Wednesday 30 January 2013

အံ့သြဖွယ် မွေးမွေးချင်း စကားပြောခဲ့ကြသူများ

  မွေးဖွားလာတဲ့ ကလေးတွေရဲ့ ကံအကျိုးပေးအရ မိဘတွေမှာ စီးပွါးဖြစ်ထွန်းတတ်တာ စီးပွါးအဆင်မပြေတတ်တာ  ဖြစ်လေ့ဖြစ်ထ ရှိပါတယ်။ ဒါကြောင့်မို့လဲ ကလေးမွေးပြီးမှ စီပွါးတက်လာတဲ့ မိသားစုတွေအနေနဲ့ “ဒီကလေးဟာ ရွှေအိုးထမ်းမွေးဖွားလာတဲ့ကလေး” ဆိုပြီး ပြောလေ့ပြောထရှိကြပါတယ်။  ဒါပေမဲ့ ကလေးမွေးပြီးတဲ့အချိန်ကစပြီး စီးပွါးရေးတွေ ကျဆင်းပြီး ဆုံးရှုံးလာရင်တော့ “ဒီကလေးဟာ ဂြိုဟ်ကောင်လေးဘဲ။ တော်တော့်ကို ဂြိုဟ်မွှေတယ်” စသဖြင့် အပြစ်တင်တတ်ကြပြန်ရော။ အဲဒီလို ကလေးတွေမွေးဖွားပြီးမှ စီးပွါးတက်တာ စီးပွါးကျတာတွေဟာ အဲဒီကလေးက မွေးမွေးချင်း စကားပြောတဲ့ သဘောပါဘဲ။ ပါးစပ်နဲ့ မပြောပေမဲ့ သူ့ကို မွေးဖွားပြီးမှ မိသားစုအခြေအနေ ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာတာဟာ တနည်းနည်းနဲ့ စကားပြောသလိုပါဘဲ။  

အဲဒီလို မွေးဖွားပြီး မိသားစုပြောင်းလဲမှု ဖြစ်စဉ်ကို ကြည့်ပြီး ကလေးက စကားပြောတယ်ဆိုတဲ့ ပုံစံမျိုးမဟုတ်ဘဲ တကယ့်ကို မွေးမွေးချင်း ပါးစပ်နဲ့ စကားပြောခဲ့တဲ့သူ သုံးယောက် လောကကြီးမှာ ပေါ်ပေါက်ခဲ့ဖူးပါတယ်။ သုံးယောက်ဆိုပေမဲ့ အတူပြုလိုက်တဲ့အခါမှာတော့ တစ်ယောက်ထဲလို့ ပြောရင်လဲ ရပါတယ်။ အဲဒီသုံးယောက်လုံးကတော့ ဂေါတမမြတ်ဗုဒ္ဓဖြစ်လာမဲ့ မဟောသဓာမင်းသား၊ ဝေဿန္တရာမင်းသားနှင့် သိဒ္ဓတ္ထမင်းသားတို့ပါဘဲ။ ဒါကြောင့် သုံးယောက်ဆိုပေမဲ့ တစ်ယောက်ထဲလို့ ပြောရင်လဲ ရပါတယ်လို့ ဆိုလိုတာပါ။

မွေးဖွားချင်းချင်း စကားပြောတယ်ဆိုတာ ပါရမီရှင်တွေမှ ဖြစ်နိုင်တဲ့ ကိစ္စပါ။ ဘုရားဖြစ်တော်စဉ်တွေထဲက ဘုရားအလောင်းဘ၀တွေမှာ မွေးဖွားချင်းချင်း စကားပြောဆိုခဲ့တာ သုံးဘ၀တိတိ ရှိခဲ့ပါတယ်။

မဟောသဓာမင်းသားဘဝ
မဟောသဓာမင်းသားလေးဟာ မွေးစဉ်ကထဲက လက်ထဲမှာ ဆေးလုံးလေး ဆုပ်ကိုင်ပြီး မွေးဖွားလာတာပါ။ အဲဒါကို သူ့အမေဖြစ်တဲ့ သုမနဒေ၀ီက “သားငယ် လက်ထဲမှာ ဘာတွေ ဆုပ်ကိုင်ထားတာလဲ" လို့ မေးသတဲ့။ အဲဒီအခါ မင်းသားလေးက “အမေ.. ဒါဟာ နတ်ဆေးလုံးလေးပါ။ ယူဆောင်ပြီး အနာရောဂါရှိသူတို့ကို သွေးပြီးလိမ်ပေးပါ။ အနာရောဂါများ တကယ် ပျောက်မယ်လို့ အာမခံတယ်” လို့ ပြန်ဖြေသတဲ့။

ဝေဿန္တရာမင်းသားဘဝ
ဝေဿန္တရာမင်းသားလေးဟာ သူ့ကိုမွေးဖွားပြီးပြီးချင်း လက်ကလေး ဖြန့်ပြီးတော့  သူ့အမေဆီမှာ “မယ်တော်… မယ်တော်ဆီမှာ ဘာများ ပေးစရာရှိတုန်း” လို့ တောင်းသတဲ့။ သူက ပေးတာကမ်းတာ ၀ါသနာအလွန်ပါတဲ့သူကိုး။ ဒါကြောင့် ရပ်ကွက်ထဲမှာ အလှူရက်ရက်ရောရော လုပ်တဲ့သူ၊ ငွေတွေ ဖောဖောသီသီသုံးဖြုံးနေတဲ့သူကို “အဲဒီလူက ဝေဿန္တရာ လုပ်နေတယ်” စသဖြင့် ပြောဆိုလေ့ရှိကြတာ မဟုတ်လား။

သိဒ္ဓတ္ထမင်းသားဘဝ
သိဒ္ဓတ္ထမင်းသားဟာ သူ့ကို မွေးဖွားပြီးချင်းချင်းဘဲ ခုနစ်လှမ်းလှမ်းပြီး အောက်ပါ စကားတို့ကို ကြွေးကြော်ပြောကြားခဲ့ပါသတဲ့။
-အဂ္ဂေါ ဟ မသ္မိ လောကဿ (ငါဟာ လောကမှာ အမြတ်ဆုံး)
-ဇေဋ္ဌောဟ မသ္မိ လောကဿ (ငါဟာ လောကမှာ အကြီးမြတ်ကြီး)
-သေဋ္ဌောဟ မသ္မိ လောကဿ (ငါဟာ လောကမှာ အမွန်မြတ်ဆုံး)

 -အယ မန္တိမာ ဇာတိ  (ဒီဘ၀မှာ ငါ့အတွက် နောက်ဆုံး)
-နတ္ထိ ဒါနိ ပုနဗ္ဘဝေါ  (ဒီဘ၀ပြီးရင် ဘ၀သစ်ဆိုတာ လုံးဝ မရှိတော့)
..

စာရေးသူတို့ကတော့ မွေးမွေးချင်း အူဝဲအူဝဲ အမျိုးအစားထဲကပါဘဲ။ စကားပြောဖို့ နေနေသာသာ မွေးမွေးချင်းကို အူမ၀ဲနိုင်ကြလို့ မွေးလက်သည်တွေရဲ့ လက်ဝါးရိုက်ချက်တွေအောက် ကလေးတွေရဲ့ တင်ပါးပြင်တွေ ရောက်ခဲ့လေ့ရှိကြသေးတာ မဟုတ်လား။ စကားမပြောနိုင်သည့်တိုင် မွေးမွေးချင်း အူဝဲအူဝဲ သံကုန်ဟစ်နိုင်တယ်ဆိုရင်လဲ မဆိုးလှသေးပါဘူး။ အလောင်းတော်တွေများကတော့ ပါရမီရှင်တွေမို့ ထူးခြားကြတာ မဟုတ်လား။
အဲဒီလို သာမန်လူတို့ မပြုလုပ်နိုင်တဲ့အရာတွေကို ပြုလုပ်နိုင်စွမ်းရှိကြတဲ့ အလောင်းတော်တို့ရဲ့ ဂုဏ်ပုဒ်တွေကတော့ လေးစားပြီးရင်း လေးစားစရာကောင်းရင်းပါဘဲ။


ကိုးကား။
-အရှင်ဇနကာဘိဝံသ ၏ ပရိတ်တရားတော်များ (ဒုတိယအကြိမ်)၊ စာ၊ ၁၅၀။
-ဆက်နွယ်ရာ ဇာတကများ

****Photo from Google search 
http://en.wikipedia.org/wiki/File:Birth_of_buddha_peshawar.JPG. 

Tuesday 29 January 2013

ဗုဒ္ဓရတနာ

 ရတိံ ဇနေတီတိ ရတနံ။
နှစ်သက်စေတတ် ပျော်ရွှင်စေတတ်လို့ ရတနာလို့ ခေါ်တယ်တဲ့။ ရတနာမှန်သမျှ လူတွေကို နှစ်သက်စေတတ် ပျော်ရွှင်စေတတ်ပါတယ်။ ထို့အတူ ဘုရားရှင်ရဲ့ ရုပ်သွင်၊ တရားတော်ရဲ့ ကြည်လင်မှု နက်နဲမှု စတဲ့ ဂုဏ်တော်တွေကြောင့် ဘုရားရှင်ကို ဖူးမြင်ရသူ၊ တရားတော်ကို နာကြားသူတို့စိတ်ထဲမှာလဲ နှစ်သက်မှု များစွာ ဖြစ်ပေါ်စေပါတယ်။ အလှအပကို မြင်ရသူတိုင်း၊ အသံကောင်းလေး ကြားရသူတိုင်း စိတ်ချမ်းသာတတ်ကြတဲ့ သဘောပါဘဲ။ ဘုရားဟော တရားတော်တွေရဲ့ အနက်အဓိပ္ပါယ်တွေကို သေချာစွာသိသူသွားတို့မှာ ပိုလို့ပင် ပျော်ရွှင်နှစ်သက်မှု ဖြစ်စေတတ်ပါတယ်။ အဆုံးအမအတိုင်းလိုက်နာသူတို့မှာလဲ ဈာနရတိဆိုတဲ့ ဈာန်ဖြင့်ပျော်ရွှင်မှု၊ ၀ိပဿနာပီတိလို့ ခေါ်တဲ့ ရုပ်နာမ်ဖြစ်ပျက်ကို မြင်သွားလျှင် ဖြစ်ပေါ်တတ်တဲ့ ပီတိ တို့ကိုလဲ ရရှိစေနိုင်ပါတယ်။ ထိုအပျာ်မျိုးထက် အဘယ်ပျော်ရွှင်မှုမျိုးက သာလွန်နိုင်ပါအံ့နည်း။ ထိုကဲ့သို့ နှစ်သက်မှု၊ ပျော်ရွှင်မှုတို့ကို ဖြစ်စေတတ်တဲ့အတွက်ကြောင့် ဗုဒ္ဓကို ရတနာအနေနဲ့ တင်စားပြီး ဗုဒ္ဓရတနာ (ဘုရားရတနာ) လို့ ခေါ်ဝေါ်သမှု ပြုခဲ့ကြတာပါတဲ့။ ရတနာရဲ့ အနက်အဓိပ္ပါယ်ကတော့ ငါးမျိုးရှိပါတယ်။

စိတ္တီကတံ မဟဂ္ဃဉ္စ၊ အတုလံ ဒုလ္လဘဒဿနံ
အနောမသတ္တပရိဘောဂံ၊ ရတနံ တေန ၀ုစ္စတိ။

The Buddha, venerated, invaluable, unrivaled, rarely seen, and  followed by only the righteous persons,  is known as Buddha-Gem (Trans: Ashin Janaka).

-စိတ္တီကတံ၊ စိတ်၌စွဲကပ် အလေးအမြတ်လည်း ပြုအပ်၏။
-မဟဂ္ဃဉ္စ၊ အဖိုးများစွာလည်း ထိုက်တန်၏။
-အတုလံ၊ အတုလည်းမရှိ။
-ဒုလ္လဘဒဿနဉ္စ၊ မြင်ရခဲသော အရာလည်း ဖြစ်၏။
-အနောမသတ္တပရိဘောဂဉ္စ၊ မယုတ်ညံ့သူ လူမွန်လူမြတ်တို့၏သာ သုံးဆောင်ရာလည်း ဖြစ်၏။
တေန၊ ထိုအကြောင်းများကြောင့်။ ရတနံ၊ ရတနာဟူ၍။ ၀ုစ္စတိ၊ ဆိုအပ်၏။

လင်္ကာ။
လေးစားမြတ်နိုး၊ အဖိုးထိုက်တန်
တုမဲ့ဟန်နှင့်၊ မြင်ရန်ခဲလတ်
သူမြတ်တို့သာ၊ သုံးဆောင်ရာ
ရတနာအနက်ငါး။
(သပြေကန်ဆရာတော်)

ကောက်နှုတ်ချက်။
ပရိတ်ကြီးနိဿယသစ် (သပြေကန်မူ)၊ စာ ၂၂၁-၂၂၇)


Friday 25 January 2013

မင်္ဂလသုတ် နိဿယသစ် (သပြေကန်မူ)

 (၁၀)
ယံ မင်္ဂလံ ဒွါဒသဟိ၊ စိန္တယိံသု သဒေ၀ကာ
သောတ္ထာနံ နာဓိဂစ္ဆန္တိ၊ အဋ္ဌတ္တိံသဉ္စ မင်္ဂလံ။

(၁၁)  
ဒေသိတံ ဒေ၀ဒေဝေန၊ သဗ္ဗပါပ၀ိနာသနံ
သဗ္ဗလောကဟိတတ္ထာယ၊ မင်္ဂလံ တံ ဘဏာမ ဟေ။

ဟေ၊ အို သူတော်ကောင်းတို့။ သဒေ၀ကာ၊ နတ်နှင့်တကွသော လူတို့သည်။ ယံ မင်္ဂလံ၊ အကြင်မင်္ဂလာကို။ ဒွါဒသဟိ၊ တဆဲ့နှစ်နှစ်တို့တိုင်အောင်။ စိန္တိယိံသု၊ ကြံတွေးကြကုန်ပြီ။ သောတ္ထာနံ၊ ချမ်းသာခြင်းအကြောင်း ကောင်းမြတ်သော။ တံ မင်္ဂလံ၊ ထိုမင်္ဂလာကို။ နာဓိဂစ္ဆန္တိ၊ မသိနိုင်ကြကုန်။ ဒေ၀ဒေဝေန၊ နတ်တို့ထက်နတ် အမြတ်ဆုံး ဘုရားရှင်သည်။ သဗ္ဗပါပ၀ိနာသနံ၊ အလုံးစုံသော မကောင်းမှုတို့ကို ပယ်ဖျောက်တတ်သော။ အဋ္ဌတ္တိံသဉ္စ၊ သုံးဆဲ့ရှစ်ပါးလည်း ဖြစ်သော။ ယံ မင်္ဂလံ၊ အကြင်မင်္ဂလာတရားတော်ကို။ သဗ္ဗလောကဟိတတ္ထာယ၊ အလုံးစုံသော သတ္တ၀ါအပေါင်း၏ အကျိုးစီးပွါးအလို့ငှါ။ ဒေသိတံ၊ ဟောတော်မူအပ်ပြီ။ တံ မင်္ဂလံ၊ ထိုသုံးဆဲ့ရှစ်ဖြာ မင်္ဂလာတရားတော်ကို။ မယံ၊ ငါတို့သည်။ ဘဏာမ၊ ရွတ်ကြကုန်စို့။

(၁၂)
ဧ၀ံ မေ သုတံ----
ဧကံ သမယံ ဘဂ၀ါ သာဝတ္ထိယံ ၀ိဟရတိ ဇေတ၀နေ အနာထပိဏ္ဍိကဿ အာရာမေ။ အထခေါ အညတရာ ဒေ၀တာ အဘိက္ကန္တာယ ရတ္တိယာ အဘိက္ကန္တ၀ဏ္ဏာ ကေ၀လကပ္ပံ ဇေတ၀နံ သြဘာသေတွာ ယေန ဘဂ၀ါ တေနုပသင်္ဂမိ၊ ဥပသင်္ဂမိတွာ ဘဂ၀န္တံ အဘိဝါဒေတွာ ဧကမန္တံ အဋ္ဌာသိ။ ဧကမန္တံ ဌိတာ ခေါ သာ ဒေ၀တာ ဘဂ၀န္တံ ဂါထာယ အဇ္ဈဘာသိ။

ဘန္တေ ကဿပ၊ အရှင်မဟာကဿပ။ မေ၊ တပည့်တော်သည်။ ဧ၀ံ၊ ဤသို့။ သုတံ၊ နာခံမှတ်သား ကြားခဲ့ရပါ၏။ ဧကံ၊ တစ်ပါးသော။ သမယံ၊ အခါ၌၊ ဘဂ၀ါ၊ မြတ်စွာဘုရားသည်။ သာဝတ္ထိယံ၊ သာဝတ္ထိနေပြည်တော်၌။ အနာထပိဏ္ဍိကဿ၊ အနာထပိဏ်သူဌေး၏။ ဇေတ၀နေ၊ ဇေတ၀န်မည်သော။ အာရာမေ၊ ကျောင်းတိုက်၌။ ၀ိဟရတိ၊ သီတင်းသုံးတော်မူပါ၏။ အထခေါ၊ ထိုသို့ သီတင်းသုံးစဉ်အခါ၌။ အညတရာ၊ အမျိုးအမည်မထင်ရှားသော။ ဒေ၀တာ၊ နတ်သားသည်။ အဘိက္ကန္တာယ၊ ညဥ့်ဦးယာမ်ကုန်လွန်ခဲ့ပြီးသော။ ရတ္တိယာ၊ သန်းခေါင်ယာမ်အချိန်၌။ အဘိက္ကန္တ၀ဏ္ဏာ၊ အလွန်နှစ်သက်ဖွယ် အဆင်းရှိသည်ဖြစ်၍။ ကေ၀လကပ္ပံ၊ ပတ်ဝန်းကျင်အကုန် အလုံးစုံသော။ ဇေတ၀နံ၊ ဇေတ၀န်ကျောင်းတိုက်ကို။ သြဘာသေတွာ၊ ကိုယ်အရောင်ဖြင့် ထွန်းပြောင်ထိန်လင်းစေ၍။ ယေန၊ အကြင်အရပ်၌။ ဘဂ၀ါ၊ မြတ်စွာဘုရားသည်။ အတ္ထိ၊ ရှိ၏။ တေန၊ ထိုဘုရားရှင်ရှိရာ အရပ်သို့။ ဥပသင်္ဂမိ၊ ချဉ်းကပ်ခဲ့ပါပြီ။ ဥပသင်္ဂမိတွာ၊ ချဉ်းကပ်ပြီး၍။ ဘဂ၀န္တံ၊ မြတ်စွာဘုရားကို။ အဘိဝါဒေတွာ၊ အလွန်ရိုသေစွာ ရှိခိုးပြီး၍။ ဧကမန္တံ၊ သင့်တင့်လျောက်ပတ်သော အရပ်၌။ အဋ္ဌာသိ၊ ရပ်နေပါပြီ။ ဧကမန္တံ၊ သင့်တင့်လျောက်ပတ်သော အရပ်၌။ ဌိတာ ခေါ၊ ရပ်နေသော။ သာ ဒေ၀တာ၊ ထိုနတ်သားသည်။ ဘဂ၀န္တံ၊ မြတ်စွာဘုရားကို။ ဂါထာယ၊ ဂါထာဖြင့်။ အဇ္ဈဘာသိ၊ လျှောက်ထားခဲ့ပါပြီ။

(၁၃)
ဗဟူ ဒေ၀ါ မနုဿာ စ၊ မင်္ဂလာနိ အစိန္တယုံ
အာကင်္ခမာနာ သောတ္ထာနံ၊ ဗြူဟိ မင်္ဂလမုတ္တမံ။

ဘန္တေ၊ မြတ်စွာဘုရား။ သောတ္ထာနံ၊ ခုဘ၀ နောင်အခါ ချမ်းသာသည်၏ အဖြစ်ကို။ အာကင်္ခမာနာ၊ လိုလားတောင့်တကြကုန်သော။ ဗဟူ၊ များစွာကုန်သော။ ဒေ၀ါစ၊ နတ်ဗြဟ္မာတို့သည်၎င်း။ မနုဿာ စ၊ လူတို့သည်၎င်း။ မင်္ဂလာနိ၊ ကြီးပွါးချမ်းသာကြောင်း မင်္ဂလာတို့ကို။ အစိန္တယုံ၊ ကြံတွေးစဉ်းစားခဲ့ကြပါကုန်ပြီ။ (တွံ၊ ရှင်တော်မြတ်ဘုရားသည်)။ ဥတ္တမံ၊ ကောင်းမြတ်သော။ မင်္ဂလံ၊ မင်္ဂလာကို။ ဗြူဟိ၊ ဟောကြားတော်မူပါ။ 

(၁၄)
အသေ၀နာ စ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေ၀နာ
ပူဇာ စ ပူဇနေယျာနံ၊ ဧတံ မင်္ဂလမုတ္တမံ။

ဒေ၀ပုတ္တ၊ နတ်သား။ ဗာလာနံ၊ လူမိုက်တို့ကို။ ယာ အသေ၀နာ စ၊ အကြင်မပေါင်းသင်း မမှီဝဲခြင်းသည်၎င်း။ ပဏ္ဍိတာနံ၊ ပညာရှိသူတော်ကောင်းတို့ကို။ ယာ သေ၀နာ စ၊ အကြင်ပေါင်းသင်း မှီဝဲခြင်းသည်၎င်း။ ပူဇနေယျာနံ၊ ပူဇော်ထိုက်သော သူတို့ကို။ ယာ ပူဇာ စ၊ အကြင်ပူဇော်ခြင်းသည်၎င်း။ အတ္ထိ၊ ရှိ၏။ ဧတံ၊ ဤတရားသုံးပါးကား။ ဥတ္တမံ၊ ကောင်းမြတ်သော။ မင်္ဂလံ၊ မင်္ဂလာပေတည်း။

(၁၅)
ပတိရူပဒေသ၀ါသော စ၊ ပုဗ္ဗေ စ ကတပုညတာ
အတ္တသမ္မာပဏိဓိ စ၊ ဧတံ မင်္ဂလမုတ္တမံ။

ဒေ၀ပုတ္တ၊ နတ်သား။ ယော ပတိရူပဒေသ၀ါသော စ၊ အကြင် သင့်လျော်လျောက်ပတ်သော အရပ်၌ နေရခြင်းသည်၎င်း။ ပုဗ္ဗေ၊ ရှေးရှေးဘ၀၌။ ယာ ကတပုညတာ စ၊ အကြင်ပြုခဲ့ဘူးသည့် ကောင်းမှုရှိသောသူ၏ အဖြစ်သည်၎င်း။ ယော အတ္တသမ္မာပဏိဓိ စ၊ အကြင်ကိုယ်စိတ် နှစ်ပါးကို ကောင်းစွာထားခြင်းသည်၎င်း။ အတ္ထိ၊ ရှိ၏။ ဧတံ၊ ဤတရားသုံးပါးကား။ ဥတ္တမံ၊ ကောင်းမြတ်သော။ မင်္ဂလံ၊ မင်္ဂလာပေတည်း။

(၁၆)
ဗာဟုသစ္စဉ္စ သိပ္ပဉ္စ၊ ၀ိနယော စ သုသိက္ခိတော
သုဘာသိတာ စ ယာ ၀ါစာ၊ ဧတံ မင်္ဂလမုတ္တမံ။

ဒေ၀ပုတ္တ၊ နတ်သား။ ယံ ဗာဟုသစ္စဉ္စ၊ အကြင်များသော အကြားအမြင်ရှိသူ၏ အဖြစ်သည်၎င်း။ ယံ သိပ္ပဉ္စ၊ အကြင်လက်မှုပညာ တတ်မြောက်ခြင်းသည်၎င်း။ သုသိက္ခိတော၊ ကောင်းစွာသင်အပ်ကျင့်အပ်သော၊ ယော ၀ိနယော စ၊ အကြင်ကိုယ်ကျင့်ဝိနည်းတရားသည်၎င်း။ သုဘာသိတာ၊ ကောင်းစွာပြောဆိုအပ်သော။ ယာ ၀ါစာ စ၊ အကြင်စကားသည်၎င်း။ အတ္ထိ၊ ရှိ၏။ ဧတံ၊ ဤတရားလေးပါးကား။ ဥတ္တမံ၊ ကောင်းမြတ်သော။ မင်္ဂလံ၊ မင်္ဂလာပေတည်း။

(၁၇)
မာတာပိတု ဥပဋ္ဌာနံ၊ ပုတ္တဒါရဿ သင်္ဂဟော
အနာကုလာ စ ကမ္မန္တာ၊ ဧတံ မင်္ဂလမုတ္တမံ။

ဒေ၀ပုတ္တ၊ နတ်သား။ မာတာပိတု၊ အမိအဘကို။ ယံ ဥပဋ္ဌာနဉ္စ၊ အကြင်လုပ်ကျွေးပြုစုခြင်းသည်၎င်း။ ပုတ္တဒါရဿ၊ သားမယားကို။ ယော သင်္ဂဟော စ၊ အကြင်ချီးမြှောက်ထောက်ပံ့ခြင်းသည်၎င်း။ အနာကုလာ၊ ရှုပ်ထွေးခြင်းကင်း သန့်ရှင်းကုန်သော။ ယေ ကမ္မန္တာ စ၊ အကြင်အမှုလုပ်တို့သည်၎င်း။  အတ္ထိ၊ ရှိကုန်၏။ ဧတံ၊ ဤတရားလေးပါးကား။ ဥတ္တမံ၊ ကောင်းမြတ်သော။ မင်္ဂလံ၊ မင်္ဂလာပေတည်း။

(၁၈)
ဒါနဉ္စ ဓမ္မစရိယာ စ၊ ဥာတကာနဉ္စ သင်္ဂဟော
အန၀ဇ္ဇာနိ ကမ္မာနိ၊ ဧတံ မင်္ဂလမုတ္တမံ။

ဒေ၀ပုတ္တ၊ နတ်သား။ ယံ ဒါနဉ္စ၊ အကြင်ပေးကမ်းလှူဒါန်းခြင်းသည်၎င်း။ ယာ ဓမ္မစရိယာ စ၊ အကြင် သုစရိုက်တရားကို ကျင့်ခြင်းသည်၎င်း။ ဥာတကာနံ၊ ဆွေမျိုးတို့ကို။ ယော သင်္ဂဟော စ၊ အကြင်ချီးမြှောက်ထောက်ပံ့ခြင်းသည်၎င်း။ အန၀ဇ္ဇာနိ၊ အပြစ်မရှိကုန်သော။ ယာနိ ကမ္မာနိ စ၊ အကြင်အမှုတို့သည်၎င်း။ အတ္ထိ၊ ရှိကုန်၏။ ဧတံ၊ ဤတရားလေးပါးကား။ ဥတ္တမံ၊ ကောင်းမြတ်သော။ မင်္ဂလံ၊ မင်္ဂလာပေတည်း။

(၁၉)
အာရတီ ၀ိရတီ ပါပါ၊ မဇ္ဇပါနာ စ သံယမော
အပ္ပမာဒေါ စ ဓမ္မေသု၊ ဧတံ မင်္ဂလမုတ္တမံ။

ဒေ၀ပုတ္တ၊ နတ်သား။ ပါပါ၊ မကောင်းမှုမှ။ ယာ အာရတိ စ၊ အကြင်စိတ်ဖြင့် ရှောင်ကြဉ်ခြင်းသည်၎င်း။ ယာ ၀ိရတိ စ၊ အကြင်ကိုယ်နှုတ်တို့ဖြင့် ရှောင်ကြဉ်ခြင်းသည်၎င်း။ မဇ္ဇပါနာ၊ သေရည်အရက် သောက်ခြင်းမှ။ ယော သံယမော စ၊ အကြင်စောင့်စည်းခြင်းသည်၎င်း။ ဓမ္မေသု၊ ကုသိုလ်တရားတို့၌။ ယော အပ္ပမာဒေါ စ၊ အကြင်မမေ့မလျော့ခြင်းသည်၎င်း။ အတ္ထိ၊ ရှိ၏။ ဧတံ၊ ဤတရားသုံးပါးကား။ ဥတ္တမံ၊ ကောင်းမြတ်သော။ မင်္ဂလံ၊ မင်္ဂလာပေတည်း။

(၂၀)
ဂါရဝေါ စ နိဝါတော စ၊ သန္တုဋ္ဌိ စ ကတညုတာ
ကာလေန ဓမ္မဿဝနံ၊ ဧတံ မင်္ဂလမုတ္တမံ။

ဒေ၀ပုတ္တ၊ နတ်သား။ ယော ဂါရဝေါ စ၊ အကြင်ရိုသေထိုက်သော သူတို့ကို ရိုသေခြင်းသည်၎င်း။ ယော နိဝါတောစ၊ အကြင်မိမိကိုယ်ကို နှိမ်ချခြင်းသည်၎င်း။  ယာ သန္တုဋ္ဌိ စ၊ အကြင်ရောင့်ရဲလွယ်ခြင်းသည်၎င်း။ ယာ ကတညုတာ စ၊ အကြင်ပြုခဲ့ဘူးသည့် ကျေးဇူးကို သိသူ၏ အဖြစ်သည်၎င်း။ ကာလေန၊ သင့်လျော်သောအခါ၌။ ယံ ဓမ္မဿဝနဉ္စ၊ အကြင်တရားနာခြင်းသည်၎င်း။  အတ္ထိ၊ ရှိ၏။ ဧတံ၊ ဤတရားငါးပါးကား။ ဥတ္တမံ၊ ကောင်းမြတ်သော။ မင်္ဂလံ၊ မင်္ဂလာပေတည်း။

(၂၁)
ခန္တီ စ သောဝစဿတာ၊ သမဏာနဉ္စ ဒဿနံ
ကာလေန ဓမ္မသာကစ္ဆာ၊ ဧတံ မင်္ဂလမုတ္တမံ။

ဒေ၀ပုတ္တ၊ နတ်သား။ ယာ ခန္တီ စ၊ အကြင်သည်းခံခြင်းသည်၎င်း။ ယာ သောဝစဿတာ စ၊ အကြင်ပြောဆိုဆုံးမလွယ်သူ၏ အဖြစ်သည်၎င်း။ သမဏာနံ၊ ရဟန်းတော်တို့ကို။ ယံ ဒဿနဉ္စ၊ အကြင်ဖူးမြင်ရခြင်းသည်၎င်း။ ကာလေန၊ သင့်လျော်သောအခါ၌။ ယာ ဓမ္မသာကစ္ဆာ စ၊ အကြင်တရားဆွေးနွေးခြင်းသည်၎င်း။ အတ္ထိ၊ ရှိ၏။ ဧတံ၊ ဤတရားလေးပါးကား။ ဥတ္တမံ၊ ကောင်းမြတ်သော။ မင်္ဂလံ၊ မင်္ဂလာပေတည်း။

(၂၂)
တပေါ စ ဗြဟ္မစရိယဉ္စ၊ အရိယသစ္စာန ဒဿနံ
နိဗ္ဗာနသစ္ဆိကိရိယာ စ၊ ဧတံ မင်္ဂလမုတ္တမံ။

ဒေ၀ပုတ္တ၊ နတ်သား။ ယော တပေါ စ၊ အကြင်တပခေါ် အကျင့်ကို ကျင့်ခြင်းသည်၎င်း။ ယံ ဗြဟ္မစရိယဉ္စ၊ အကြင်ဗြဟ္မစရိယခေါ် မြတ်သောအကျင့်ကို ကျင့်ခြင်းသည်၎င်း။ အရိယသစ္စာနံ၊ အရိယသစ္စာတို့ကို။ ယံ ဒဿနဉ္စ၊ အကြင်သိမြင်ခြင်းသည်၎င်း။ ယာ နိဗ္ဗာနသစ္ဆိကိရိယာ စ၊ အကြင်နိဗ္ဗာန်ကို မျက်မှောက်ပြုခြင်းသည်၎င်း။  အတ္ထိ၊ ရှိ၏။ ဧတံ၊ ဤတရားလေးပါးကား။ ဥတ္တမံ၊ ကောင်းမြတ်သော။ မင်္ဂလံ၊ မင်္ဂလာပေတည်း။

(၂၃)
ဖုဋ္ဌဿ လောကဓမ္မေဟိ၊ စိတ္တံ ယဿ န ကမ္ပတိ
အသောကံ ၀ိရဇံ ခေမံ၊ ဧတံ မင်္ဂလမုတ္တမံ။

ဒေ၀ပုတ္တ၊ နတ်သား။ လောကဓမ္မေဟိ၊ လောကဓံတရားတို့နှင့်။ ဖုဋ္ဌဿ၊ တွေ့ကြုံရသော။ ယဿ၊ အကြင်ပုဂ္ဂိုလ်၏။ စိတ္တံ၊ စိတ်သည်။ န ကမ္ပတိ၊ မတုန်လှုပ်။ အသောကံ၊ စိုးရိမ်ပူဆွေးခြင်းလည်းမရှိ။ ၀ိရဇံ၊ ရာဂစသော မြူလည်းမရှိ။ ခေမံ၊ ဘေးလည်းမရှိ။  ဧတံ၊ ဤတရားလေးပါးကား။ ဥတ္တမံ၊ ကောင်းမြတ်သော။ မင်္ဂလံ၊ မင်္ဂလာပေတည်း။

(၂၄)
ဧတာဒိသာနိ ကတွာန၊ သဗ္ဗတ္ထ မပရာဇိတာ
သဗ္ဗတ္ထ သောတ္ထိံ ဂစ္ဆန္တိ၊ တံ တေသံ မင်္ဂလမုတ္တမံ။

ဒေ၀ပုတ္တ၊ နတ်သား။ ဧတာဒိသာနိ၊ ဤဆိုခဲ့ပြီးသော ၃၈ပါး မင်္ဂလာတရားတို့ကို။ ကတွာန၊ ပြုကျင့်ရကုန်၍။ သဗ္ဗတ္ထ၊ ခပ်သိမ်းသော ရန်သူတို့၌။ အပရာဇိတာ၊ အရှုံးမခံရ အောင်နိုင်ကြကုန်၍။ သဗ္ဗတ္ထ၊ နေရာခပ်သိမ်း၌။ သောတ္ထိံ၊ ချမ်းသာခြင်းသို့။ ဂစ္ဆန္တိ၊ ရောက်ကြရကုန်၏။ တေသံ၊ ထိုမင်္ဂလာ ပြုကြသူတို့၏။ တံ၊ ထို ၃၈ဖြာ မင်္ဂလာသည်။ ဥတ္တမံ၊ ကောင်းမြတ်သော။ မင်္ဂလံ၊ မင်္ဂလာပေတည်း။

မင်္ဂလသုတ္တံ နိဋ္ဌိတံ။
မင်္ဂလသုတ္တံ၊ မင်္ဂလသုတ်သည်။ နိဋ္ဌိတံ၊ ပြီးပြီ။


.

Thursday 24 January 2013

သပြေကန်မူပရိတ်ကြီးနိဿယသစ်

 သာသနာ့လောကမှာ ကိုရင်ပေါက်စလေးက အစ  အသက်ရာကျော်ရှည်ကြတဲ့ ဆရာတော်များအဆုံး ကင်းလွတ်လို့ မရတာဟာ ဘုရားဟော ပရိတ်တရားတော်ဘဲ ဖြစ်ပါတယ်။ နေ့စဉ်အသုံးပြုနေရတဲ့ ဒေသနာတော်တစ်ခုလဲ ဖြစ်ပါတယ်။ သာရေးနာရေးက အစ နေ့စဉ်ပြုလုပ်နေကျ ဘုရားရှိခိုးအဆုံး ပရိတ်တော်ကို အသုံးပြုနေကြရပါတယ်။ ဘုရားဟောတရားဖြစ်တဲ့အလျှောက် နေ့စဉ်ရွတ်ဖတ်ပူဇော်သူတို့အတွက် မကောင်းမှုတွေ မကျရောက်ရအောင် ကာကွယ်တားဆီးပေးတဲ့ အကာအကွယ်ကောင်း တစ်ခုလဲ ဖြစ်ပါတယ်။

ရဟန်းသံဃာတော်များ၊ သာမဏေသီလရှင်များ၊ ဗုဒ္ဓဘာသာဝင် အစိုးရလူကြီးမင်းများ၊ စစ်သည်တော်များ၊ ဒကာဒကာမများ၊ ယုတ်စွအဆုံး ကလေးသူများ အားလုံးတို့ရဲ့ အားကိုးရာလဲ ဖြစ်ပါတယ်။ နေ့စဉ်ပရိတ်ရွတ်ဖတ်နေသူပေါင်း သန်းပေါင်းများစွာ ရှိနေမှာ သေချာပါတယ်။ အဲဒီလောက်ထိ အသုံးဝင်လှတဲ့ ပရိတ်ဒေသနာတော်ပါ။

စာရေးသူတို့ ကလေးဘ၀ကထဲက သမန္တာစက္က၀ါဠေသု နဲ့ မိတ်ဆွေဖြစ်ခဲ့ကြပါတယ်။ ဘုန်းတော်ကြီးကျောင်းတွေမှာ ပါဠိဖတ်တတ်ပြီဆိုရင် ပရိတ်ကြီးကို စတင် သင်ယူစေပါတယ်။ ကလေးဘ၀ဆိုတော့ ပါးစပ်ကတော့ သမန္တာစက္က၀ါဠေသု ဆိုခဲ့ပေမဲ့ အနက်အဓိပ္ပါယ်ကိုတော့ ကလေးပီပီ မသိခဲ့ကြပါဘူး။ နောက်မှ တဖြည်းဖြည်း သိလာခဲ့ရတာပါ။

ပရိတ်ရွတ်ဖတ်သူတို့အနေနဲ့ အနက်အဓိပ္ပါယ်ကို သိပြီး ရွတ်ဖတ်မှ အကျိုးပိုများစေပါတယ်။ ဒါကြောင့် နေ့စဉ်အသုံးပြုနေတဲ့ ပရိတ်တရားတော်တို့ရဲ့ အနက်အဓိပ္ပါယ်ကို သိနားလည်ဖို့ လိုအပ်ပါတယ်။  အနက်အဓိပ္ပါယ်မသိဘဲ ရွတ်ဆိုနေရင် ကိုယ်စီးတဲ့မြင်း အထီးမှန်း အမမှန်းမသိဆိုသလို ဖြစ်နေတတ်ပါတယ်။ ပါးစပ်ကသာ ရွတ်ဆိုနေပြီး ဘာအဓိပ္ပါယ်ထွက်နေမှန်းမသိရင် ထင်သလောက် အကျိုးမပေါက်ဘူးပေါ့။ 

စာရေးသူအနေနဲ့ ပရိတ်ကြီးနိဿယကို သုံးလေးမူလောက် ဖတ်ခဲ့ဖူးပါတယ်။ အားလုံး သူ့ဟာနဲ့သူ အဆင်ပြေကောင်းမွန်ကြပါတယ်။ ဒါပေမဲ့ သပြေကန်ဆရာတော်ဘုရားကြီးရေးတဲ့ ပရိတ်ကြီးနိဿယသစ်ကိုတော့ အကြိုက်ဆုံးပါ။ အဓိပ္ပါယ်ရှင်းလင်းချက်တွေ အရမ်းကောင်းပါတယ်။ ပြီးတော့ နိဒါန်းရေးပေးတဲ့ ဆရာတော်အရှင်သီလာနန္ဒာဘိဝံသရဲ့ စာကလဲ အရမ်းကောင်းပါတယ်။ အချိန်ရရင် အဲဒီစာအုပ်ကို ဖတ်ကြဖို့ တိုက်တွန်းလိုပါတယ်။ အခုတော့ ပရိတ်ကြီးနိဿယသစ်ရဲ့ ပါဠိနှင့်အနက်ဆံသက်သက်ကိုဘဲ စာရေးသူ ရေးတင်ချင်ပါတယ်။ အချိန်ရရင် ပရိတ်ကြီး ၁၁ သုတ်လုံးရဲ့ ပါဠိနှင့်အနက်ဆံတွေကို နဲနဲစီတင်ပေးပါ့မယ်။ ပရိတ်တရားတော်တွေရဲ့ အနက်အဓိပ္ပါယ်တို့ကို သိထားပြီး ရွတ်ဖတ်သရဇ္ဈာယ်ရင် ပိုပြီးအကျိုးများစေတဲ့အတွက် လေ့လာထားသင့်တယ်လို့ ထင်ပါတယ်။ တစ်အုပ်လုံး အပြည့်အစုံဖတ်ချင်သူများကတော့ ဒီနေရာမှာ ဖတ်လို့ရနိုင်ပါတယ်။

ပဉ္စမအကြိမ်ထုတ်ဝေတဲ့ ပရိတ်ကြီးနိဿယသစ်စာအုပ်မှာ စာမျက်နှာ ၅၉၄မျက်နှာတိတိရှိပါတယ်။ အဲဒီစာအုပ်ရဲ့ စာမျက်နှာ ၂၀၇နှင့်၂၀၈ မှာ ပရိတ်ရွတ်ဖတ်သူ  ပြည့်စုံရမဲ့ အင်္ဂါကို ပါထိကအဋ္ဌကထာ (စာ၊၁၄၉)  နှင့် ပရိတ်နာယူသူတို့ ပြည့်စုံရမဲ့ အင်္ဂါကို မိလိန္ဒပဥှာ (စာ၊ ၁၅၅) တို့မှ ကောက်နှုတ်ပြီး  တင်ပြထားပါတယ်။ အဲဒါတွေကတော့....

ရွတ်ဖတ်သူ ပြည့်စုံရမည့်အင်္ဂါ
၁။အနက်သဒ္ဒါကို သုတ်သင်၍ ကောင်းစွာသင်ယူထားခြင်း
၂။ပုဒ်ဗျည်းတို့ကို မယုတ်စေရ၊ ပြည့်စုံအောင် လေ့လာကျက်မှတ်ထားခြင်း
၃။လာဘ်လာဘကို မငဲ့ မေတ္တာရှေ့ထား၍ ရွတ်ဆိုခြင်း

နာယူသူ ပြည့်စုံရမည့်အင်္ဂါ
၁။ပဉ္စာနန္တရိယကံမရှိခြင်း
၂။နိယတမိစ္ဆာဒိဋ္ဌိမဟုတ်ခြင်း
၃။ပရိတ်တန်ခိုးကို ယုံကြည်ခြင်း

အားလုံး ပရိတ်တရားတော်တွေရဲ့ အစွမ်းအာနုဘော်ကြောင့် ကောင်းကျိုးသုခမင်္ဂလာအ၀၀နဲ့ ပြည့်စုံနိုင်ကြပါစေ။
 (အရှင်ဇနက (အင်္ဂါမောင်) )




သပြေကန်မူ ပရိတ်ကြီး နိဿယသစ်
..
နမော တဿ ဘဂ၀တော့ အရဟတော သမ္မာသမ္ဗုဒ္ဓဿ
********

(၁) သမန္တာ စက္က၀ါဠေသု၊ အတြာဂစ္ဆန္တု ဒေ၀တာ
သဒ္ဓမ္မံ မုနိရာဇဿ၊ သုဏန္တု သဂ္ဂမောက္ခဒံ။

သမန္တာ၊ ဤစကြာဝဠာခွင် ပတ်ဝန်းကျင်မှ။ စက္က၀ါဠေသု၊ စကြာဝဠာပေါင်း တိုက်တစ်သောင်းတို့၌။ ဒေ၀တာ၊ နတ်ဗြဟ္မာတို့သည်။ အတြ၊ ဤပရိတ်တရား ဟောကြားရာဌာနသို့။ အာဂစ္ဆန္တု၊ လာရောက်ကြကုန်လော့။ မုနိရာဇဿ၊ မုနိတို့ဘုရင် ရှင်တော်မြတ်ဘုရား၏။ သဂ္ဂမောက္ခဒံ၊ နတ်ပြည်နိဗ္ဗာန်အကျိုးကိုပေးတတ်သော။ သဒ္ဓမ္မံ၊ ပရိတ်တရားတော်ကို။ သုဏန္တု၊ နာလှည့်ကြကုန်လော့။ 

(၂)
ဓမ္မဿဝနကာလော အယံ ဘဒ္ဒန္တာ။

ဘဒ္ဒန္တာ၊ အိုနတ်များတို့။ အယံ၊ ဤအချိန်ကား။ ဓမ္မဿဝနကာလော၊ တရားနာဖို့ အချိန်အခါပေတည်း။

(၃)
 နမော တဿ ဘဂ၀တော့ အရဟတော သမ္မာသမ္ဗုဒ္ဓဿ။
အရဟတော၊ ဗြဟ္မာ လူ နတ် လေးမြတ်ကော်ရော် အလှူတော်မှန် အပူဇော်ခံတော်မူထိုက်သော။ သမ္မာသမ္ဗုဒ္ဓဿ၊ အမှန်အတိုင်းသာ ဆရာမရှိ တရားစုံကို ကိုယ်တိုင် သိတော်မူထသော။ တဿဘဂ၀တော၊ ထိုဘုန်းတော်ခြောက်စုံ ဂုဏ်များသခင် ရှင်တော်မြတ်ဘုရားအား၊ နမော၊ ရိုသေမြတ်နိုး ရှိခိုးကန်တော့ခြင်းသည်။ (အတ္ထု၊ ဖြစ်ပါစေသတည်း။)

(၄)
ယေသန္တာ သန္တစိတ္တာ တိသရဏသရဏာ ဧတ္ထလောကန္တရေ၀ါ၊ 
ဘုမ္မာ ဘုမ္မာစ ဒေ၀ါ ဂုဏ ဂဏ ဂဟဏ ဗျာဝဋာ သဗ္ဗကာလံ။
ဧတေ အာယန္တု ဒေ၀ါ ၀ရကနကမယေ မေရုရာဇေ ၀သန္တော
သန္တောသဟေတုံ မုနိဝရ၀စနံ သောတုမဂ္ဂံ သမဂ္ဂံ။

ဧတ္ထ၀ါ၊ ဤစကြာဝဠာ၌၄င်း။ လောကန္တရေ၀ါ၊ စကြာဝဠာ တပါး၌၄င်း။ သန္တာ၊ သူတော်ကောင်းဖြစ်ကုန်သော။ သန္တစိတ္တာ၊ ငြိမ်သက်သော စိတ်နှလုံး ရှိကြကုန်သော။ တိသရဏသရဏာ၊ ရတနာသုံးပါးသာ ကိုးကွယ်ရာရှိကြကုန်သော။ သဗ္ဗကာလံ၊ အခါခပ်သိမ်း။ ဂုဏဂဏဂဟဏဗျာဝဋာ၊ ဂုဏ်အပေါင်းကို ရယူရေး၌ အားစိုက်ကြိုးပမ်းကြကုန်သော။ ဘုမ္မာ၊ မြေ၌ဖြစ်ကုန်သော။ ယေဒေ၀ါစ၊ အကြင်နတ်တို့သည်၎င်း။ အဘုမ္မာ၊ မြေမှတပါး ကောင်းကင်တလွှား၌ ဖြစ်ကုန်သော။ ယေဒေ၀ါစ၊ အကြင်နတ်ဗြဟ္မာတို့သည်၎င်း။ ၀ရကနကမယေ၊ မြတ်သော ရွှေစင်ဖြင့် ပြီးသော။ မေရုရာဇေ၊ တောင်မင်းထွတ်ခေါင် မြင်းမိုရ်တောင်၌။ ၀သန္တော၊ နေသော။ သန္တော၊ သူတော်ကောင်းဖြစ်သော။ ယောဒေဝေါစ၊ အကြင်သိကြားနတ်မင်းသည်၎င်း။ (အတ္ထိ၊ ရှိကုန်၏)။ ဧတေဒေ၀ါ၊ ထိုနတ်ဗြဟ္မာတို့သည်။ သန္တောသဟေတုံ၊ လွန်စွာနှစ်သက် ၀မ်းမြောက်ခြင်း၏ အကြောင်းဖြစ်သော။ အဂ္ဂံ၊ ကောင်းမြတ်သော။ မုနိဝရ၀စနံ၊ ဘုရားမြတ်၏ စကားတရားတော်ကို။ သောတုံ၊ နာယူခြင်းငှါ။ သမဂ္ဂံ၊ အညီအညွတ်။ အာယန္တု၊ လာကြကုန်လော့။

(၅)
သဗ္ဗေသု စက္က၀ါဠေသု၊ ယက္ခာ ဒေ၀ါစ ဗြဟ္မနော၊
ယံ အမှေဟိ ကတံ ပုညံ၊ သဗ္ဗသမ္ပတ္တိသာဓကံ။

(၆)
သဗ္ဗေ တံ အနုမောဒိတွာ၊ သမဂ္ဂါ သာသနေ ရတာ၊
ပမာဒ ရဟိတာ ဟောန္တု၊ အာရက္ခာသု ၀ိသေသတော။

သဗ္ဗေသု၊ အလုံးစုံလည်းဖြစ်ကုန်သော။ စက္က၀ါဠေသု၊ စကြာဝဠာပေါင်း တိုက်တသောင်းတို့၌။ သဗ္ဗေ၊ ခပ်သိမ်းကုန်သော။ ယက္ခာစ၊ ဘီလူးတို့သည်၎င်း။ ဒေ၀ါစ၊ နတ်တို့သည်၎င်း။ ဗြဟ္မာနောစ၊ ဗြဟ္မာတို့သည်၎င်း။ အမှေဟိ၊ ငါတို့သည်။ သဗ္ဗသမ္ပတ္တိသာဓကံ၊ အလုံးစုံသော စည်းစိမ်ချမ်းသာတို့ကို ပြီးမြောက်စေတတ်သော။ ယံပုညံ၊ အကြင် ကောင်းမှုကို။ ကတံ၊ ပြုအပ်ပြီ။ 

တံပုညံ၊ ထိုကောင်းမှုကို။ အနုမောဒိတွာ၊ ၀မ်းမြောက်ကြကုန်၍။ သမဂ္ဂါ၊ ညီညွတ်ကြကုန်လျှက်။ သာသနေ၊ ဘုရားအဆုံးအမတော်၌။ ရတာ၊ မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်ကြကုန်သည်။ ဟောန္တု၊ ဖြစ်ကြပါကုန်လော့။ ၀ိသေသတော၊ အထူးအားဖြင့်။ အာရက္ခာသု၊ လူသားတို့ဝယ် ကာကွယ်စောင့်ရှောက်မှုတို့၌။ ပမာဒရဟိတာ၊ မေ့လျော့ခြင်းမှ ကင်းကြကုန်သည်။ ဟောန္တု၊ ဖြစ်ကြပါကုန်လော့။

(၇)
သာသနဿ စ လောကဿ၊ ၀ုဍ္ဎိ ဘ၀တု သဗ္ဗဒါ၊
သာသနမ္ပိ စ လောကဉ္စ၊ ဒေ၀ါ ရက္ခန္တု သဗ္ဗဒါ။

သာသနဿ စ၊ မြတ်စွာဘုရား သာသနာတော်၏၄င်း။ လောကဿစ၊ သတ္တ၀ါအပေါင်း၏၄င်း။ သဗ္ဗဒါ၊ အခါခပ်သိမ်း။ ၀ုဍ္ဎိ၊ ကြီးပွါးတိုးတက်ခြင်းသည်။ ဘ၀တု၊ ဖြစ်ပါစေသတည်း။ သာသနမ္ပိစ၊ သာသနာတော်ကို၎င်း။ လောကဉ္စ၊ သတ္တ၀ါအပေါင်းကို၎င်း။ ဒေ၀ါ၊ နတ်အများတို့သည်။ သဗ္ဗဒါ၊ အခါခပ်သိမ်း။ ရက္ခန္တု၊ စောင့်ရှောက်ကြပါစေကုန်သတည်း။ 

(၈)
သဒ္ဓိံ ဟောန္တု သုခီ သဗ္ဗေ၊ ပရိဝါရေဟိ အတ္တနော၊
အနီဃာ သုမနာ ဟောန္တု၊ သဟ သဗ္ဗေဟိ ဥာတိဘိ။

သဗ္ဗေ၊ သတ္တ၀ါအလုံးစုံတို့သည်။ အတ္တနော၊ မိမိ၏။ ပရိဝါရေဟိ၊ ခြွေရံသင်းပင်းတို့နှင့်။ သဒ္ဓိံ၊ အတူတကွ။ သုခီ၊ ချမ်းသာခြင်းရှိကြကုန်သည်။ ဟောန္တု၊ ဖြစ်ကြပါစေကုန်သတည်း။ သဗ္ဗေဟိ၊ အလုံးစုံကုန်သော။ ဥာတိဘိ၊ အဆွေအမျိုးတို့နှင့်။ သဟ၊ အတူတကွ။ အနီဃာ၊ ဆင်းရဲမရှိကုန်သည်။ သုမနာ၊ နှစ်သက်ရွှင်လန်း စိတ်ချမ်းသာကြကုန်သည်။ ဟောန္တု၊ ဖြစ်ကြပါစေကုန်သတည်း။

(၉)
ရာဇတော ၀ါ စောရတော ၀ါ
မနုဿတော ၀ါ အမနုဿတော ၀ါ
အဂ္ဂိတော ၀ါ ဥဒကတော ၀ါ
ပိသာစတော ၀ါ ခါဏုကတော ၀ါ
ကဏ္ဋကတော ၀ါ နက္ခတ္တတော ၀ါ
ဇနပဒရောဂတော ၀ါ အသဒ္ဓမ္မတော ၀ါ
အသန္ဒိဋ္ဌိတော ၀ါ အသပ္ပုရိသတော ၀ါ
စဏ္ဍ ဟတ္ထိ အဿ မိဂ ဂေါဏ ကုက္ကုရ  အဟိ ၀ိစ္ဆိက မဏိသပ္ပ ဒီပိ
အစ္ဆ တရစ္ဆ သူကရ မဟိံသ ယက္ခ ရက္ခသာဒီဟိ
နာနာဘယတော ၀ါ နာနာရောဂတော ၀ါ
နာနာဥပဒ္ဒ၀တော ၀ါ အာရက္ခံ ဂဏှန္တု။

ရာဇတော ၀ါ၊ မင်းဆိုးတို့မှ၎င်း။ စောရတော ၀ါ၊ ခိုးသူတို့မှ၎င်း။ မနုဿတော ၀ါ၊ လူဆိုးတို့မှ၎င်း။ အမနုဿတော ၀ါ၊ ဘီလူးနတ်ဆိုးတို့မှ၎င်း။ အဂ္ဂိတော ၀ါ၊ အဖျက်မီးတို့မှ၎င်း။ ဥဒကတော ၀ါ၊ အဖျက်ရေတို့မှ၎င်း။ ပိသာစတော ၀ါ၊ မြေဘုတ်ဘီလူးတို့မှ၎င်း။ ခါဏုကတော ၀ါ၊ သစ်ငုတ်ခလုပ်တို့မှ၎င်း။ ကဏ္ဋကတော ၀ါ၊ ဆူးငြောင့်တို့မှ၎င်း။ နက္ခတ္တတော ၀ါ၊ မကောင်းသော နက္ခတ်တို့မှ၎င်း။  ဇနပဒရောဂတော ၀ါ၊ ဇနပုဒ်ဖြစ်သော ရောဂါဆိုးတို့မှ၎င်း။ အသဒ္ဓမ္မတော ၀ါ၊ မသူတော်တို့၏ အကျင့်တရားတို့မှ၎င်း။ အသန္ဒိဋ္ဌိတော ၀ါ၊ မှားသောအယူတို့မှ၎င်း။ အသပ္ပုရိသတော ၀ါ၊ သူယုတ်မာတို့မှ၎င်း။ စဏ္ဍ ဟတ္ထိ အဿ မိဂ ဂေါဏ ကုက္ကုရ  အဟိ ၀ိစ္ဆိက မဏိသပ္ပ ဒီပိ အစ္ဆ တရစ္ဆ သူကရ မဟိံသ ယက္ခ ရက္ခသာဒီဟိ၊ ကြမ်းတမ်းသာ ဆင် မြင်း သားရဲ နွား ခွေး မြွေ ကင်းမြီးကောက် မြေစိမ်း သစ် ၀ံ အောင်း ၀က် ကျွဲ ဘီလူး ရက္ခိုသ် အစရှိသည်တို့မှ၎င်း။ နာနာဘယတော ၀ါ၊ ဘေးအမျိုးမျိုးတို့မှ၎င်း။ နာနာရောဂတော ၀ါ၊ ရောဂါအမျိုးမျိုးတို့မှ၎င်း။ နာနာဥပဒ္ဒ၀တော ၀ါ၊ အန္တရာယ်အမျိုးမျိုးတို့မှ၎င်း။ အာရက္ခံ၊ ကာကွယ်စောင့်ရှောက်မှုကို။ ဂဏှန္တု၊ ယူကြကုန်လော့။ ။


.

