Saturday 23 April 2011

ပုံပြင်


ဝုန်း ဒိုင်း ဂွမ်း
အိပ်မြဲ အိပ်ပါ
နိယာမ ဖောက်ပြန်လို့ မဟုတ်ဘူး
အဲဒါ
မြွေမြွေချင်း ခြေငြိပြီး
ချော်လဲသွားတဲ့ အသံ။


ဝေါ ဝေါ ဝေါ
ဟေးးးး မိုးရွာပြီကွ
အပျော် မစောလိုက်ပါနဲ့
အဲဒါ 
အက်ဆစ်မိုးတွေ။


ရွှီး ဖြောင်း ဖြောင်း
မှန်သကွ.. ကြိုက်သကွ
ထောက်ခံကြတယ်ပေါ့
နောက်မှ
ကြောက်ကန် ကန် ခံရမှာတော့ မမြင်ဘူး။


အီးးး ဟီးးး ဟီးးးး
ဟယ်... သနားစရားလေး.. သနားပါတယ်
သနားကြ သနားကြ
အဲဒါ
သူ့မာယာထဲက
အကာလေးဘဲ ရှိသေးတယ်။


ဝုန်း ဒိုင်း ဂွမ်း
ဝေါ ဝေါ ဝေါ
ရွှီး ဖြောင်း ဖြောင်း
အီးးးး ဟီးးး ဟီးးး
အာ....
ငါ ငရဲကြီးကုန်တော့မှာဘဲ။


*** Picture from Google Search


**

No comments: