Friday 26 June 2009

စင်တီဂရိတ်နှင့်ဖာရင်ဟိုက်တွက်နည်း

ဤပို့စ်သည်
သိပြီးသူများအတွက် မရွည်ရွယ်ပါ။ ကျွန်ုပ်ကဲ့သို့ မသိရှိသေးသောသူများအတွက် ရည်ရွယ်ပါသည်။


စင်တီဂရိတ်၌ အစိတ် ၁၀၀ ရှိသည်။
ဖာရင်ဟိုက်၌ အစိတ် ၁၈၀ ရှိသည်။

စင်တီဂရိတ်၏ ရေခဲမှတ်သည် သုညဖြစ်ပြီး ရေဆူမှတ်သည် ၁၀၀ ဖြစ်သည်။
ဖာရင်ဟိုက်၏ ရေခဲမှတ်သည် ၃၂ ဖြစ်ပြီး ရေဆူမှတ်သည် ၁၈၀ ဖြစ်သည်။

၁၀၀ နှင့် ၁၈၀ ကို ဂဏန်းအသေးဆုံး အကျုံ့ ဆုံးဖြစ်အောင် (ပြတ်လဲပြတ်အောင်) ပိုင်းနိုင်သော ဂဏန်းသည် ၂၀ ဖြစ်သည်။

၁၀၀ ကို ၂၀ နှင့် ပိုင်းလျင် ၅ ရသည်။
၁၈၀ ကို ၂၀ နှင့် ပိုင်းလျင် ၉ ရသည်။

စင်တီဂရိတ် နှင့် ဖာရင်ဟိုက်သည် ၅ ပိုင်း ၉ ပိုင်းဖြစ်သည်။

ထို့ကြောင့် စင်တီဂရိတ်ကို ဖာရင်ဟိုက်ဖွဲ့လိုလျင်..
၁။ လက်ရှိစင်တီဂရိတ်ကို ၅ နှင့်စားပါ။
၂။ ရလာဒ်ကို ၉ နှင့် မြောက်ပါ။
၃။ ရလာဒ်ကို (ရေခဲမှတ်) ၃၂ နှင့်ပေါင်းပါ။
၎။ ရလာသော ဂဏန်းသည် လက်ရှိဖာရင်ဟိုက်ဖြစ်သွားသည်။

ဥပမာ
၄၀ စင်တီဂရိတ်ကို ဖာရင်ဟိုက် ဘယ်လောက်ရှိသလဲ သိချင်လျင်
၁။ ၄၀ကို ၅ နှင့်စား (ရလာဒ် ၈)။
၂။ ၈ ကို ၉ နှင့်မြောက် (ရလာဒ် ၇၂)။
၃။ ၇၂ ကို (ရေခဲမှတ်) ၃၂ နှင့်ပေါင်း (ရလာဒ် ၁၀၄)။
၎။ ထို့ကြောင့် ၄၀ စင်တီဂရိတ်သည် ဖာရင်ဟိုက် ၁၀၄ ရှိသည်။
.................

အပြန်အားဖြင့်
လက်ရှိဖာရင်ဟိုက်ကို စင်တီဂရိတ်သို့ပြောင်းလိုလျင်
၁။ လက်ရှိဖာရင်ဟိုက်ကို (ရေခဲမှတ်) ၃၂ နှင့်နှုတ်ပါ။
၂။ ၉ နှင့်စားပါ။
၃။ ၅ နှင့်မြောက်ပါ။
၎။ ရလာဒ်သည် လက်ရှိစင်တီဂရိတ်ဖြစ်သည်။

ဥပမာ
ဖာရင်ဟိုက် ၁၀၄ ကို စင်တီဂရိတ် ဘယ်လောက်ရှိလဲ သိချင်လျင်
၁။ (ရေခဲမှတ်) ၃၂ နှင့် နှုတ်ပါ (ရလာဒ် ၇၂)။
၂။ ၉ နှင့်စားပါ (ရလာဒ် ၈)။
၃။ ၅ နှင့် မြောက်ပါ (ရလာဒ် ၄၀)။
၎။ ထို့ကြောင့် ဖာရင်ဟိုက် ၁၀၄ သည် စင်တီဂရိတ် ၄၀ ဖြစ်သည်။
...........
ဤနည်းကို မှီး၍ တွက်လျင် စင်တီဂရိတ်နှင့် ဖာရင်ဟိုက် တွက်ရတာ လွယ်ကူသွားပါမည်။
သို့သော်
စားလို့ မပြတ်သည့် ဂဏန်းများကိုတော့ ဒသမခံပြီး ထပ်စားဖို့လိုသည်။ လုံးဝစားလို့ မပြတ်လျင် အနီးစပ်ဆုံး ကိန်းကို ယူပါ။

ဥပမာ
ဝ.၁၄ (၄ နှင့် ၄အောက်ဖြစ်လျင်) ၀.၁ ဟု မှတ်ယူပြီး
ဝ.၁၅ (၅ နှင့် ၅ အထက်ဖြစ်လျင်) ၀.၂ ဟု မှတ်ယူရပါမည်။


ဝန်ခံချက်
ဤတွက်နည်းကို ကျွန်ုပ်နှင့်အတူပညာတော်သင်ဖြစ်သည့် ဦးတေဇနိယ(ပိဋကတ္တယပါရဂူ၊ ဘီအေ)ထံမှ ရရှိခြင်းဖြစ်ပါသည်။

....

1 comment:

မေဇင် said...

သိပ်အသုံးတည့်တဲ့ တွက်နည်းတွေ ပဲဘုရာ့..သေသေချာချာ မှတ်သွားပါတယ်..တပည့်တော် လဲ အရင်က မသိပါ..။ ကျေးဇူးပါ ဘုရာ့