ပရိတ်ကြီးပါဠိတော်


နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

၁။       သမန္တာ စက္က၀ါဠေသု၊ အတြာဂစ္ဆန္တု ဒေ၀တာ
သဒ္ဓမ္မံ မုနိရာဇဿ၊ သုဏန္တု သဂ္ဂမောက္ခဒံ။
၂။       ဓမ္မဿဝနကာလော အယံ ဘဒ္ဒန္တာ။

၃။       နမော တဿ ဘဂ၀တော့ အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

၎။       ယေသန္တာ သန္တစိတ္တာ တိသရဏသရဏာ ဧတ္ထလောကန္တရေ၀ါ၊ 
ဘုမ္မာ ဘုမ္မာစ ဒေ၀ါ ဂုဏ ဂဏ ဂဟဏ ဗျာဝဋာ သဗ္ဗကာလံ။
ဧတေ အာယန္တု ဒေ၀ါ ၀ရကနကမယေ မေရုရာဇေ ၀သန္တော
သန္တောသဟေတုံ မုနိဝရ၀စနံ သောတုမဂ္ဂံ သမဂ္ဂံ။

၅။       သဗ္ဗေသု စက္က၀ါဠေသု၊ ယက္ခာ ဒေ၀ါစ ဗြဟ္မနော၊
ယံ အမှေဟိ ကတံ ပုညံ၊ သဗ္ဗသမ္ပတ္တိသာဓကံ။

၆။       သဗ္ဗေ တံ အနုမောဒိတွာ၊ သမဂ္ဂါ သာသနေ ရတာ၊
ပမာဒ ရဟိတာ ဟောန္တု၊ အာရက္ခာသု ၀ိသေသတော။

၇။       သာသနဿ စ လောကဿ၊ ၀ုဍ္ဎိ ဘ၀တု သဗ္ဗဒါ၊
သာသနမ္ပိ စ လောကဉ္စ၊ ဒေ၀ါ ရက္ခန္တု သဗ္ဗဒါ။

၈။       သဒ္ဓိံ ဟောန္တု သုခီ သဗ္ဗေ၊ ပရိဝါရေဟိ အတ္တနော၊
အနီဃာ သုမနာ ဟောန္တု၊ သဟ သဗ္ဗေဟိ ဥာတိဘိ။

၉။       ရာဇတော ၀ါ စောရတော ၀ါ
မနုဿတော ၀ါ အမနုဿတော ၀ါ
အဂ္ဂိတော ၀ါ ဥဒကတော ၀ါ
ပိသာစတော ၀ါ ခါဏုကတော ၀ါ
ကဏ္ဋကတော ၀ါ နက္ခတ္တတော ၀ါ
ဇနပဒရောဂတော ၀ါ အသဒ္ဓမ္မတော ၀ါ
အသန္ဒိဋ္ဌိတော ၀ါ အသပ္ပုရိသတော ၀ါ
စဏ္ဍ ဟတ္ထိ အဿ မိဂ ဂေါဏ ကုက္ကုရ  အဟိ ၀ိစ္ဆိက မဏိသပ္ပ ဒီပိ
အစ္ဆ တရစ္ဆ သူကရ မဟိံသ ယက္ခ ရက္ခသာဒီဟိ
နာနာဘယတော ၀ါ နာနာရောဂတော ၀ါ
နာနာဥပဒ္ဒ၀တော ၀ါ အာရက္ခံ ဂဏှန္တု။

၁-မင်္ဂလသုတ်
၁၀။     ယံ မင်္ဂလံ ဒွါဒသဟိ၊ စိန္တယိံသု သဒေ၀ကာ
သောတ္ထာနံ နာဓိဂစ္ဆန္တိ၊ အဋ္ဌတ္တိံသဉ္စ မင်္ဂလံ။
၁၁။     ဒေသိတံ ဒေ၀ဒေဝေန၊ သဗ္ဗပါပ၀ိနာသနံ
သဗ္ဗလောကဟိတတ္ထာယ၊ မင်္ဂလံ တံ ဘဏာမ ဟေ။

၁၂။     ဧ၀ံ မေ သုတံ----
ဧကံ သမယံ ဘဂ၀ါ သာဝတ္ထိယံ ၀ိဟရတိ ဇေတ၀နေ အနာထပိဏ္ဍိကဿ အာရာမေ။ အထခေါ အညတရာ ဒေ၀တာ အဘိက္ကန္တာယ ရတ္တိယာ အဘိက္ကန္တ၀ဏ္ဏာ ကေ၀လကပ္ပံ ဇေတ၀နံ သြဘာသေတွာ ယေန ဘဂ၀ါ တေနုပသင်္ဂမိ၊ ဥပသင်္ဂမိတွာ ဘဂ၀န္တံ အဘိဝါဒေတွာ ဧကမန္တံ အဋ္ဌာသိ။ ဧကမန္တံ ဌိတာ ခေါ သာ ဒေ၀တာ ဘဂ၀န္တံ ဂါထာယ အဇ္ဈဘာသိ။

၁၃။     ဗဟူ ဒေ၀ါ မနုဿာ စ၊ မင်္ဂလာနိ အစိန္တယုံ
အာကင်္ခမာနာ သောတ္ထာနံ၊ ဗြူဟိ မင်္ဂလမုတ္တမံ။

၁၄။     အသေ၀နာ စ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေ၀နာ
ပူဇာ စ ပူဇနေယျာနံ၊ ဧတံ မင်္ဂလမုတ္တမံ။

၁၅။     ပတိရူပဒေသ၀ါသော စ၊ ပုဗ္ဗေ စ ကတပုညတာ
အတ္တသမ္မာပဏိဓိ စ၊ ဧတံ မင်္ဂလမုတ္တမံ။

၁၆။     ဗာဟုသစ္စဉ္စ သိပ္ပဉ္စ၊ ၀ိနယော စ သုသိက္ခိတော
သုဘာသိတာ စ ယာ ၀ါစာ၊ ဧတံ မင်္ဂလမုတ္တမံ။

၁၇။     မာတာပိတု ဥပဋ္ဌာနံ၊ ပုတ္တဒါရဿ သင်္ဂဟော
အနာကုလာ စ ကမ္မန္တာ၊ ဧတံ မင်္ဂလမုတ္တမံ။

၁၈။     ဒါနဉ္စ ဓမ္မစရိယာ စ၊ ဥာတကာနဉ္စ သင်္ဂဟော
အန၀ဇ္ဇာနိ ကမ္မာနိ၊ ဧတံ မင်္ဂလမုတ္တမံ။

၁၉။     အာရတီ ၀ိရတီ ပါပါ၊ မဇ္ဇပါနာ စ သံယမော
အပ္ပမာဒေါ စ ဓမ္မေသု၊ ဧတံ မင်္ဂလမုတ္တမံ။

၂၀။     ဂါရဝေါ စ နိဝါတော စ၊ သန္တုဋ္ဌိ စ ကတညုတာ
ကာလေန ဓမ္မဿဝနံ၊ ဧတံ မင်္ဂလမုတ္တမံ။

၂၁။     ခန္တီ စ သောဝစဿတာ၊ သမဏာနဉ္စ ဒဿနံ
ကာလေန ဓမ္မသာကစ္ဆာ၊ ဧတံ မင်္ဂလမုတ္တမံ။

၂၂။     တပေါ စ ဗြဟ္မစရိယဉ္စ၊ အရိယသစ္စာန ဒဿနံ
နိဗ္ဗာနသစ္ဆိကိရိယာ စ၊ ဧတံ မင်္ဂလမုတ္တမံ။

၂၃။     ဖုဋ္ဌဿ လောကဓမ္မေဟိ၊ စိတ္တံ ယဿ န ကမ္ပတိ
အသောကံ ၀ိရဇံ ခေမံ၊ ဧတံ မင်္ဂလမုတ္တမံ။

၂၄။     ဧတာဒိသာနိ ကတွာန၊ သဗ္ဗတ္ထ မပရာဇိတာ
သဗ္ဗတ္ထ သောတ္ထိံ ဂစ္ဆန္တိ၊ တံ တေသံ မင်္ဂလမုတ္တမံ။

မင်္ဂလသုတ္တံ နိဋ္ဌိတံ။


၂-ရတနသုတ်

၂၅။     ပဏိဓာနတော ပဋ္ဌာယ တထာဂတဿ ဒသ ပါရမိယော ဒသ ဥပပါရမိယော ဒသ ပရမတ္ထပါရမိယောတိ သမတိံသ ပါရမိယော ပဉ္စ မဟာပရိစ္စာဂေ လောကတ္ထစရိယံ ဥာတတ္ထစရိယံ ဗုဒ္ဓတ္ထစရိယန္တိ တိေဿာ စရိယာယော ပစ္ဆိမဘဝေ ဂဗ္ဘဝေါက္ကန္တိံ ဇာတိံ အဘိနိက္ခမနံ ပဓာနစရိယံ ဗောဓိပလ္လင်္ကေ မာရ၀ိဇယံ သဗ္ဗညုတညာဏပဋိဝေဓံ ဓမ္မစက္ကပ၀တ္တနံ န၀ လောကုတ္တရဓမ္မေတိ သဗ္ဗေပိ မေ ဗုဒ္ဓဂုဏေ အာဝဇ္ဇေတွာ ဝေသာလိယံ တီသု ပါကာရန္တရေသု တိယာမရတ္တိံ ပရိတ္တံ ကရောန္တော အာယသ္မာ အာနန္ဒထေရော ၀ိယ ကာရုညစိတ္တံ ဥပဋ္ဌပေတွာ....

၂၆။     ကောဋိသတသဟေဿသု၊ စက္က၀ါဠေသု ဒေ၀တာ
ယဿာဏံ ပဋိဂ္ဂဏှန္တိ၊ ယဉ္စ ဝေသာလိယာ ပုရေ။

၂၇။     ရောဂါ မနုဿ ဒုဗ္ဘိက္ခ၊ သမ္ဘူတံ တိဝိဓံ ဘယံ
ခိပ္ပမန္တရဓာပေသိ၊  ပရိတ္တံ၊ တံ ဘဏာမ ဟေ။

၂၈။     ယာနီဓ ဘူတာနိ သမာဂတာနိ
ဘုမ္မာနိ ၀ါ ယာနိ ၀ါ အန္တလိက္ခေ
သဗ္ဗေ၀ ဘူတာ သုမနာ ဘ၀န္တု
အထောပိ သက္ကစ္စ သုဏန္တု ဘာသိတံ။

၂၉။     တသ္မာဟိ ဘူတာ နိသာမေထ သဗ္ဗေ
မေတ္တံ ကရောထ မာနုသိယာ ပဇာယ
ဒိဝါ စ ရတ္တော စ ဟရန္တိ ယေ ဗလိံ
တသ္မာ ဟိ နေ ရက္ခထ အပ္ပမတ္တာ။

၃၀။     ယံ ကိဉ္စိ ၀ိတ္တံ ဣဓ ၀ါ ဟုရံ ၀ါ
သဂ္ဂေသု ၀ါ ယံ ရတနံ ပဏီတံ
န နော သမံ အတ္ထိ တထာဂတေန
ဣဒမ္ပိ ဗုဒ္ဓေ ရတနံ ပဏီတံ
ဧတေန သစ္စေန သုဝတ္ထိ ဟောတု။

 ၃၁။    ခယံ ၀ိရာဂံ အမတံ ပဏီတံ
ယဒဇ္ဈဂါ သကျမုနိ သမာဟိတော
န တေန ဓမ္မေန သမတ္ထိ ကိဉ္စိ
ဣဒမ္ပိ ဓမ္မေ ရတနံ ပဏီတံ
ဧတေန သစ္စေန သုဝတ္ထိ ဟောတု။

၃၂။    ယံ ဗုဒ္ဓသေဋ္ဌော ပရိဝဏ္ဏယီ သုစိံ
သမာဓိ မာနန္တရိကည မာဟု
သမာဓိနာ တေန သမော န ၀ိဇ္ဇတိ
ဣဓမ္ပိ ဓမ္မေ ရတနံ ပဏီတံ
ဧတေန သစ္စေန သုဝတ္ထိ ဟောတု။

၃၃။    ယေ ပုဂ္ဂလာ အဋ္ဌ သတံ ပသတ္ထာ၊
စတ္တာရိ ဧတာနိ ယုဂါနိ ဟောန္တိ။
တေ ဒက္ခိဏေယျာ သုဂတဿ သာဝကာ၊
ဧတေသု ဒိန္နာနိ မဟပ္မလာနိ။
ဣဒမ္ပိ သံဃေ ရတနံ ပဏီတံ၊
ဧတေန သစ္စေန သုဝတ္တိ ဟောတု။

  ၃၄။   ယေ သုပ္ပယုတ္တာ မနသာ ဒဠှေန၊
နိက္ကာမိနော ဂေါတမသာသနမှိ။
တေ ပတ္တိပတ္တာ အမတံ ၀ိဂယှ၊
လဒ္ဓါ မုဓာ နိဗ္ဗုတိံ ဘုဉ္ဇမာနာ။
ဣဒမ္ပိ သံဃေ ရတနံ ပဏီတံ၊
ဧတေန သစ္စေန သုဝတ္ထိ ဟောတု။

  ၃၅။   ယထိန္ဒခီလော ပထ၀ိဿိတော သိယာ၊
စတုဗ္ဘိ ၀ါတေဟိ အသမ္ပကမ္ပိယော။
တထူပမံ သပ္ပုရိသံ ၀ဒါမိ၊
ယော အရိယသစ္စာနိ အဝေစ္စ ပဿတိ။
ဣဒမ္ပိ သံဃေ ရတနံ ပဏီတံ၊
ဧတေန သစ္စေန သုဝတ္ထိ ဟောတု။

  ၃၆။   ယေ အရိယသစ္စာနိ ၀ိဘာဝယန္တိ၊
ဂမ္ဘီရပညေန သုဒေသိတာနိ။
ကိဉ္စာပိ တေ ဟောန္တိ ဘုသံ ပမတ္တာ၊
န တေ ဘ၀ံ အဋ္ဌမ မာဒိယန္တိ။
ဣဒမ္ပိ သံဃေ ရတနံ ပဏီတံ၊
ဧတေန သစ္စေန သုဝတ္ထိ ဟောတု။

၃၇။     သဟာဝဿ ဒဿနသမ္ပဒါယ၊
တယဿု ဓမ္မာ ဇဟိတာ ဘ၀န္တိ။
သက္ကာယဒိဋ္ဌိ ၀ိကိစ္ဆိ္ဆတဉ္စ၊
သီလဗ္ဗတံ ၀ါပိ ယဒတ္ထိ ကိဉ္စိ။

  ၃၈။   စတူဟပါယေဟိစ ၀ိပ္ပမုတ္ထော၊
ဆစ္စာဘိဌာနာနိ အဘဗ္ဗ ကာတုံ။
ဣဒမ္ပိ သံဃေ ရတနံ ပဏီတံ၊
ဧနေတ သစ္စေန သုဝတ္ထိ ဟောတု။

၃၉။     ကိဉ္စာပိ သော ကမံ္မ ကရောတိ ပါပကံ၊
ကာယေန ၀ါစာ ဥဒ စေတသာ ၀ါ။
အဘဗ္ဗ သော တဿ ပဋိစ္ဆဒါယ၊
အဘဗ္ဗတာ ဒိဋ္ဌပဒဿ ၀ုတ္တာ။
ဣဒမ္ပိ သံဃေ ရတနံ ပဏီတံ၊
ဧတေန သစ္စေန သုဝတ္ထိ ဟောတု။

  ၄၀။   ၀နပ္ပဂုမ္ဗေ ယထာ ဖုဿိတဂ္ဂေ၊
ဂိမှာန မာသေ ပဌမသ္မိံဂိမှေ။
တထူပမံ ဓမ္မ၀ရံ အဒေသယိ၊
နိဗ္ဗာနဂါမိံ ပရမံ ဟိတာယ။
ဣဒမ္ပိ ဗုဒ္ဓေ ရတနံ ပဏီတံ၊
ဧတေန သစ္စေန သုဝတ္ထိ ဟောတု။

၄၁။     ၀ရော ၀ရညူ ၀ရဒေါ ၀ရာဟရော၊
အနုတ္တရော ဓမ္မ၀ရံ အဒေသယိ။
ဣဒမ္ပိ သံဃေ ရတနံ ပဏီတံ၊
ဧတေန သစ္စေန သုဝတ္ထိ ဟောတု။

 ၄၂။    ခီဏံ ပုရာဏံ န၀ နတၳိ သမ ၻ၀ံ၊
ဝိရတ္တစိတ္တာယတိကေ ဘ၀သ္မိံ။
တေ ခီဏဗီဇာ အ၀ိရုဠှိဆန္ဒာ၊
နိဗ္ဗန္တိ ဓီရာ ယထာယံ ပဒီပေါ။
ဣဒမ္ပိ သံဃေ ရတနံ ပဏီတံ၊
ဧတေန သစ္စေန သုဝတ္ထိ ဟောတု။

  ၄၃။   ယာနီဓ ဘူတာနိ သမာဂတာနိ၊
ဘုမ္မာနိ ၀ါ ယာနိ ၀ အန္တလိက္ခေ။
တထာဂတံ ဒေ၀မနုဿပူဇိတံ၊
ဗုဒ္ဓံ နမဿာမ သုဝတ္ထိ ဟောတု။

၄၄။     ယာနီဓ ဘူတာနိ သမာဂတာနိ၊
ဘုမ္မာနိ ၀ါ ယာနိ ၀ အန္တလိက္ခေ။
တထာဂတံ ဒေ၀မနုဿပူဇိတံ၊
ဓမ္မံ နမဿာမ သုဝတ္ထိ ဟောတု။

 ၄၅။    ယာနီဓ ဘူတာနိ သမာဂတာနိ၊
ဘုမ္မာနိ ၀ါ ယာနိ ၀ အန္တလိက္ခေ။
တထာဂတံ ဒေ၀မနုဿပူဇိတံ၊
သံဃံ နမဿာမ သုဝတ္ထိ ဟောတု။

ရတနသုတ္တံ နိဌိတံ။


၃-မေတ္တသုတ်
၄၆။     ယဿာနုဘာဝတော ယက္ခာ၊
          နေဝ ဒေဿန္တိ ဘီသနံ။
ယဥှိ စေဝါနုယုဉ္ဇန္တော၊
ရတ္တိ္တန္ဒိဝ' မတန္ဒိတော။

၄၇။     သုခံ သုပတိ သုတ္တော စ၊
ပါပံ ကိဉ္စိ န ပဿတိ။
ဧဝမာဒိ ဂုဏူပေတံ၊
ပရိတ္တံ တံ ဘဏာမဟေ။  

၄၈။     ကရဏီယ' မတ္ထကုသလေန၊ 
ယန္တ သန္တံ ပဒံ အဘိသမေစ္စ။ 
သက္ကော ဥဇူ စ သုဟုဇူ စ၊ 
သူဝစော စဿ မုဒု အနတိမာနီ။ 

၄၉။     သန္တုဿကော စ သုဘရော စ၊ 
အပ္ပကိစ္စော စ သလ္လဟုကဝုတ္တိ။ 
သန္တိန္ဒြိယော စ နိပကော စ၊ 
အပ္ပဂဗ္ဘော ကုလေသွ' နနုဂိဒ္ဓေါ။ 

၅၀။     န စ ခုဒ္ဒ' မာစရေ ကိဉ္စိ၊
          ယေန ဝိညူ ပရေ ဥပဝဒေယျုံ။ 
သုခိနော ဝ ခေမိနော ဟောန္တု၊ 
သဗ္ဗသတ္တာ ဘဝန္တု သုခိတတ္တာ။ 

 ၅၁။    ယေ ကေစိ ပါဏဘူတတ္ထိ၊ 
တသာ ဝါ ထာဝရာ ဝ' နဝသေသာ။ 
ဒီဃာ ဝါ ယေ ဝ မဟန္တာ၊ 
မဇ္ဈိမာ ရဿကာ အဏုကထူလာ။ 

၅၂။     ဒိဋ္ဌာ ဝါ ယေ ဝ အဒိဋ္ဌာ၊
          ယေ ဝ ဒူရေ ဝသန္တိ အဝိဒူရေ။ 
ဘူတာ ဝ သမ္ဘဝေသီ ဝ၊ 
သဗ္ဗသတ္တာ ဘဝန္တု သုခိတတ္တာ။ 

၅၃။     န ပရော ပရံ နိကုဗ္ဗေထ၊ 
နာတိမညေထ ကတ္ထစိ န ကဉ္စိ။ 
ဗျာရောသနာ ပဋိဃသည၊ 
နာညမညဿ ဒုက္ခမိစ္ဆေယျ။ 

၅၄။     မာတာ ယထာ နိယံပုတ္တ၊ 
မာယုသာ ဧကပုတ္တ မနုရက္ခေ။
          ဧဝမ္ပိ သဗ္ဗဘူတေသု၊ 
မာနသံ ဘာဝယေ အပရိမာဏံ။ 

 ၅၅။    မေတ္တဉ္စ သဗ္ဗလောကသ္မိ၊ 
မာနသံ ဘာဝယေ အပရိမာဏံ။ 
ဥဒ္ဓံ အဓော စ တိရိယဉ္စ၊ 
အသမ္ဗာဓံ အဝေရ မသပတ္တံ။ 

၅၆။     တိဋ္ဌံ စရံ နိသိန္နော ဝ၊ 
သယာနော ယာဝတာ'ဿ ဝိတမိဒ္ဓေါ။ 
ဧတံ သတႎ အဓိေ႒ယ်၊
          ဗြဟ္မ'မေတံ ဝိဟာရ' မိဓ' မာဟု။ 

၅၇။     ဒိဋ္ဌိဉ္စ အနုပဂ္ဂမ္မ၊ 
သီလဝါ ဒဿနေန သမ္ပန္နော။ 
ကာမေသု ဝိနေယျ ဂေဓံ၊
          န ဟိ ဇာတုဂ္ဂဗ္ဘသေယျ ပုန ရေတိ။

မေတ္တသုတ္တံ နိဋ္ဌိတံ။
၎-ခန္ဓသုတ်

၅၈။     သဗ္ဗာသီဝိသဇာတီနံ၊ ဒိဗ္ဗမန္တာဂဒံ ဝိယ။
ယံ နာသေတိ ဝိသံ ဃောရံ၊ သေသဉ္စာပိ ပရိဿယံ။

၅၉။     အာဏာခေတ္တမှိ သဗ္ဗတ္ထ၊ သဗ္ဗဒါ သဗ္ဗပါဏိနံ။
သဗ္ဗသောပိ နိဝါရေတိ၊ ပရိတ္တံ တံ ဘဏာမ ဟေ။

၆၀။     ဝိရူပက္ခေဟိ မေ မေတ္တံ၊ မေတ္တံ ဧရာပထေဟိ မေ။
ဆဗျာပုတ္တေဟိ မေ မေတံ္တ၊ မေတံ္တ ကဏှာဂေါတမကေဟိ စ။

၆၁။     အပါဒကေဟိ မေ မေတံ္တ၊ မေတံ္တ ဒွိပါဒကေဟိမေ။
စတုပ္ပဒေဟိ မေ မေတံ္တ၊ မေတံ္တ ဗဟုပ္ပဒေဟိ မေ။

၆၂။     မာ မံ အပါဒကော ဟိံသိ၊ မာ မံ ဟိံသိ ဒွိပါဒကော။
မာ မံ စတုပ္ပဒေါ ဟိံသိ၊ မာ မံ ဟိံသိ ဗဟုပ္ပဒေါ။

၆၃။     သဗ္ဗေ သတ္တာ သဗ္ဗေပါဏာ၊ သဗ္ဗေ ဘူတာ စ ကေဝလာ။
သဗ္ဗေ ဘဒြာနိ ပဿန္တု၊ မာ ကဥ္စိ ပါပ'မာဂမာ။

၆၄။     အပ္ပမာဏော ဗုဒ္ဓေါ၊ အပ္ပမာဏော ဓမ္မော။
အပ္ပမာဏော သံဃော၊ ပမာဏဝန္တာနိ သရီသပါနိ။
အဟိ ဝိစ္ဆိကာ သတပဒီ၊ ဥဏ္ဏနာဘီ သရဗူ မူသိကာ။

၆၅။     ကတာ မေ ရက္ခာ, ကတံ မေ ပရိတ္တံ၊ ပဋိက္ကမန္တု ဘူတာနိ။
သောဟံ နမော ဘဂဝတော၊ နမော သတ္တန္နံ သမ္မာသမ္ဗုဒ္ဓါနံ။

ခန္ဓသုတ္တံ နိဋ္ဌိတံ။


၅-မောရသုတ်

၆၆။     ပူရေန္တံ ဗောဓိသမ္ဘာရေ၊ နိဗ္ဗတ္တံ မောရယောနိယံ။
ယေန သံဝိဟိတာရက္ခံ၊ မဟာသတ္တံ ဝနေစရာ။

၆၇။     စိရဿံ ဝါယမန္တာပိ၊ နေဝ သက္ခိံသု ဂဏှိတုံ။
''ဗြဟ္မမန္တ''န္တိ အက္ခာတံ၊ ပရိတ္တံ တံ ဘဏာမ ဟေ။

၆၈။     ဥဒေတ'ယံ စက္ခုမာ ဧကရာဇာ၊ ဟရိဿဝဏ္ဏော ပထဝိပ္ပဘာသော။
တံ တံ နမဿာမိ ဟရိဿဝဏ္ဏံ ပထဝိပ္ပဘာသံ၊
တယာ'ဇ္ဇ ဂုတ္တာ ဝိဟရေမု ဒိဝသံ။

၆၉။     ယေ ဗြာဟ္မဏာ ဝေဒဂူ သဗ္ဗဓမ္မေ၊
တေ မေ နမော' တေ စ မံ ပါလယန္တု။
နမတ္ထု ဗုဒ္ဓါနံ' နမတ္ထု ဗောဓိယာ။
နမော ဝိမုတ္တာနံ, နမော ဝိမုတ္တိယာ။
ဣမံ သော ပရိတ္တံ ကတွာ၊ မောရော စရတိ ဧသနာ။

၇၀။     အပေတ'ယံ စက္ခုမာ ဧကရာဇာ၊
ဟရိဿဝဏ္ဏော ပထဝိပ္ပဘာသော။
တံ တံ နမဿာမိ ဟရိဿဝဏ္ဏံ ပထဝိပ္ပဘာသံ၊
တယာ'ဇ္ဇ ဂုတ္တာ ဝိဟရေမု ရတ္တိံ။

၇၁။     ယေ ဗြာဟ္မဏာ ဝေဒဂူ သဗ္ဗဓမ္မေ၊
တေ မေ နမော, တေ စ မံ ပါလယန္တု။
နမတ္ထု ဗုဒ္ဓါနံ, နမတ္ထု ဗောဓိယာ၊
နမော ဝိမုတ္တာနံ, နမော ဝိမုတ္တိယာ။
ဣမံ သော ပရိတ္တံ ကတွာ၊
မောရော ဝါသ' မကပ္ပယိ။

မောရသုတ္တံ နိဋ္ဌိတံ။


၆-၀ဋ္ဋသုတ်

၇၂။     ပူရေန္တံ ဗောဓိသမ္ဘာရေ၊ နိဗ္ဗတ္တံ ဝဋ္ဋဇာတိယံ။
ယဿ တေဇေန ဒါဝဂ္ဂိ၊ မဟာသတ္တံ ဝိဝဇ္ဇယိ။

၇၃။     ထေရဿ သာရိပုတ္တဿ၊ လောကနာထေန ဘာသိတံ။
ကပ္ပဋ္ဌာယိံ မဟာတေဇံ၊ ပရိတ္တံ တံ ဘဏာမ ဟေ။

၇၄။     အတ္ထိ လောကေ သီလဂုဏော၊ သစ္စံ သောစေယျ' နုဒ္ဒယာ။
တေန သစ္စေန ကာဟာမိ၊ သစ္စကိရိယ' မုတ္တမံ။

၇၅။     အာဝဇ္ဇေတွာ ဓမ္မဗလံ၊ သရိတွာ ပုဗ္ဗကေ ဇိနေ။
သစ္စဗလ' မဝဿာယ၊ သစ္စကိရိယ' မကာသ'ဟံ။

၇၆။     သန္တိ ပက္ခာ အပတနာ၊ သန္တိ ပါဒါ အဝဉ္စနာ။
မာတာ ပိတာ စ နိက္ခန္တာ၊ ဇာတဝေဒ ပဋိက္ကမ။

၇၇။     သဟ သစ္စေ ကတေ မယှံ၊ မဟာပဇ္ဇလိတော သိခီ။
ဝဇ္ဇေသိ သောဠသကရီသာနိ၊ ဥဒကံ ပတွာ ယထာ သိခီ။
သစ္စေန မေ သမော နတ္ထိ၊ ဧသာ မေ သစ္စပါရမီ။

ဝဋ္ဋသုတ္တံ နိဋ္ဌိတံ။


၇-ဓဇဂ္ဂသုတ်

၇၈။     ယဿာ' နုဿရဏေနာပိ၊ အန္တလိက္ခေပိ ပါဏိနော။
ပတိဋ္ဌ' မဓိဂစ္ဆန္တိ၊ ဘူမိယံ ဝိယ သဗ္ဗထာ။

၇၉။     သဗ္ဗုပဒ္ဒဝဇာလမှာ၊ ယက္ခစောရာဒိသမ္ဘဝါ။
ဂဏနာ န စ မုတ္တာနံ၊ ပရိတ္တံ တံ ဘဏာမ ဟေ။

