Wednesday 7 February 2018

ဝိနည်းငါးကျမ်း ရွတ်စီဖြန်း

၂၀၁၁ ခုနှစ်က အဘိဓမ္မာ (၇) ကျမ်းနှင့် သုတ် (၃) ကျမ်းပါဠိတော်တွေကို အောင်မြင်စွာ ရွတ်ဆို ပူဇော်နိုင်ခဲ့တယ်။ အချိန်ရရင် ၀ိနည်း (၅) ကျမ်းကိုလဲ ရွတ်ဖတ်ပူဇော်ဦးမယ်ဆိုပြီး စိတ်ထဲ အဓိဋ္ဌာန်ထားခဲ့တယ်။ ဒါပေမဲ့ အချိန်တွေ အတော်ကြာလာတဲ့အထိ အကြောင်းအမျိုးမျိုးကြောင့် မရွတ်ဖတ်ဖြစ်ခဲ့ဘူး။

ဒါပေမဲ့ အင်္ဂလန်မှာ နေထိုင်စဉ်ကာလအတွင်းမှာ ပိဋကတ်သုံးပုံလုံး ရွတ်ဖတ်ပူဇော်ဖြစ်အောင် ပူဇော်မယ်ဆိုတဲ့ စိတ်က ရွတ်ဖတ်ပူဇော်ဖြစ်ဖို့ တွန်းအား ပေးနေတယ်။ ဒါနဲ့ ၀ိနည်း (၅) ကျမ်းကို ၂၀၁၈ ဇန်န၀ါရီလ ၉ ရက်၊ အင်္ဂါနေ့က စတင်ပြီး တစ်ရက်ကို လေးနာရီကျော်ကျော် အချိန်ပေးကာ (တစ်ရက် ပျမ်းမျှ လေးကြိမ်နှုန်း) ရွတ်ဖတ်ပူဇော်ဖြစ်ခဲ့တယ်။

ဒီနေ့ ၂၀၁၈ ဖေဖော်ဝါရီလ ၇ ရက်၊ ဗုဒ္ဓဟူးနေ့မှာတော့ ၀ိနည်းငါးကျမ်းလုံး ရွတ်ဖတ်ပူဇော်လို့ အောင်မြင်စွာ
ပြီးဆုံးခဲ့တယ်။

ပိဋတ်သုံးပုံလုံး ရွတ်ဖတ်ပူဇော်နိုင်ခွင့်ရခဲ့တာကို ကိုယ့်ကိုယ်ကိုယ် ပီတိဖြစ်နေမိတယ်။ ပိဋကတ်သုံးပုံလုံး အာဂုံဆောင်ထားနိုင်ကြတဲ့ အရှင်မြတ်များ ဘယ်လောက် ပီတိတွေ ဝေနေမယ်ဆိုတာ နားလည်နိုင်ပါတယ်။

ရွတ်ဖတ်ပူဇော်ခဲ့တဲ့ ကုသိုလ်တွေကို အားလုံးကို အမျှပေးဝေပါတယ်။

သာဓု သာဓု သာဓု။

No comments: