ ကျန်ရစ်လေတော့၏။ ကျန်ရစ်သည့် သူကလည်း ယောက်ျားလေးမဟုတ်။  မိန်းခလေးတစ်ဦးပင် ဖြစ်လေ၏။ ဒီအိမ် ဒီနေရာမှာ သူ တစ်ယောက်ထဲ ဘယ်လို ခရီးဆက်မလဲ။ ဘယ်လို အလွမ်းဖြေမလဲ။ ဘယ်လို ဖြေသိမ့်နိုင်ပါ့မလဲ။ တွေးကြည့်လေ ကိုယ်ချင်းစာမိလေပင်တည်း။

စိတ်ရင်းဖြူစင်ကြသည့် မိသားစု၊ ဘာသာရေး ကိုင်းရှိုင်းကြသည့် မိသားစု၊ ခြိုးခြံစွာနေပြီး ရိုးရိုးကျင့် မြင့်မြင့်ကြံ နေထိုင်ကြသည့် မိသားစု၊ ဘုရားဒကာ ကျောင်းဒကာ ရဟန်းဒကာ မိသားစု။ ပျော်ရွှင်ကြည်နူးဖွယ်ကောင်းခဲ့သည့် ဒီမိသားစုလေး အခုတော့ တစ်ယောက်ထဲ။ စိတ်ဖြေပါ နှမငယ်လို့ မပြောရက်ပေမဲ့ စိတ်မလေဖို့တော့ သတိပေးချင်တယ်။ စိတ်မတွေဖို့တော့ သတိပေးချင်မိတယ်။ လောကကြီးကို အရှုံးမပေးဘဲ ရဲရဲသာ ရင်ဆိုင်ပါလို့ သတိပေးချင်မိတယ်။

"သူ နေမကောင်းစက  ဦးဇင်းလာမယ်လို့ ပြောထားတော့ အိပ်ရာထဲကနေပြီး ပြုံးရိပ်ကလေးသန်းလို့ ဦးဇင်းကို မျှော်နေရှာတာ။ ပြီးတော့ ပြောသေးတယ်။ ဦးဇင်းက ဟို.. အဝေးကြီးက လာမှာဆိုတော့ ပင်ပန်းမှာပေါ့နော်...တဲ့"

ကျန်ရစ်သူ (မွေးစကထဲက မွေးစားထားသည့် တူမ) သမီးတူမတစ်ယောက် ငိုရင်းပြောရင်း ရှိုက်ရင်း ပြောရင်းဖြင့် စကားလုံးများ မကြာခဏ လုံးထွေးသွား၏။ ရဟန်းဒကာမ အိပ်ယာထဲဘုန်းဘုန်းလဲပြီး သူ့ရဟန်းအလာကို မျှော်နေပေမဲ့ သူ့ရဟန်းလဲ အကြောင်းအမျိုးမျိုးကြောင့် သူ ကွယ်လွန်သည်ထိ မသွားရောက်နိုင်ခဲ့။ ခွင့်လွတ်နားလည်ပေးပါ ဒကာမကြီး။

"ဦးဇင်းကို အိပ်မက်တယ်။ ဦးဇင်း ဟို အဝေးကြီးက လာပြီး အနားမှာ အားပေးစကား ပြောနေတယ်... ဆိုပြီး မကြာမကြာ ပြောတယ်။ အခုတော့ ဦးဇင်းကို သူ အိပ်မက်မက်နိုင်တော့မှာ မဟုတ်တော့ဘူး"

လောကီဘောင်က ခွါနေပေမဲ့ မျက်ရည်တော့ စွေချင်သလိုလို။ မယ်တော်ကြီး ဆုံးပြီးကထဲက ပျောက်ဆုံးနေခဲ့သည့် ၀မ်းနည်းမှုက တရေးပြန်နိုးလာသလိုလို ခံစားလာမိ၏။ အင်း... ၀မ်းနည်းတာ ရှက်စရာမှ မဟုတ်တာဘဲ။ သူရဲကောင်းတို့မှာလဲ မျက်ရည်တရွှဲရွှဲ ရာဇ၀င်တွေမှာ ရှိခဲ့ဖူးတာဘဲ။ အမေမဟုတ်ပေမဲ့ အမေကဲ့သို့ပင် စားဝတ်နေရေး ကျန်းမာရေး ပစ္စည်းလေးပါး ပရိက္ခရာအစုံစုံတို့ကို လိုလေသေးမရှိအောင် ထောက်ပံ့ပေးခဲ့တဲ့ ကျေးဇူးရှင် ရဟန်းအမကြီး မဟုတ်လား။

"မနေ့ညတုန်းက ဦးဇင်း ဖုန်းဆက်တုန်းကလေ။ သူက ပြောတယ်။ ဦးဇင်းရဲ့အသံလေးကို ကြားရတော့ ပြန်ပြီး စကားတွေ အားရပါးရ ပြောချင်လိုက်တာ။ ဒါပေမဲ့.. ပြောမှမပြောနိုင်တာ ပြောလို့မှ မရတော့တာ.. ဆိုပြီး လေသံလေးနဲ့ ပြောတယ် ဦးဇင်း"