၈၀။     ဧဝံ မေ သုတံ-
ဧကံ သမယံ ဘဂဝါ သာဝတ္ထိယံ ဝိဟရတိ
ဇေတဝနေ အနာထပိဏ္ဍိကဿ အာရာမေ။

၈၁။     တတြ ခေါ ဘဂဝါ ဘိက္ခူ အာမန္တေသိ ''ဘိက္ခဝေါ''တိ။''ဘဒန္တေ''တိ တေ ဘိက္ခူ
ဘဂဝတော ပစ္စေဿာသုံ။
ဘဂဝါ ဧတဒဝေါစ-
ဘူတပုဗ္ဗံ ဘိက္ခဝေ ဒေဝါသုရသင်္ဂါမော သမုပဗျူဠှော အဟောသိ။ အထ ခေါ ဘိက္ခဝေ
သက္ကော ဒေဝါနမိန္ဒော ဒေဝေ တာဝတိံသေ အာမန္တေသိ-
''သစေ မာရိသာ ဒေဝါနံ သင်္ဂါမဂတာနံ ဥပ္ပဇ္ဇေယျ ဘယံ ဝါ ဆမ္ဘိတတ္တံ ဝါ
လောမဟံသော ဝါ၊ မမေဝ တသ္မိံ သမယေ ဓဇဂ္ဂံ ဥလ္လောကေယျာထ။ မမံ ဟိ ဝေါ ဓဇဂ္ဂံ
ဥလ္လောကယတံ ယံ ဘဝိဿတိ ဘယံ ဝါ ဆမ္ဘိတတ္တံ ဝါ လောမဟံသော ဝါ သော        ပဟီယိဿတိ။''

၈၂။     နော စေ မေ ဓဇဂ္ဂံ ဥလ္လောကေယျာထ၊ အထ ပဇာပတိဿ ဒေဝရာဇဿ ဓဇဂ္ဂံ
ဥလ္လောကေ ယျာထ။ ပဇာပတိဿ ဟိ ဝေါ ဒေဝရာဇဿ ဓဇဂ္ဂံ ဥလ္လောကယတံ ယံ
ဘဝိဿတိ ဘယံ ဝါ ဆမ္ဘိ တတ္တံ ဝါ လောမဟံသော ဝါ သော ပဟီယိဿတိ။

၈၃။     နော စေ ပဇာပတိဿ ဒေဝရာဇဿ ဓဇဂ္ဂံ ဥလ္လောကေယျာထ၊ အထ ဝရုဏဿ
ဒေဝရာဇဿ ဓဇဂ္ဂံ ဥလ္လောကေယျာထ။ ဝရုဏဿ ဟိ ဝေါ ဒေဝရာဇဿ ဓဇဂ္ဂံ
ဥလ္လောကယတံ၊ ယံ ဘဝိဿတိ ဘယံ ဝါ ဆမ္ဘိတတ္တံ ဝါ လောမဟံသော ဝါ သော
ပဟီယိဿတိ။

၈၄။     နော စေ ဝရုဏဿ ဒေဝရာဇဿ ဓဇဂ္ဂံ ဥလ္လောကေယျာထ၊ အထ ဤသာနဿ
ဒေဝရာဇဿ ဓဇဂ္ဂံ ဥလ္လောကေယျာထ။ ဤသာနဿ ဟိ ဝေါ ဒေဝရာဇဿ ဓဇဂ္ဂံ
ဥလ္လောကယတံ၊ ယံ ဘဝိဿတိ ဘယံ ဝါ ဆမ္ဘိတတ္တံ ဝါ လောမဟံသော ဝါ သော
 ပဟီယိဿတီတိ။

၈၅။     တံ ခေါ ပန ဘိက္ခဝေ သက္ကဿ ဝါ ဒေဝါန မိန္ဒဿ ဓဇဂံ္ဂ ဥလ္လောကယတံ ပဇာပတိဿ
 ဝါ ဒေဝရာဇဿ ဓဇဂ္ဂံ ဥလ္လောကယတံ ဝရုဏဿ ဝါ ဒေဝရာဇဿ ဓဇဂ္ဂံ
ဥလ္လောကယတံ ဤသာနဿ ဝါ ဒေဝရာဇဿ ဓဇဂ္ဂံ ဥလ္လောကယတံ ယံ ဘဝိဿ တိ
ဘယံ ဝါ ဆမ္ဘိတတ္တံ ဝါ လောမဟံသော ဝါ သော ပဟီယေထာပိ နောပိ ပဟီယေထ။

၈၆။     တံ ကိဿ ဟေတု?
သက္ကော ဟိ ဘိက္ခဝေ ဒေဝါနမိန္ဒော
အဝီတရာဂေါ အဝီတဒေါသော အဝီတမောဟော
ဘီရု ဆမ္ဘီ ဥတြာသီ ပလာယီတိ။

၈၇။     အဟဉ္စ ခေါ ဘိက္ခဝေ ဧဝံ ဝဒါမိ-
သစေ တုမှာကံ ဘိက္ခဝေ
အရညဂတာနံ ဝါ ရုက္ခမူလဂတာနံ ဝါ
သုညာဂါရဂတာနံ ဝါ ဥပၸေဇၨယ် ဘယံ ဝါ
ဆမ္ဘိတတ္တံ ဝါ လောမဟံသော ဝါ၊
မမေဝ တသ္မိံ သမယေ အနုဿရေယျာထ၊

၈၈။     ''ဣတိပိ သော ဘဂဝါ အရဟံ,
သမ္မာသမ္ဗုဒ္ဓေါ, ဝိဇ္ဇာစရဏသမ္ပန္နော, သုဂတော,
လောကဝိဒူ, အနုတ္တရော ပုရိသဒမ္မသာရထိ,
သတ္ထာ ဒေဝမနုဿာနံ, ဗုဒ္ဓေါ, ဘဂဝါ''တိ။

၈၉။     မမံ ဟိ ဝေါ ဘိက္ခဝေ အနုဿရတံ
ယံ ဘဝိဿတိ ဘယံ ဝါ ဆမ္ဘိတတ္တံ ဝါ
လောမဟံသော ဝါ သော ပဟီယိဿတိ။

၉၀။     နော စေ မံ အနုဿရေယျာထ၊
အထ ဓမ္မံ အနုဿရေယျာထ-

၉၁။     ''သွာက္ခာတော ဘဂဝတာ ဓမ္မော,
သန္ဒိဋ္ဌိကော, အကာလိကော,
ဧဟိပဿိကော, သြပနေယျိကော,
ပစ္စတ္တံ ဝေဒိတဗ္ဗော ဝိညူဟီ''တိ။

 ၉၂။    ဓမ္မံ ဟိ ဝေါ ဘိက္ခဝေ အနုဿရတံ
ယံ ဘဝိဿတိ ဘယံ ဝါ ဆမ္ဘိတတ္တံ ဝါ
လောမဟံသော ဝါ သော ပဟီယိဿတိ။

 ၉၃။    နော စေ ဓမ္မံ အနုဿရေယာထ၊
အထ သံဃံ အနုဿရေယျာထ-

၉၄။     ''သုပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော,
ဥဇုပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော,
ဉာယပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော,
သာမီစိပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော,
ယဒိဒံ စတ္တာရိ ပုရိသယုဂါနိ အဋ္ဌ,ပုရိသပုဂ္ဂလာ၊
ဧသ ဘဂဝတော သာဝကသံဃော
အာဟုနေယျော, ပါဟုနေယျော,
ဒက္ခိဏေယျော, အဉ္ဇလီကရဏီယော,
အနုတ္တရံ ပုညက္ခေတ္တံ လောကဿာ''တိ။

၉၅။     သံဃံ ဟိ ဝေါ ဘိက္ခဝေ အနုဿရတံ
ယံ ဘဝိဿတိ ဘယံ ဝါ ဆမ္ဘိတတ္တံ ဝါ
လောမဟံသော ဝါ သော ပဟီယိဿတိ။

၉၆။     တံ ကိဿ ဟေတု?
တထာဂတော ဟိ ဘိက္ခဝေ
အရဟံ သမ္မာသမ္ဗုဒ္ဓေါ
ဝီတရာဂေါ ဝီတဒေါသော ဝီတမောဟော
အဘီရု အဆမ္ဘီ အနုတြာသီ အပလာယီတိ။

၉၇။     ဣဒ မဝေါစ ဘဂဝါ၊ ဣဒံ ဝတွာန သုဂတော
အထာပရံ ဧတဒဝေါစ သတ္ထာ။

၉၈။     အရညေ ရုက္ခမူလေ ဝါ၊
သုညာဂါရေ ဝ ဘိက္ခဝေါ။
အနုဿရေထ သမ္ဗုဒ္ဓံ၊
ဘယံ တုမှာက နော သိယာ။

၉၉။     နော စေ ဗုဒ္ဓံ သရေယျာထ၊
လောကဇေဋ္ဌံ နရာသဘံ။
အထ ဓမ္မံ သရေယျာထ၊
နိယျာနိကံ သုဒေသိတံ။

၁၀၀။   နော စေ ဓမ္မံ သရေယျာထ၊
နိယျာနိကံ သုဒေသိတံ။
အထ သံဃံ သရေယျာထ၊
ပုညက္ခေတ္တံ အနုတ္တရံ။

၁၀၁။   ဧဝံ ဗုဒ္ဓံ သရန္တာနံ၊
ဓမ္မံ သံဃဉ္စ ဘိက္ခဝေါ။
ဘယံ ဝါ ဆမ္ဘိတတ္တံ ဝါ၊
လောမဟံသော န ဟေဿတိ။

ဓဇဂ္ဂသုတ္တံ နိဋ္ဌိတံ။


၈-အာဋာနာဋိယသုတ်

၁၀၂။   အပ္ပဿန္နေဟိ နာထဿ၊ သာသနေ သာဓုသမ္မတေ။
အမနုေဿဟိ စဏ္ဍေဟိ၊ သဒါ ကိဗ္ဗိသကာရိဘိ။

၁၀၃။   ပရိသာနံ စတဿန္နံ၊ အဟိံသာယ စ ဂုတ္တိယာ။
ယံ ဒေသေသိ မဟာဝီရော၊ ပရိတ္တံ တံ ဘဏာမ ဟေ။

၁၀၄။   ဝိပဿိဿ စ နမတ္ထု၊ စက္ခုမန္တဿ သိရီမတော။
သိခိဿပိ စ နမတ္ထု၊ သဗ္ဗဘူတာနုကမ္ပိနော။

၁၀၅။   ဝေဿဘုဿ စ နမတ္ထု၊ နှာတကဿ တပဿိနော။
နမတ္ထု ကကုသန္ဓဿ၊ မာရသေနာပမဒ္ဒိနော။

၁၀၆။   ကောဏာဂမနဿ နမတ္ထု၊ ဗြဟ္မဏဿ ဝုသီမတော။
ကဿပဿ စ နမတ္ထု၊ ဝိပ္ပမုတ္တဿ သဗ္ဗဓိ။

၁၀၇။   အင်္ဂီရသဿ နမတ္ထု၊ သကျပုတ္တဿ သိရီမတော။
ယော ဣမံ ဓမ္မံ ဒေသေသိ၊ သဗ္ဗဒုက္ခာပနူဒနံ။

၁၀၈။   ယေ စာပိ နိဗ္ဗုတာ လောကေ၊ ယထာဘူတံ ဝိပဿိသုံ။
တေ ဇနာ အပိသုဏာထ၊ မဟန္တာ ဝီတသာရဒါ။

၁၀၉။   ဟိတံ ဒေဝမနုဿာနံ၊ ယံ နမဿန္တိ ဂေါတမံ။
ဝိဇ္ဇာစရဏသမ္ပန္နံ၊ မဟန္တံ ဝီတသာရဒံ။

၁၁၀။   ဧတေ စညေ စ သမ္ဗုဒ္ဓါ၊ အနေကသတကောဋိယော။
သဗ္ဗေ ဗုဒ္ဓါ သမသမာ၊ သဗ္ဗေ ဗုဒ္ဓါ မဟိဒ္ဓိကာ။

၁၁၁။   သဗ္ဗေ ဒသဗလူပေတာ၊ ဝေသာရဇ္ဇေဟု' ပါဂတာ။
သဗ္ဗေ တေ ပဋိဇာနန္တိ၊ အာသဘံ ဌာန မုတ္တမံ။

၁၁၂။   သီဟနာဒံ နဒန္တေ' တေ၊ ပရိသာသု ဝိသာရဒါ။
ဗြဟ္မစက္ကံ ပဝတ္တေန္တိ၊ လောကေ အပ္ပဋိဝတ္တိယံ။

၁၁၃။   ဥပေတာ ဗုဒ္ဓဓမ္မေဟိ၊ အဋ္ဌာရသဟိ နာယကာ။
ဗာတ္တိံသလက္ခဏူပေတာ၊ သီတာနုဗျဉ္ဇနာဓရာ။

၁၁၄။   ဗျာမပ္ပဘာယ သုပ္ပဘာ၊ သဗ္ဗေ တေ မုနိကုဉ္ဇရာ။
ဗုဒ္ဓါ သဗ္ဗညုနော ဧတေ၊ သဗ္ဗေ ခီဏာသဝါ ဇိနာ။

၁၁၅။   မဟာပဘာ မဟာတေဇာ၊ မဟာပညာ မဟဗ္ဗလာ။
မဟာကာရုဏိကာ ဓီရာ၊ သဗ္ဗေသာနံ သုခါဝဟာ။

၁၁၆။   ဒီပါ နာထာ ပတိဋ္ဌာ စ၊ တာဏာ လေဏာ စ ပါဏိနံ။
ဂတီ ဗန္တူ မဟေဿာသာ၊ သရဏာ စ ဟိတေသိနော။

၁၁၇။   သဒေဝကဿ လောကဿ၊ သဗ္ဗေ ဧတေ ပရာယဏာ။
တေသာ'ဟံ သိရသာ ပါဒေ၊ ဝန္ဒာမိ ပုရိသုတ္တမေ။

၁၁၈။   ဝစသာ မနသာ စေဝ၊ ဝန္ဒာမေ'တေ တထာဂတေ။
သယနေ အာသနေ ဌာနေ၊ ဂမနေ စာပိ သဗ္ဗဒါ။

၁၁၉။   သဒါ သုခေန ရက္ခန္တု၊ ဗုဒ္ဓါ သန္တိကရာ တုဝံ။
တေဟိ တွံ ရက္ခိတော သန္တော၊ မုတ္တော သဗ္ဗဘယေဟိ စ။

၁၂၀။   သဗ္ဗ ရောဂါ ဝိနီမုတ္တော၊ သဗ္ဗသန္တာပဝဇ္ဇိတော။
သဗ္ဗဝေရ' မတိက္ကန္တော၊ နိဗ္ဗုတော စ တုဝံ ဘဝ။

