ဝိတက္ကော ထိနမိဒ္ဓဿ၊ သုခံ ဥဒ္ဓစ္စကုက္ကုစ္စဿ၊
ဝိစာရော ၀ိစိကိစ္ဆာယ။ (ပဋိသမ္ဘိဒါမဂ္ဂအဋ္ဌကထာ၊ စာ ၁/၁၆၈)
-သမာဓိ (ကမ္မဋ္ဌာန်းအာရုံတစ်ခုတည်းပေါ်၌ စိတ်တည်ကြည်နေခြင်းသဘော) ၏ ရန်သူကား ကာမစ္ဆန္ဒနီဝရဏ(ကာမဂုဏ်တို့၌ လိုချင်တပ်မက်မှု)တည်း။
-ပီတိ (ကမ္မဋ္ဌာန်းအာရုံကို နှစ်သက်နေခြင်းသဘော)၏ ရန်သူကား ဗျာပါဒနီဝရဏ (အလိုမကျမှု၊ အမျက်ထားမှု)တည်း။
-၀ိတက် (စိတ်ကို ကမ္မဋ္ဌာန်းအာရုံပေါ်သို့တင်ပေးခြင်းသဘော)၏ ရန်သူကား ထိနမိဒ္ဓနီဝရဏ (ငိုက်မြည်းမှု၊ ထိုင်းမှိုင်းမှု) တည်း။
-သုခ (ကမ္မဋ္ဌာန်းအာရုံကို ချမ်းသာစွာ ခံစားနေခြင်းသဘော) ၏ ရန်သူကား ဥဒ္ဓစ္စကုက္ကုစ္စ (ပျံ့လွင့်မှု၊ နောင်တရမှု)တည်း။
-၀ိစာရ (ကမ္မဋ္ဌာန်းအာရုံကို ထပ်ကာတလဲလဲ သုံးသပ်ဆင်ခြင်ခြင်းသဘော)၏ ရန်သူကား ၀ိစိကိစ္ဆာ (မဆုံးဖြတ်နိုင်မှု) တည်း။
.
No comments:
Post a Comment