Saturday 2 April 2011

ကြိတ်ပြုံး

စီးချင်းထိုးမှ
ဒီပန်းရနံ့ သင်းပျံ့မယ်ဆိုရင်
ငါ့အတွက်တော့ 
မိုးစွေပန်းတွေ
အဖော်နဲ့ တစီစီပေါ့။


ပါးစပ်အလှုပ်မှာ
အလိုလို ပြုတ်ကျလာတဲ့
အေးရိပ်ငြိမ်တွေ
ချွေးသိပ်ချိန်တွေ
ခုတော့လဲ
ဆေးလိပ် အိမ် သာသာရယ်။


တော်လဲဟီးသံကြားတိုင်း
ချော်လဲ ရောမထိုင်တတ်သူမို့
မိုးရိပ်ဆင်ကထဲက
ဆွံ့အ နှာစေး
အသာကလေး နေတတ်ခဲ့တယ်။


ဝတ်မလုံတဲ့
လိပ်ပြာ မောင်နှံ
တစ်ပင်ပြီး တစ်ပင်
တစ်တောင်ပြီး တစ်တောင်
တစ်တောပြီး တစ်တော
မောရကောင်းမှန်းမသိ။

ဒါပေမဲ့
ငါ့ရဲ့ ကြေးမုံဟာ
အလှပြင်သူ ဆိတ်သုဉ်းပေမဲ့
သူ့လိပ်ပြာ သူလုံတဲ့အတွက်
ကြိတ်ပြုံး ပြုံးနေလျက်ပါဘဲ။


***Picture from Google Search.

1 comment:

Anonymous said...

ကြိတ်ပြုံးတွေရဲ့ နောက်က အတိတ်မှာ
ပိတ်ဖုံးနေတဲ့ ကြောက်စရာ့ အ၀ိဇ္ဇာတွေများ ရှိနေမလားလို့ တပည့်တော်ကတော့ တွေးမိတယ်။

တကယ်တော့ ...
မကြိတ်ဘဲ ပြုံးပြုံး ... ကြိတ်ပဲပြုံးပြုံး
အရိပ်မဲ မဖုံးရင် အကောင်းဆုံး မဟုတ်လား ... ဦးဇင်း။

ဘာပဲဖြစ်ဖြစ် ...
အမုန်းတွေ ပိတ်ဖုံးလို့
အပြုံးတွေ ဆိတ်သုဉ်းတာနဲ့စာရင်
ကြိတ်ပြုံးပြုံးတာက တော်ပါသေးတယ်လေ ... ။