Monday 6 July 2009

လန်ဒန်တက္ကသိုလ် ကျောင်းသား အင်္ဂါမောင်


ဒီနေ့
၂၀၀၉ ခု၊ ဂျူလိုင်လ ၆ ရက်၊ တနင်္လာနေ့။
လန်ဒန်ယူနီဗာစီတီ(Soas)မှာ အင်္ဂါမောင်တစ်ယောက် တက္ကသိုလ် စတက်နေလေပြီ။ တက္ကသိုလ်တက်တယ်ဆိုပေမဲ့ မာစတာတန်းကို တက်ရတာတော့ မဟုတ်သေးပါဘူး။ မာစတာတန်းမတက်ခင် အထူးအင်္ဂလိပ်စာ သင်တန်းအနေနဲ့ 8 week pre-sessional courses ကို တက်ရခြင်းဘဲဖြစ်ပါတယ်။ သင်တန်းကာလကတော့ ဂျူလိုင် ၆ ရက်နေ့မှ သြဂုတ်လ ၂၈ ရက်နေ့အထိ ရှစ်ပတ်တိတိပါ။ သင်တန်းပြီးဆုံးပြီး စက်တင်ဘာလရောက်ရင် မာစတာတန်းကို စတက်ရမှာဖြစ်ပါတယ်။

အင်္ဂလန်နိုင်ငံက တက္ကသိုလ်တိုင်းဟာ post graduate students များအတွက် ielts score အနည်းဆုံး ၇.၀ ရမှ တိုက်ရိုက်တက်ခွင့်ပြုပါတယ်။ ၇.၀ ထက်နည်းတဲ့ ကျောင်းသားများတွေကတော့ တက္ကသိုလ်တက်ချင်ရင် 8 week pre-sessional courses ကို ကြိုတက်ရပါတယ်။

ယေဘုယျအားဖြင့် ၆.၅ ရရင် 4 week pre-seesional courses တက်ရပြီး ၆.၀ ရရင် 8 week pre-sessional courses တက်ရပါတယ်။ အင်္ဂါမောင်လဲ ၆.၀ သာရတဲ့အတွက် 8 week pre-sessional courses တက်ရပါတယ်။ (ဘာသာရပ်အလိုက် ကွဲပြားမှုတော့ရှိနိုင်ပါတယ်)။

ဈေးနှုန်းတွေကတော့ အောက်က အတိုင်းပါဘဲ။
8 week pre-sessional courses tuition fee #2, 380 (accommodation #1, 130)
4 week pre-sessional courses tuition fee # 1, 190 (accomodation #565)
Master fee #12000
.......

အင်္ဂါမောင်ကတော့ accomodation မလိုတဲ့အတွက် ပေါင် ၂၃၈၀ ဘဲ ပေးရပါတယ်။
မာစတာအတွက် ၁၂၀၀၀ နဲ့ပေါင်းလိုက်ရင်တော့ ခပ်ချိချိရယ်။
ဒီကြားထဲ လမ်းစရိတ်က တစ်ရက်ကို ၆ ပေါင်လောက်ဆိုတော့ တစ်နှစ်စာအတွက် စဉ်းစားကြည့်ရင်း ကြက်သီးမွေးညှင်းတောင်ထမိသေးတယ်။ တက်ရမဲ့ရက်က monday to friday ဆိုတော့ ကုန်ကျစရိတ်တော့ မနည်းလှဘူး။

ဒီနေ့က အစနေ့ဆိုတော့ စာမသင်ပေးသေးပါဘူး။ orientatation ဘဲ လုပ်ခဲ့ရတယ်။ တက္ကသိုလ်တစ်လျောက် လိုက်ပြတယ်။ စားသောက်ခန်းတွေကို ညွန်ပြပေးတယ်။ စာကြည့်တိုက်သွားပြီး စာကြည့်တိုက်အသုံးပြုပုံ၊ အင်တာနက် သုံးစွဲပုံ၊ မိတ္တူကူးပုံ၊ ပရင့်ထုတ်ပုံတို့ကို သက်ဆိုင်ရာတွေကတစ်ဆင့် ရှင်းပြစေပါတယ်။

မနက် ၈ နာရီကျော်ကျော်ကနေ အင်္ဂါမောင်တို့ နေရာက ထွက်ခွါသွားလိုက်တာဟာ ညနေ ၅ နာရီကျော်မှဘဲ ပြန်ရောက်လာပါတယ်။

ဒီတစ်နှစ်တော့ ဒီလိုဘဲ နေ့စဉ်နီးပါး နှစ်ပါးသွားရဦးမှာပါဘဲ။

.......

No comments: