
ဟော...
ဟိုမှာ ကြည့်လိုက်စမ်း....။
အဲဒီ...ခပ်လှုပ်လှုပ်တွေဟာ
ပျားပိတုန်းတွေ မဟုတ်ဘူး
ပျားပန်းခတ် စည်ကားနေတာ။
ဘီလျံချီနေတဲ့
စက္ခုပသာဒအောက်မှာ
သူတို့က ရူပါရုံတွေပေါ့
ဘာမဆိုင် ညာမဆိုင်
ငါတို့လဲ
(ဝေလေလေနဲ့) စက္ခုဒွါရ၀ီထိတွေ ကျလို့။
ဘိုကနီပေါ်မှာ
ရွိုင်ရယ်ပန်းတွေ
စိတ်ကြိုက် ပွင့်နေခိုက်
ငါတို့ သိုက်မြုံမှာတော့
ယဿာနုဘာဝတော နဲ့
စကားအစပျိုးနေကြရတယ်။
မင်္ဂလာအလှူတဲ့
ဒါပေမဲ့
၂၉ မောင်နှံတော့ မဟုတ်ဘူး
ကျေနပ်စရာက
ဒီနေ့မှာ
မင်္ဂလသုတ် ရွတ်ဖြစ်လိုက်တာကိုဘဲ။
ကင်းဘရစ်ရဲ့
နယူး ဒျုခ် နှင့် ဒတ်ချက်စ် အတွက်
ဖန်သားပြင်ရှေ့မှာ
ဓါးပြတိုက်ခံလိုက်ရတဲ့
ငါ့ရဲ့ ခပ်ပေါပေါ အချိန်တွေနဲ့
ကြည်နူးစွာ ဂုဏ်ပြုလိုက်ပါတယ်
ဘ၀တု သဗ္ဗ မင်္ဂလံ။
***မှတ်ချက်။ ဒီကဗျာလေးနဲ့ ဒီနေ့မှာ ကျရောက်တဲ့ သူတို့ ဇနီးမောင်နှံရဲ့ ကမ္ဘာကျော် မင်္ဂလာပွဲကို ဂုဏ်ပြုလိုက်ပါတယ်။
** *Picture from Google Search
**
No comments:
Post a Comment