Tuesday 15 January 2013

ဒုစရိုက်မှတ်စု

ဒုစရိုက် ၁၀ ပါး။
ပါဏာတိပါတ။ အဒိန္နာဒါန။ ကာမေသုမိစ္ဆာစာရ။ (ကာယဒုစရိုက် ၃ ပါး)
မုသာဝါဒ။ ပိသုဏ၀ါစာ။ ဖရုသ၀ါစာ။ သမ္ဖပ္ပလာပ။ (၀စီဒုစရိုက် ၄ ပါး)
အဘိဇ္ဈာ။ ဗျာပါဒ။ မိစ္ဆာဒိဋ္ဌိ။ (မနောဒုစရိုက် ၃ ပါး)

ဒုစရိုက် အပါး ၃၀ 
အထက်ပါ ဒုစရိုက် ၁၀ ပါးကို
ပုဗ္ဗ။ မုဉ္စ။ အပရ ဟူသော စေတနာ သုံးပါးနဲ့ မြှောက်လျှင် ဒုစရိုက် အပါး ၃၀ ဖြစ်၏။

ဒုစရိုက်အပါး ၄၀
အထက်ပါ မူရင်းဒုစရိုက် ၁၀ ပါးကို...
-ကိုယ်တိုင်ကျူးလွန်လျှင် သာဟတ္တိကဒုစရိုက်
-သူတစ်ပါးအား ကျူးလွန်ခိုင်းလျှင် အာဏာတ္တိကဒုစရိုက်
-သူတစ်ပါးအား တိုက်ရိုက်မကျူးလွန်ခိုင်းဘဲ ကျူးလွန်သည့်အတွက် ရနိုင်သည့်အကျိုးတို့ကို ပြောပြလျှင် ၀ဏ္ဏဘာသနဒုစရိုက်
-သူတစ်ပါးတို့ အလိုအလျောက် ကျူးလွန်နေသည်ကို သဘောတူကျေနပ်နေလျှင် သမနုညာဒုစရိုက် ဟူသော ၄ ပါးနှင့် မြှောက်ပွါးလျှင် ဒုစရိုက်ပေါင်း ၄၀ ရ၏။


မှတ်ချက်။
သဂြိင်္ုဟ်ဘာသာဋီကာ စာ ၃၈၄-၃၈၅ တို့မှ ထုတ်နှုတ်ထားခြင်းဖြစ်သည်။ ၄င်း စာအုပ်၌ မူလ ၁၀ ပါးကို ၃ ဖြင့် မြှောက်ပွါးပြီး ဒုစရိုက် အပါး ၃၀ ဟု တစ်ဖုံ၊ မူလ ၁၀ ပါးကိုပင် ၄ ဖြင့်မြှောက်ပွါးပြီး ဒုစရိုက် အပါး ၄၀ ဟု တစ်မျိုး ဆိုထားသော်လည်း ဆင့်ပွါး ၃၀ နှင့် ၄၀ ကို မြှောက်ပွါးထားခြင်း မရှိပေ။ မြှောက်ပွါး၍ ရနိုင်၏ဟု ယူဆမိ၏။ (အင်္ဂါမောင်)

.

No comments: