ဘ၀ဆိုတာ
တစ်ပွင့်စီ သီကုံးဖို့ မဟုတ်ဘူး
တစ်ဆစ်ချင်းဖြတ်ပစ်ရမဲ့
သံကွင်းဆက်တွေ။
အစွန်းရောက်
ပျော်ရွှင် ညှင်းဆဲမှုတွေ
မဇ္ဈိမစခန်း မ၀င်သေးသရွေ့
ဘ၀က သုခလ္လိကပေါ်
ချိန်ခွင်လျာ သာနေတယ်။
မြူငြိနေတဲ့
ဒီဂရီမဲ့ သံစဉ်ငါးမျိုးကြောင့်
ငါ့ကဗျာလေးခမျာ
မျက်ရည်စက်တွေနဲ့။
လမ်းမှန်ပေါ်
တင်ပေးခံခဲ့ရပေမဲ့
ငါ့ရဲ့ ခြေထောက်တွေက
ေ၀၀ါးနေတဲ့
ပုဏ္ဏားငါးယောက်လိုလို။
ဧည့်သည်ရေ..
အလင်းတံခါး ဖွင့်လှစ်ပေးလှဲ့ပါ
အိမ်ရှင့်ရင်ထဲ
အမှောင်တွေ ဖုံးနေလို့။
*** Picture from Google Search
No comments:
Post a Comment