တော်ပါတော့ ကလေးမရယ်။ ဒီလောက်ဆို လုံလောက်ပါပြီ။ မောနေမယ်နော်။ ရေသောက်ပြီး အနားယူ။ စိတ်ကို အေးအေးထား။ ရှေ့လျှောက်လှမ်းရမဲ့ ခရီးက အရှည်ကြီး ရှိနေသေးတယ်။ အားမလျှော့ပါနဲ့။  

ရဟန်းဒကာမရဲ့ ပစ္စည်းလေးပါး တာဝန်အပြင် သားအရင်းကဲ့သို့ မေတ္တာတွေ လုံလောက်တာထက် ပိုနေပါပြီ ဒကာမကြီးရယ်။ အသက် ၆၂ ဆိုတာ မငယ်တော့ပေမဲ့ အရမ်းကြီး ကြီးကျင့်တဲ့အရွယ်လဲ မဟုတ်သေးပါဘူး။ အေးအေးဆေးဆေး ဘုရားတည်ကျောင်းဆောက် ပရဟိတလုပ်ပြီးနေဖို့ အချိန်တွေ အများကြီး ရှိနေနိုင်သေးတယ် မဟုတ်လား။ 

ရဟန်းဒကာမကြီး တမလွန်ဘ၀မှာ ကောင်းမွန်ရာ ဘုံဘ၀ ရောက်နေမှာ သေချာပါတယ်။ ကုသိုလ်တွေ ဒီလောက်ပြုခဲ့တာဘဲ။ ဒီဘ၀မှာ ခံစားရတဲ့ ဝေဒနာကို စွန့်ခွါပြီး တမလွန်ဘ၀မှာ ကျန်းမာချမ်းသာနေပြီလို့ ယုံကြည်နေပါတယ်။ ဦးဇင်းလဲ ဘုရားရှိခိုးပြီးတိုင်း ကုသိုလ်ကောင်းမှု ပြုလုပ်ပြီးတိုင်း ဒကာမကြီးကို မေတ္တာပို့ အမျှဝေပေးပါ့မယ်။

အော်... ဘာလိုလိုနဲ့.. အမျှဝေပေးဖို့ နောက်ထပ် တစ်ယောက်တောင် ထပ်တိုးလာချေပြီကော။  ။


.

Tuesday 14 January 2014

ထေရ်အရှင်သို့....

ယူကေရောက်လာတာ ဆယ်စုနှစ် တစ်ဝက်ကျိုးခဲ့လေပြီ။ နှစ်ပေါင်း ၅၀ ကျော်ကျော် ကြံ့ကြံခံနေခဲ့တဲ့ အမိ မြန်မာနိုင်ငံကြီးလဲ သုံးလေးနှစ်အတွင်း အရှိန်အဟုန်ပြင်းစွာ ပြောင်းလဲလာလေပြီ။ ရထားတစ်တန်ကားတစ်တန်ဖြင့် ခက်ခဲပင်ပန်းကြီးစွာ သွားလာရသော မွေးရပ်ဇာတိသို့လည်း လေအိတ်ကားကြီးတွေ နေ့စဉ် ရှိနေပြီတဲ့။

ငယ်စဉ်ကထဲက ရှေ့သို့သာ ချီတက်လာသည့် ခြေလှမ်းတို့သည်လည်း ချီတက်နေဆဲ။ ကလေးဘ၀ ရှစ်နှစ်သားဘ၀ကထဲက ရွာနဲ့ခွဲပြီး အခြားသောရွာမှာရှိတဲ့ ဘုန်းတော်ကြီးကျောင်း၌ နေထိုင်ခဲ့သည်။  ဆယ်နှစ်သား၌ သင်္ကန်းဝတ်သည်။ ၁၃ နှစ်သားအရွယ်တွင် မြို့ပေါ်သို့ စာသင်ထွက်သည်။ အသက် ၂၀ မန္တလေး ရောက်သည်။ အသက် ၂၈ ရန်ကုန်ရောက်သည်။ အခု ဘိလပ်မြေ၌ ကျင်လည်နေရသည်မှာ ၆ နှစ် ပြည့်တင်းခဲ့လေပြီ။ 

သံယောဇဉ်အရှိလွန်ပြီး သံယောဇဉ်မဲ့သွားသည့် စိတ်အစဉ်တို့ကလည်း အမိမြေသို့ အလည်သွားဖို့ မလှုံ့ဆော်။ အားနာတတ်သည့် စိတ်ဓါတ်က လူအများနဲ့ အံမ၀င်သည့်အတွက် တစ်ယောက်ထဲ အေးအေး နေထိုင်ခြင်းကို သာလွန်နှစ်သက်သည်။ အသိမိတ်ဆွေများနဲ့ အင်တာနက်ကတဆင့် ဖိုင်းလိုင်းမှတဆင့် ရုပ်ကြည့် စကားပြောရတာနဲ့တင် အလွမ်းတွေအတွက် ဆေးစွမ်းက လုံလောက်နေပြီ။ ထို့ကြောင့် ၆ နှစ်လုံးလုံး အမိမြေသို့ အလည်အပတ် မရောက်ဖြစ်ခဲ့။ မလွမ်းဘူးလား လွမ်းသလားဆိုပြန်ရင်လဲ အဖြေက မရှိ။

