Saturday 25 August 2012

သာယာကုန်းဘုန်းတော်ကြီးပညာသင်ကျောင်း

သန်လျင်မြို့၊ သာယာကုန်းဘုန်းတော်ကြီးပညာသင်ပရဟိတကျောင်းဝင်းအတွင်း ကျောင်းသူကျောင်းသားများ အသုံးပြုနိုင်ရန် ကျောင်းဆောင်သစ် တစ်ဆောင် ဆောက်လုပ်ဖို့အတွက် အလှူခံခြင်းလုပ်ငန်းကို မြန်မာမုဒိတာလူငယ်များအဖွဲ့မှ ဦးဆောင်ဦးရွက်ပြုလုပ်ခဲ့ရာ အလှူငွေ ပိတ်သိမ်းချိန်၌ လက်ခံရရှိသော အလှူငွေပမာဏမှာ ၁၁၈၆၉၃၀၀ ကျပ်( တစ်ကုဋေ တစ်သန်း ရှစ်သိန်း ခြောက်သောင်း ကိုးထောင့် သုံးရာကျပ်တိတိ) ရရှိခဲ့ပါသည်။ အသေးစိပ်အခြေအနေကို အချိန်နဲ့ တပြေးညီ  မြန်မာမုဒိတာလူငယ်များအဖွဲ့ဘလော့ဂ်၌ တင်ပြထားပါသည်။

မြန်မာ ဗြိတိန် အမေရိကန် ဂျပန် စင်္ကာပူ ထိုင်ဝမ် မလေးရှား စသည့် နိုင်ငံအတွက် အလှူငွေ လက်ခံရရှိမှု အသေးစိပ် အနေအထားကို မုဒိတာဘလော့ဂ်ရဲ့  ဒီနေရာလေးမှာ သွားရောက် ဖတ်ရှုနိုင်ပါသည်။

အလှူငွေ လက်ခံရရှိပြီး ဖြစ်၍ ကျောင်းဆောင်သစ် ဆောက်လုပ်ရန်အတွက် အဆောက်အဦ ပုံကြမ်းကိုလဲ ရေးဆွဲပြီး ဖြစ်ပါသည်။ ၂၀×၄၀ ဖြစ်ပါသည်။ ပုံကြမ်းအသေးစိပ်ကို ပုံနှင့်တကွ ကြည့်ရှုလိုလျှင် ဒီနေရာလေးမှာ သွားရောက် ကြည့်ရှုနိုင်ပါသည်။

အားလုံးကို ကျေးဇူးတင်ပါသည်။
မေတ္တာဖြင့်
အရှင်ဇနက၊ လန်ဒန်




..

No comments: