ဂရန်တီမဲ့တဲ့
ပျိုမျှစ်နုနယ်မှုတွေ
အိုလံပစ်ကြည့်ရင်း
အိုစာလာခဲ့။
စဉ်းစားနေမိတယ်။
တီဗီကြည့်ရင်း
တီဘီအကြောင်း။
အေ့ဒ်တွေ ပေးနေရင်း
အေ့ဒ်ဇ် ကူးစက်ခံရသူတစ်ယောက်အကြောင်း။
ဒီလိုနဲ့
သံဝေဂတွေဝင်လာရော
တဏှာအကြောင်း စဉ်းစားရင်း
သူနာ တစ်ယောက်ကို သတိရသွားမိလို့။
အက္ခရာပါဒယော ဧကစတ္တာလီသံ
စာကျက်သံတွေ နားယောင်ရင်း
အ အစ အံ အဆုံး
အက္ခရာတွေ သီကုံးလိုက်တော့
မုန်းလိုက်တာ
ငါ့ရဲ့ အိုစာခြင်းတွေကို။
.
1 comment:
အိုလံပစ်ကြည့်ရင်း
အိုစာလာတာလားဘုရား
အိုဘားမားနဲ့ အိုစမာဘင်လာဒင်အကြောင်း ဖတ်ရင် ထပ်အိုသွားအုံးမယ်နော်။ :))
အိုစာခြင်းတွေကို မမုန်းပါနဲ့ ဦးဇင်းရဲ့
စိတ်ပျိုရင် ကိုယ်နုပါတယ်။
မွေးနေ့မှစပြီး နေ့ရက်တိုင်းမှာ ကိုယ်စိတ် ချမ်းသာ၍ နုပျိုလန်းဆန်းပါစေ ဘုရား ....
Post a Comment