၁၂၁။   တေသံ သစ္စေန သီလေန၊ ခန္တီမေတ္တာဗလေန စ။
တေပိ အမှေ' နုရက္ခန္တု၊ အရောဂေန သုခေန စ။

၁၂၂။   ပုရတ္ထိမသ္မိံ ဒိသာဘာဂေ၊ သန္တိ ဘူတာ မဟိဒ္ဓိကာ။
တေပိ အမှေ' နုရက္ခန္တု၊ အရောဂေန သုခေန စ။

၁၂၃။   ဒက္ခိဏသ္မိံ ဒိသာဘာဂေ၊ သန္တိ ဒေဝါ မဟိဒ္ဓိကာ။
တေပိ အမှေ' နုရက္ခန္တု၊ အရောဂေန သုခေန စ။

၁၂၄။   ပစ္ဆိမသ္မိံ ဒိသာဘာဂေ၊ သန္တိ နာဂါ မဟိဒ္ဓိကာ။
တေပိ အမှေ' နုရက္ခန္တု၊ အရောဂေန သုခေန စ။

၁၂၅။   ဥတ္တရသ္မိံ ဒိသာဘာဂေ၊ သန္တိ ယက္ခာ မဟိဒ္ဓိကာ။
တေပိ အမှေ' နုရက္ခန္တု၊ အရောဂေန သုခေန စ။

၁၂၆။   ပုရတ္ထိမေန ဓတရဋ္ဌော၊ ဒက္ခိဏေန ဝိရူဠှကော။
ပစ္ဆိမေန ဝိရူပက္ခော၊ ကုဝေရော ဥတ္တရံ ဒိသံ။

၁၂၇။   စတ္တာရော တေ မဟာရာဇာ၊ လောကပါလာ ယသဿိနော။
တေပိ အမှေ' နုရက္ခန္တု၊ အရောဂေန သုခေန စ။

၁၂၈။   အာကာသဋ္ဌာ စ ဘူမဋ္ဌာ၊ ဒေဝါ နာဂါ မဟိဒ္ဓိကာ။
တေပိ အမှေ' နုရက္ခန္တု၊ အရောဂေန သုခေန စ။

၁၂၉။   ဣဒ္ဓိမန္တော စ ယေ ဒေဝါ၊ ဝသန္တာ ဣဓ သာသနေ။
တေပိ အမှေ' နုရက္ခန္တု၊ အရောဂေန သုခေန စ။

၁၃၀။   သဗ္ဗီတိယော ဝိဝဇ္ဇန္တု၊ သောကော ရောဂေါ ဝိနဿတု။
မာ တေ ဘဝန္တွ'န္တရာယာ၊ သုခီ ဒီဃာယုကော ဘဝ။

၁၃၁။   အဘိဝါဒနသီလိဿ၊ နိစ္စံ ဝုဍ္ဎာပစာယိနော။
စတ္တာရော ဓမ္မာ ဝဍ္ဎန္တိ၊ အာယု ဝဏ္ဏော သုခံ ဗလံ။

အာဋာနာဋိယသုတ္တံ နိဋ္ဌိတံ။


၉-အင်္ဂုလိမာလသုတ်

၁၃၂။   ပရိတ္တံ ယံ ဘဏန္တဿ၊ နိသိန္နဋ္ဌာနဓောဝနံ။
ဥဒကမ္ပိ ဝိနာသေတိ၊ သဗ္ဗမေဝ ပရိဿယံ။

၁၃၃။   သောတ္ထိနာ ဂဗ္ဘဝုဋ္ဌာနံ၊ ယဉ္စ သာဓေတိ တင်္ခဏေ။
ထေရဿ'င်္ဂုလိမာလဿ၊ လောကနာထေန ဘာသိတံ။
ကပ္ပဋ္ဌာယိံ မဟာတေဇံ၊ ပရိတ္တံ တံ ဘဏာမ ဟေ။

၁၃၄။   ယတော'ဟံ ဘဂိနိ အရိယာယ ဇာတိယာ ဇာတော။
နာဘိဇာနာမိ သဉ္စိစ္စ ပါဏံ ဇီဝိတာ ဝေါရောပေတာ။
တေန သစ္စေန သောတ္ထိ တေ ဟောတု သောတ္ထိ ဂဗ္ဘဿ။

အဂုၤလိမာလသုတၱံ နိ႒ိတံ။



၁၀-ဗောဇ္ဈင်သုတ်
၁၃၅။   သံသာရေ သံသရန္တာနံ၊ သဗ္ဗဒုက္ခဝိနာသနေ။
သတ္တ ဓမ္မေ စ ဗောဇ္ဈင်္ဂေ၊ မာရသေနာပမဒ္ဒနေ။


၁၃၆။   ဗုဇ္ဈိတွာ ယေ စိမေ သတ္တာ၊ တိဘဝါ မုတ္တကုတ္တမာ။
အဇာတိ' မဇရာဗျာဓိံ၊ အမတံ နိဗ္ဘယံ ဂတာ။

၁၃၇။   ဧဝမာဒိဂုဏူပေတံ၊ အနေကဂုဏသင်္ဂဟံ။
သြသဓဉ္စ ဣမံ မန္တံ၊ ဗောဇ္ဈင်္ဂဉ္စ ဘဏာမဟေ။

၁၃၈။   ဗောဇ္ဈင်္ဂေါ သတိသင်္ခါတော၊ ဓမ္မာနံ ဝိစယော တထာ။
ဝီရိယံ ပီတိ ပဿဒ္ဓိ၊ ဗောဇ္ဈင်္ဂါ စ တထာပရေ။

၁၃၉။   သမာဓုပေက္ခာ ဗောဇ္ဈင်္ဂါ၊ သတ္တေတေ သဗ္ဗဒဿိနာ။
မုနိနာ သမ္မဒက္ခာတာ၊ ဘာဝိတာ ဗဟုလီကတာ။

၁၄၀။   သံဝတ္တန္တိ အဘိညာယ၊ နိဗ္ဗာနာယ စ ဗောဓိယာ။
ဧတေန သစ္စဝဇ္ဇေန၊ သောတ္ထိ တေ ဟောတု သဗ္ဗဒါ။

၁၄၁။   ဧကသ္မိံ သမယေ နာထော၊ မောဂ္ဂလ္လာနဉ္စ ကဿပံ။
ဂိလာနေ ဒုက္ခိတေ ဒိသွာ၊ ဗောဇ္ဈင်္ဂေ သတ္တ ဒေသယိ။

၁၄၂။   တေ စ တံ အဘိနန္ဒိတွာ၊ ရောဂါ မုစ္စိံသု တင်္ခဏေ။
ဧတေန သစ္စဝဇ္ဇေန၊ သောတ္ထိ တေ ဟောတု သဗ္ဗဒါ။

၁၄၃။   ဧကဒါ ဓမ္မရာဇာပိ၊ ဂေလညေနာ' ဘိပီဠိတော။
စုန္ဒတ္ထေရေန တံယေဝ၊ ဘဏာပေတွာန သာဒရံ။

၁၄၄။   သမ္မောဒိတွာန အာဗာဓာ၊ တမှာ ဝုဋ္ဌာသိ ဌာနသော။
ဧတေန သစ္စဝဇ္ဇေန၊ သောတ္ထိ တေ ဟောတု သဗ္ဗဒါ။

၁၄၅။   ပဟီနာ တေ စ အာဗာဓာ၊ တိဏ္ဏန္နမ္ပိ မဟေသိနံ။
မဂ္ဂဟတာ ကိလေသာဝ၊ ပတ္တာ' နုပ္ပတ္တိဓမ္မတံ။
ဧတေန သစ္စဝဇ္ဇေန၊ သောတ္ထိ တေ ဟောတု သဗ္ဗဒါ။

ဗောဇ္ဈင်္ဂသုတ္တံ နိဋ္ဌိတံ။


၁၁-ပုဗ္ဗဏှသုတ်

၁၄၆။   ယံ ဒုန္နိမိတ္တံ အဝမင်္ဂလဉ္စ၊ ယော စာမနာပေါ သကုဏဿ သဒ္ဒေါ
ပါပဂ္ဂဟော ဒုဿုပိနံ အကန္တံ၊ ဗုဒ္ဓါနုဘာဝေန ဝိနာသ'မေန္တု။

၁၄၇။   ယံ ဒုန္နိမိတ္တံ အဝမင်္ဂလဉ္စ၊ ယော စာမနာပေါ သကုဏဿ သဒ္ဒေါ
ပါပဂ္ဂဟော ဒုဿုပိနံ အကန္တံ၊ ဓမ္မာနုဘာဝေန ဝိနာသ'မေန္တု။

၁၄၈။   ယံ ဒုန္နိမိတ္တံ အဝမင်္ဂလဉ္စ၊ ယော စာမနာပေါ သကုဏဿ သဒ္ဒေါ
ပါပဂ္ဂဟော ဒုဿုပိနံ အကန္တံ၊ သံဃာနုဘာဝေန ဝိနာသ'မေန္တု။

၁၄၉။   ဒုက္ခပ္ပတ္တာ စ နိဒ္ဒုက္ခာ၊ ဘယပ္ပတ္တာ စ နိဗ္ဘယာ။
သောကပ္ပတ္တာ စ နိေဿာကာ၊ ဟောန္တု သဗ္ဗေပိ ပါဏိနော။

၁၅၀။   ဧတ္တာဝတာ စ အမှေဟိ၊ သမ္ဘတံ ပုညသမ္ပဒံ။
သဗ္ဗေ ဒေဝါ'နုမောဒန္တု၊ သဗ္ဗသမ္ပတ္တိသိဒ္ဓိယာ။

၁၅၁။   ဒါနံ ဒဒန္တု သဒ္ဓါယ၊ သီလံ ရက္ခန္တု သဗ္ဗဒါ။
ဘာဝနာဘိရတာ ဟောန္တု၊ ဂစ္ဆန္တု ဒေဝတာ'ဂတာ။

၁၅၂။   သဗ္ဗေ ဗုဒ္ဓါ ဗလပ္ပတ္တာ၊ ပစ္စေကာနဉ္စ ယံ ဗလံ။
အရဟန္တာနဉ္စ တေဇေန၊ ရက္ခံ ဗန္ဓာမိ သဗ္ဗသော။

၁၅၃။   ယံကိဉ္စိ ဝိတ္တံ ဣဓ ဝါ ဟုရံ ဝါ၊ သဂ္ဂေသု ဝါ ယံ ရတနံ ပဏီတံ။
န နော သမံ အတ္ထိ တထာဂတေန၊ ဣဒမ္ပိ ဗုဒ္ဓေ ရတနံ ပဏီတံ။
ဧတေန သစ္စေန သုဝတ္ထိ ဟောတု။

၁၅၄။   ယံကိဉ္စိ ဝိတ္တံ ဣဓ ဝါ ဟုရံ ဝါ၊ သဂ္ဂေသု ဝါ ယံ ရတနံ ပဏီတံ။
န နော သမံ အတ္ထိ တထာဂတေန၊ ဣဒမ္ပိ ဓမ္မေ ရတနံ ပဏီတံ။
ဧတေန သစ္စေန သုဝတ္ထိ ဟောတု။

၁၅၅။   ယံကိဉ္စိ ဝိတ္တံ ဣဓ ဝါ ဟုရံ ဝါ၊ သဂ္ဂေသု ဝါ ယံ ရတနံ ပဏီတံ။
န နော သမံ အတ္ထိ တထာဂတေန၊ ဣဒမ္ပိ သံဃေ ရတနံ ပဏီတံ။
ဧတေန သစ္စေန သုဝတ္ထိ ဟောတု။

၁၅၆။   ဘဝတု သဗ္ဗမင်္ဂလံ၊ ရက္ခန္တု သဗ္ဗဒေဝတာ။
သဗ္ဗဗုဒ္ဓါနုဘာဝေန၊ သဒါ သုခီ ဘဝန္တု တေ။

၁၅၇။   ဘဝတု သဗ္ဗမင်္ဂလံ၊ ရက္ခန္တု သဗ္ဗဒေဝတာ။
သဗ္ဗဓမ္မာနုဘာဝေန၊ သဒါ သုခီ ဘဝန္တု တေ။

၁၅၈။   ဘဝတု သဗ္ဗမင်္ဂလံ၊ ရက္ခန္တု သဗ္ဗဒေဝတာ။
သဗ္ဗသံဃာနုဘာဝေန၊ သဒါ သုခီ ဘဝန္တု တေ။

၁၅၉။   မဟာကာရုဏိကော နာထော၊ ဟိတာယ သဗ္ဗပါဏိနံ။
ပူရေတွာ ပါရမီ သဗ္ဗာ၊ ပတ္တော သမ္ဗောဓိ'မုတ္တမံ။
ဧတေန သစ္စဝဇ္ဇေန၊ သောတ္ထိ တေ ဟောတု သဗ္ဗဒါ။

၁၆၀။   ဇယန္တော ဗောဓိယာ မူလေ၊ သကျာနံ နန္ဒိဝဍ္ဎုနော။
ဧဝမေဝ ဇယော ဟောတု၊ ဇယဿု ဇယမင်္ဂလေ။

၁၆၁။   အပ္ပရာဇိတပလ္လင်္ကေ၊ သီသေ ပုထုဝိပုက္ခလေ။
အဘိသေကေ သဗ္ဗဗုဒ္ဓါနံ၊ အဂ္ဂပ္ပတ္တော ပမောဒတိ။

၁၆၂။   သုနက္ခတ္တံ သုမင်္ဂလံ၊ သုပ္ပဘာတံ သုဟုဋ္ဌိတံ။
သုခဏော သုမုဟုတ္တော စ၊ သုယိဋ္ဌံ ဗြဟ္မစာရိသု။

၁၆၃။   ပဒက္ခိဏံ ကာယကမ္မံ၊ ဝါစာကမ္မံ ပဒက္ခိဏံ။
ပဒက္ခိဏံ မနောကမ္ပ္မံ၊ ပဏီဓိ တေ ပဒက္ခိဏေ။

၁၆၄။   ပဒက္ခိဏာနိ ကတွာန၊ လဘန္တ'တ္ထေ ပဒက္ခိဏေ။
တေ အတ္ထလဒ္ဓါ သုခိတာ၊ ဝိရူဠှာ ဗုဒ္ဓသာသနေ။
အရောဂါ သုခိတာ ဟောထ၊ သဟ သဗ္ဗေဟိ ဉာတိဘိ။

ပုဗ္ဗဏှသုတ္တံ နိဋ္ဌိတံ။

ပရိတ္တပါဠိ နိဋ္ဌိတာ။
………..
….