Wednesday 27 April 2011

အတီတာနာဂတပစ္စုပ္ပန္နေ


ကွန်ပျူတာ ကိုက်သွားတဲ့
ငါ့ဗိုင်းရပ်တွေ
ဗိုင်းရပ်တွေ ကိုက်သွားတဲ့
ငါ့ကွန်ပျူတာ
ရင်ထဲမှာတော့ ဟာတာတာရယ်။


 မနေ့ကတွေကို ဖူးစကင်ဆွဲ
ပေါ်လာတဲ့ ဗိုင်းရပ်
ဒစ်စ်ကလီးန်နပ် လုပ်ပစ်
ကျုပ်တကယ် စိတ်ညစ်ခဲ့ရတယ်။


ဒီဖရက်မန့်တ် အားနည်းတော့
နှေးလိုက်တဲ့ ကုသိုလ်တရားတွေ
အကုသိုလ်နဲ့
ယှဉ်မပြေးနိုင်ခဲ့ဘူး
ဒါကြောင့်
နှစ်ဟောင်းပြိုင်ပွဲမှာ
လွန်ဆွဲစရာ မလိုဘဲ
ဂိုးပြတ် ပိတ်သွင်းပြီး
အကုသိုလ်တွေ အောင်ပွဲ ခင်းခဲ့ကြတာပေါ့။


အခုတော့
ကွန်ပျူတာသစ်
အန်တီဗိုင်းရပ်အသစ်
ဆော့ဝဲအသစ်
ဖြစ်ခဲ့သမျှ အပ်ဂရိတ်လုပ်
ကျုပ် အစီအစဉ်တစ်ခု ကြံနေလေရဲ့
အဲဒါကတော့
နှစ်သစ်မှာ
ကုသိုလ်တွေ ချန်ပီယံဖြစ်ဖို့။


ဒါပေမဲ့
အဲဒီ ချန်ပီယံခရီးမှာ
လက်ခုပ်တီးသံတော့ ကြားချင်သေးတယ်။



*** Picture from Google Search

**

No comments: