Wednesday 15 August 2012

အလှူခံပိတ်သိမ်းခြင်း နှင့် ငွေလွှဲပြီးခြင်း

မြန်မာမုဒိတာလူငယ်များအဖွဲ့မှ ဦးစီး၍ သန်လျင်မြို့၊ သာယာကုန်း ဘုန်းတော်ကြီးသင် ပညာရေးပရဟိတကျောင်း၌ ကျောင်းသူကျောင်းသားများအတွက် ကျောင်းဆောင်သစ် တစ်ဆောင် ဆောက်လုပ်ရန်အတွက် (၁၃.၇.၂၀၁၂) သောကြာနေ့ကစပြီး အလှူခံလာခဲ့ပါသည်။ ထိုက်သင့်သလောက် အလှူငွေ လက်ခံရရှိပြီး ဖြစ်သည့်အတွက် ဗြိတိန်နိုင်ငံမှ အလှူခံခြင်းကိစ္စကို ဒီကနေ့ (၁၅.၈.၂၀၁၂) ဗုဒ္ဓဟူးနေ့မှာ ပိတ်သိမ်းလိုက်ပြီ ဖြစ်ပါသည်။

အလှူခံရရှိသည့် စတာလင်ပေါင်ငွေ ၄၀၀ တိတိကိုလဲ မြန်မာနိုင်ငံမှ မုဒိတာအဖွဲ့အကျိုးဆောင် ကျော်စွာစိုးမြတ်ဆီ ဒီကနေ့ လွှဲပို့လိုက်ပြီး ဖြစ်ပါသည်။ လက်ရှိပေါက်ဈေးမှာ စတာလင်ပေါင်ငွေ ၁ ပေါင် လျှင် မြန်မာကျပ်ငွေ ၁၃၃၀ ကျပ် ဖြစ်ပါသည်။ 

၁၃၃၀×၄၀၀= ၅၃၂၀၀၀

မြန်မာကျပ်ငွေဖြင့် ၅၃၂၀၀၀ ကျပ် (ငါးသိန်းသုံးသောင်းနှစ်ထောင်ကျပ်) တိတိ ထုတ်ယူရမှာ ဖြစ်ပါသည်။ ဗြိတိန်နိုင်ငံမှ အလှူရှင်များစာရင်းကို ဖော်ပြပေးလိုက်ပါသည်။

၁။ ကွယ်လွန်သူ မိဘနှစ်ပါးအား ရည်စူး၍ အရှင်ဇနက (အင်္ဂါမောင်) စတာလင်ပေါင် ၅၀
၂။ ကိုကိုမောင်(ပန်းရနံ့) ၊ စတာလင်ပေါင် ၅၀
၃။ အရှင်နာဂသေန (ဘာမင်ဂမ်) ၊ စတာလင်ပေါင် ၂၀
၎။ ဦးတင်အောင် မိသားစု (လန်ဒန်) စတာလင်ပေါင် ၅၀
၅။ ကွယ်လွန်သူ မသက်သက်အား ရည်စူး၍ ကိုမျိုး+မဖြူဖွေး မိသားစု(လန်ဒန်) ၊ စတာလင်ပေါင် ၃၀
၆။ ကိုကို ညီညီ (လန်ဒန်) စတာလင်ပေါင် ၂၀
၇။ မောင်ကျော်+မိုးငယ် (သမီး) ဟတ်စုလွင် (လန်ဒန်) စတာလင်ပေါင် ၃၀
၈။ မောင်နေလင်းအောင်(လန်ဒန်) ၊ စတာလင်ပေါင်ငွေ ၂၅
၉။ မသီတာထွန်း(လန်ဒန်) ၊ စတာလင်ပေါင်ငွေ ၂၅
၁၀။ မောင်အောင်မျိုးသန့်(လန်ဒန်) ၊ စတာလင်ပေါင်ငွေ ၁၀
၁၁။ မပန်းဖြူမွှေး(လန်ဒန်) ၊ စတာလင်ပေါင်ငွေ ၃၀
၁၂။ Vijay (လန်ဒန်) ၊ စတာလင်ပေါင်ငွေ ၁၀
၁၃။ ဒေါက်တာလှစိုး + ဒေါ်ဝေေ၀လွင်စိုး (လန်ဒန်) ၊ စတာလင်ပေါင်ငွေ ၅၀

စုစုပေါင်း စတာလင်ပေါင်ငွေ ၄၀၀ တိတိ


အလှူရှင်များအားလုံး မုဒိတာအဖွဲ့ဝင်များအားလုံး ကမ္ဘာသူကမ္ဘာသားများအားလုံး ကိုယ်ကျန်းမာ စိတ်ချမ်းသာကြပါစေ။
အရှင်ဇနက
လန်ဒန် 

.

2 comments:

Fridaymay said...

sardu!sardu!sardu!

Fridaymay said...

sardu!sardu!sardu!