ဒီ ၆ နှစ်အတွင်း သိမ်ထပ်ဒကာဆုံးသည်။ ရဟန်းဒကာမ ကွယ်လွန်သည်။ ဆရာသမား သုံးပါး ပျံလွန်သည်။ မထင်မရှား အသိမိတ်ဆွေ ဆွေမျိုးအချို့လည်း လောကကြီးက ထွက်ခွါသွားကြသည်။ ညီမ၀မ်းကွဲတွေ တူတွေ အိမ်ထောင်ကျကြသည်။ ကလေးတွေ မွေးကြသည်။ ထိုစဉ်က အရွယ်မရောက်ကြသေးသည့် တူ တူမများလည်း လူပျိုကြီးကျားကျား အပျိုကြီးဖားဖား။

တီခေါင်ဝေးလွန်းသည့် ဇာတိချက်မြှုပ်ရွာသည်လည်း အိပ်မက်ပင် မမက်ထားခဲ့သည့် တယ်လီဖုန်းများ လျပ်စစ်မီးများဖြင့် တောကြိုတောကြားထဲ လသာနေသည်။ အိမ်တိုင်းစေ့ တီဗီ ဒီဗီဒီ ပလေယာများဖြင့် ညဥ့်နက်သည်အထိ ရွာငယ်ဇနပုဒ်လေး အလုပ်ရှုပ်နေဆဲ။ 

တိုးတက်ပါသည်။ ပြောင်းလဲပါသည်။ ပြောင်းလာကြသည်။ ပြောင်းကြွကြပါသည်။

ဒီနေ့ ရွှေကျောင်းဆရာတော် ပျံလွန်တော်မူသွားတယ်။ ကြားပြီးပြီလားတဲ့။ ရန်ကုန်က သူငယ်ချင်းတစ်ပါး ဖုန်းဆက်ပြောသည်။ စိတ်ထဲ မိုးကြိုးဆယ်စင်းမက ကျယ်လောင်စွာ ကြားလိုက်ရသည်။ မူးတယ်မူးတယ်ဆိုပြီး လဲကျရာကနေ သတိပြန်လည်မလာတော့တာတဲ့။ ငယ်ငယ်ရွယ်ရွယ်နဲ့ ဘာဖြစ်လို့ ကံတော်ကုန် အပြောင်းကြွ မြန်လွန်းပါလိမ့်။ 

ငယ်ငယ်ရွယ်ရွယ်နဲ့ စာသင်သား ရာကျော်ကို ထိန်းသိမ်းစောင့်ရှောက်ပေးသူ
အတန်းစုံ ဘာသာစုံ ပရိယတ်စာပေများကို နေ့စဉ် ပို့ချပေးသူ
ဝါတွင်းဝါပ အပတ်စဉ် ဒကာဒကာများအား တရားရေအေး တိုက်ကျွေးပေးသူ
တရားစခန်းများ ပြုလုပ်ပေးပြီး တရားထိုင်နည်းများကို သင်ကြားပြသပေးသူ
အရွယ်နဲ့ မမျှအောင် ၀ိနည်းကို လေးစားပြီး ရောင့်ရဲစွာ နေထိုင်သူ
မေတ္တာရိပ်တို့ဖြင့် လွှမ်းခြုံထားသည့် မျက်နှာပိုင်ဆိုင်သူ
သာသနာ့အရေးကို အသက်ပေး ထမ်းရွက်သူ။

ဂုဏ်ပုဒ်တွေ များစွာများစွာနဲ့ ထိုက်တန်တဲ့ အရှင်မြတ်ကလေး အခု ကြွမြန်းသွားရှာပြီတဲ့။ တစ်မြို့လုံး ငိုရှိုက်သံတို့ဖြင့် မိုးထစ်ချုံးပြီး မျက်ရည်တို့ဖြင့် မိုးသည်းထန်စွာ ရွာသွန်းရှာရောပေါ့။

အရှင်ရဲ့ ဂုဏ်ပုဒ်တွေကြားထဲ သိမ်အတူတူထပ်ခံခဲ့ရတာကိုက ဂုဏ်ယူစရာ ကောင်းလွန်းနေပါပြီ။ 
အရှင်နဲ့ လုပ်ဆောင်ချက်တွေအတွက် ထာဝရဂုဏ်ယူနေပါ့မယ် အရှင်။ ကောင်းမွန်ရာ ဘုံဘ၀ကနေပြီး အရှင့်ရဲ့ မြို့ကလေးတိုးတက်ဖို့ အရှင့်ရဲ့ သာသနာပြုလုပ်ငန်းတွေ အောင်မြင်ဖို့ စောင့်ရှောက်နိုင်ပါစေလို့ ဆုတောင်းရင်း ရိုသေစွာ ကန်တော့လိုက်ပါသည် ထေရ်အရှင်။

.