
အပေါ်ပုံလေးကတော့ အင်္ဂါမောင်တို့ စာသင်ရတဲ့ အခန်းလေးပါ။ ဆရာမ မလာခင် ရိုက်ထားတာပါ။ ဆရာမ Catherine Lews သင်ပေးတဲ့ အခန်းလေးဘဲဖြစ်ပါတယ်။ ဒီအခန်းက ဆရာမ Cher Di Boscio သင်ပေးတဲ့အခန်း (ဓါတ်ပုံမရိုက်သေး)ထက် ပိုကျယ်ပါတယ်။

နောက်ကနေ ပြန်ရိုက်ထားပါတယ်။ အိပ်ကလေးနှင့်ရေပုလင်းလေးရှိတဲ့ နေရာကတော့ အင်္ဂါမောင် ထိုင်တဲ့ နေရာလေးဘဲ ဖြစ်ပါတယ်။ဆရာမနှင့် မျက်နှာချင်းဆိုင်တော့ ပိုပြီး မှတ်မိတာပေါ့။

ဆရာမမလာခင် ဆရာမထိုင်ခုံမှာ ထိုင်ပြီး ဓါတ်ပုံရိုက်ထားတာပါ။ လောင်းကုတ်ဝတ်ထားပေမဲ့ စာသင်တဲ့အခါမှာတော့ လောင်းကုတ်ကို ချွတ်ထားပါတယ်။

ဒီစာအုပ်ကို ကျောင်းသားတိုင်းကို တစ်အုပ်စီ ဝေပေးပါတယ်။

ဒီစာအုပ်ကိုလဲ ကျောင်းသားတိုင်းကို တစ်အုပ်စီ ပေးပါတယ်။ စုစုပေါင်း နှစ်အုပ်ရရှိပြီးပါပြီ။
..........
No comments:
Post a Comment