Tuesday 28 August 2012

အဖသတ်သား မင်းငါးဆက်

ပထမသံင်္ဂါယနာတင်ပြီးနောက်တွင် အဇာတသတ်မင်းကြီးသည် အရှင်မဟာကဿပမထေရ်အား ယခု မဟာသက္ကရာဇ် ၁၄၈ ခုနှစ် ဖြစ်သည်။ မြတ်စွာဘုရားက သာသနာတော်ကို အနှစ်ငါးထောင် ပိုင်းခြားထားတော်မူခဲ့သည်။ သာသနာတော်နှစ်နှင့်သက္ကရာဇ် မညီမညွတ်ဖြစ်ချိမ့်သည်။ ထို့ကြောင့် သာသနာတော်နှစ်နှင့်သက္ကရာဇ် တစ်ချက်တည်း ညီညွတ်အောင် သက္ကရာဇ်ကို ပြန်ထားတော်မူပါ ဟု လျှောက်၏။ ထို့ကြောင့် ရှင်မဟာကဿပသည် မဟာသက္ကရာဇ် ၁၄၈ မှ ၁၄၇ ကို ဖြိုဖျက်ပစ်ကာ ၁ ခုကြွင်း ပြုပြီး သာသနာတော်နှစ် ၁ ခု ဟု စတင်ရေတွက်စေလေသည်။ (ယခုအခါ၌ သာသနာတော်နှစ်မှာ  ၂၅၅၆ ခုနှစ် ရှိပြီ ဖြစ်သည်။ စကားချပ်)။

ဖခင်ဘုရင်ဗိမ္ဗိသာရမင်းကြီးအား သတ်ဖြတ်ခဲ့သော အဇာတသတ်မင်းကြီးအား ၄င်း(အဇာတသတ်မင်းကြီး)၏ သားတော် ဥဒယဘဒ္ဒမင်းသားက သာသနာတော်နှစ် ၂၄ ခုနှစ်တွင် လုပ်ကြံသတ်ဖြတ်၍ နန်းတက်သည်။

ထိုဥဒယဘဒ္ဒမင်းအား ၄င်း(ဥဒယဘဒ္ဒ)မင်း၏ သားတော် အနုရုဒ္ဓါမင်းသားက သာသနာတော်နှစ် ၄၀ ပြည့်နှစ်တွင် လုပ်ကြံသတ်ဖြတ်၍ နန်းတက်သည်။

ထို အနုရုဒ္ဓါမင်းအား ၄င်း(အနုရုဒ္ဓါမင်း)၏ သားတော် မုဏ္ဍမင်းသားက သာသနာတော်နှစ် ၄၄ ခုနှစ်တွင် လုပ်ကြံသတ်ဖြတ်၍ နန်းတက်သည်။

ထိုမုဏ္ဍမင်းအား ၄င်း(မုဏ္ဍမင်း)၏ သားတော် နာဂဒါသမင်းသားက သာသနာတော်နှစ် ၄၈ ခုနှစ်တွင် လုပ်ကြံသတ်ဖြတ်၍ နန်းတက်သည်။

ထိုနာဂဒါသမင်းအား ၄င်း(နာဂဒါသမင်း)၏ အမတ်ကြီးတစ်ဦးဖြစ်သော သုသုနာဂအမတ်ကြီးက သာသနာတော်နှစ် ၇၂ နှစ်တွင် လုပ်ကြံသတ်ဖြတ်၍ နန်းတက်သည်။  ဤတွင်မှ အဖသတ်သား ငါးဆက် နိဂုံးချုပ်သွားသည်။ 

ထိုအခြင်းအရာတို့ကို ကြည့်ရှုသုံးသပ်ပြီး အဖေကို သတ်ဖြတ်သောသားသည် မိမိ၏သားက မိမိအား ပြန်သတ်တတ်သည် ဟူသော နိယာမတစ်ခု ရရှိလိုက်သလို ခံစားမိသည်။ ။

ချုပ်။
-အဇာတသတ်မင်း
-ဥဒယဘဒ္ဒမင်း
-အနုရုဒ္ဓါမင်း
-မုဏ္ဍမင်း
-နာဂဒါသမင်း

လင်္ကာ။
အဇာ ဥဒ၊ နုရုဒ္ဓ၊ မုဏ္ဍ နာဂဒါ။
ဖသတ်နန်းတက်၊ မင်းငါးဆက်၊ မပျက်မှတ်ကြပါ။
(အင်္ဂါမောင်)


ကိုးကား။
မဲထီးဆရာတော်၏ ၀ံသဒီပနီ၊ စာ ၁၃-၁၄


.

Saturday 25 August 2012

သာယာကုန်းဘုန်းတော်ကြီးပညာသင်ကျောင်း

သန်လျင်မြို့၊ သာယာကုန်းဘုန်းတော်ကြီးပညာသင်ပရဟိတကျောင်းဝင်းအတွင်း ကျောင်းသူကျောင်းသားများ အသုံးပြုနိုင်ရန် ကျောင်းဆောင်သစ် တစ်ဆောင် ဆောက်လုပ်ဖို့အတွက် အလှူခံခြင်းလုပ်ငန်းကို မြန်မာမုဒိတာလူငယ်များအဖွဲ့မှ ဦးဆောင်ဦးရွက်ပြုလုပ်ခဲ့ရာ အလှူငွေ ပိတ်သိမ်းချိန်၌ လက်ခံရရှိသော အလှူငွေပမာဏမှာ ၁၁၈၆၉၃၀၀ ကျပ်( တစ်ကုဋေ တစ်သန်း ရှစ်သိန်း ခြောက်သောင်း ကိုးထောင့် သုံးရာကျပ်တိတိ) ရရှိခဲ့ပါသည်။ အသေးစိပ်အခြေအနေကို အချိန်နဲ့ တပြေးညီ  မြန်မာမုဒိတာလူငယ်များအဖွဲ့ဘလော့ဂ်၌ တင်ပြထားပါသည်။

မြန်မာ ဗြိတိန် အမေရိကန် ဂျပန် စင်္ကာပူ ထိုင်ဝမ် မလေးရှား စသည့် နိုင်ငံအတွက် အလှူငွေ လက်ခံရရှိမှု အသေးစိပ် အနေအထားကို မုဒိတာဘလော့ဂ်ရဲ့  ဒီနေရာလေးမှာ သွားရောက် ဖတ်ရှုနိုင်ပါသည်။

အလှူငွေ လက်ခံရရှိပြီး ဖြစ်၍ ကျောင်းဆောင်သစ် ဆောက်လုပ်ရန်အတွက် အဆောက်အဦ ပုံကြမ်းကိုလဲ ရေးဆွဲပြီး ဖြစ်ပါသည်။ ၂၀×၄၀ ဖြစ်ပါသည်။ ပုံကြမ်းအသေးစိပ်ကို ပုံနှင့်တကွ ကြည့်ရှုလိုလျှင် ဒီနေရာလေးမှာ သွားရောက် ကြည့်ရှုနိုင်ပါသည်။

အားလုံးကို ကျေးဇူးတင်ပါသည်။
မေတ္တာဖြင့်
အရှင်ဇနက၊ လန်ဒန်




..

Wednesday 15 August 2012

အလှူခံပိတ်သိမ်းခြင်း နှင့် ငွေလွှဲပြီးခြင်း

မြန်မာမုဒိတာလူငယ်များအဖွဲ့မှ ဦးစီး၍ သန်လျင်မြို့၊ သာယာကုန်း ဘုန်းတော်ကြီးသင် ပညာရေးပရဟိတကျောင်း၌ ကျောင်းသူကျောင်းသားများအတွက် ကျောင်းဆောင်သစ် တစ်ဆောင် ဆောက်လုပ်ရန်အတွက် (၁၃.၇.၂၀၁၂) သောကြာနေ့ကစပြီး အလှူခံလာခဲ့ပါသည်။ ထိုက်သင့်သလောက် အလှူငွေ လက်ခံရရှိပြီး ဖြစ်သည့်အတွက် ဗြိတိန်နိုင်ငံမှ အလှူခံခြင်းကိစ္စကို ဒီကနေ့ (၁၅.၈.၂၀၁၂) ဗုဒ္ဓဟူးနေ့မှာ ပိတ်သိမ်းလိုက်ပြီ ဖြစ်ပါသည်။

အလှူခံရရှိသည့် စတာလင်ပေါင်ငွေ ၄၀၀ တိတိကိုလဲ မြန်မာနိုင်ငံမှ မုဒိတာအဖွဲ့အကျိုးဆောင် ကျော်စွာစိုးမြတ်ဆီ ဒီကနေ့ လွှဲပို့လိုက်ပြီး ဖြစ်ပါသည်။ လက်ရှိပေါက်ဈေးမှာ စတာလင်ပေါင်ငွေ ၁ ပေါင် လျှင် မြန်မာကျပ်ငွေ ၁၃၃၀ ကျပ် ဖြစ်ပါသည်။ 

၁၃၃၀×၄၀၀= ၅၃၂၀၀၀

မြန်မာကျပ်ငွေဖြင့် ၅၃၂၀၀၀ ကျပ် (ငါးသိန်းသုံးသောင်းနှစ်ထောင်ကျပ်) တိတိ ထုတ်ယူရမှာ ဖြစ်ပါသည်။ ဗြိတိန်နိုင်ငံမှ အလှူရှင်များစာရင်းကို ဖော်ပြပေးလိုက်ပါသည်။

၁။ ကွယ်လွန်သူ မိဘနှစ်ပါးအား ရည်စူး၍ အရှင်ဇနက (အင်္ဂါမောင်) စတာလင်ပေါင် ၅၀
၂။ ကိုကိုမောင်(ပန်းရနံ့) ၊ စတာလင်ပေါင် ၅၀
၃။ အရှင်နာဂသေန (ဘာမင်ဂမ်) ၊ စတာလင်ပေါင် ၂၀
၎။ ဦးတင်အောင် မိသားစု (လန်ဒန်) စတာလင်ပေါင် ၅၀
၅။ ကွယ်လွန်သူ မသက်သက်အား ရည်စူး၍ ကိုမျိုး+မဖြူဖွေး မိသားစု(လန်ဒန်) ၊ စတာလင်ပေါင် ၃၀
၆။ ကိုကို ညီညီ (လန်ဒန်) စတာလင်ပေါင် ၂၀
၇။ မောင်ကျော်+မိုးငယ် (သမီး) ဟတ်စုလွင် (လန်ဒန်) စတာလင်ပေါင် ၃၀
၈။ မောင်နေလင်းအောင်(လန်ဒန်) ၊ စတာလင်ပေါင်ငွေ ၂၅
၉။ မသီတာထွန်း(လန်ဒန်) ၊ စတာလင်ပေါင်ငွေ ၂၅
၁၀။ မောင်အောင်မျိုးသန့်(လန်ဒန်) ၊ စတာလင်ပေါင်ငွေ ၁၀
၁၁။ မပန်းဖြူမွှေး(လန်ဒန်) ၊ စတာလင်ပေါင်ငွေ ၃၀
၁၂။ Vijay (လန်ဒန်) ၊ စတာလင်ပေါင်ငွေ ၁၀
၁၃။ ဒေါက်တာလှစိုး + ဒေါ်ဝေေ၀လွင်စိုး (လန်ဒန်) ၊ စတာလင်ပေါင်ငွေ ၅၀

စုစုပေါင်း စတာလင်ပေါင်ငွေ ၄၀၀ တိတိ


အလှူရှင်များအားလုံး မုဒိတာအဖွဲ့ဝင်များအားလုံး ကမ္ဘာသူကမ္ဘာသားများအားလုံး ကိုယ်ကျန်းမာ စိတ်ချမ်းသာကြပါစေ။
အရှင်ဇနက
လန်ဒန် 

.

Friday 10 August 2012

ခရီးတစ်ထောက်


ဂရန်တီမဲ့တဲ့
ပျိုမျှစ်နုနယ်မှုတွေ
အိုလံပစ်ကြည့်ရင်း
အိုစာလာခဲ့။

စဉ်းစားနေမိတယ်။

တီဗီကြည့်ရင်း
တီဘီအကြောင်း။

အေ့ဒ်တွေ ပေးနေရင်း
အေ့ဒ်ဇ် ကူးစက်ခံရသူတစ်ယောက်အကြောင်း။

ဒီလိုနဲ့
သံဝေဂတွေဝင်လာရော
တဏှာအကြောင်း စဉ်းစားရင်း
သူနာ တစ်ယောက်ကို သတိရသွားမိလို့။

အက္ခရာပါဒယော ဧကစတ္တာလီသံ
စာကျက်သံတွေ နားယောင်ရင်း
အ အစ အံ အဆုံး
အက္ခရာတွေ သီကုံးလိုက်တော့
မုန်းလိုက်တာ
ငါ့ရဲ့ အိုစာခြင်းတွေကို။

.