မောင်စူးစမ်းနှင့် မောင်ထင်မှတ်တို့နှစ်ယောက် ညနေစောင်းအချိန်တွင် ရွာတစ်ရွာသို့ အလည်သွားကြ၏။ တောလမ်းကလေးတစ်ခုအား ဖြတ်သန်းသွားရ၏။
ထိုတောလမ်းနဘေးတွင် သင်္ချိုင်းကုန်း တစ်ခု ရှိ၏။ သရဲခြောက်တတ်သည်ဟု နာမည်ကြီး၏။ မောင်ထင်မှတ်သည် ထိုတောလမ်းလေးအား ဖြတ်သန်းလျှင် ဧကန် သရဲခြောက်လိမ့်မည်ဟု စိတ်ထဲတွင် ထင်မှတ်နေလေ၏။ ညလယ်လောက်တွင် အလည်သွားရာမှ ပြန်လာကြ၏။ နာမည်ကြီး ထိုတောလမ်းကလေးအား ဖြတ်သန်းနေခိုက် သင်္ချိုင်းကုန်းထဲမှ...

"ဘုတ်... ချောက်... ချောက်.. ချောက်..."
ဟူသော အသံကြီးကို နှစ်ဦးသား ကြားလိုက်ရလေ၏။ မောင်ထင်မှတ်မှာ "သရဲ သရဲ" ဟု သံကုန်ဟစ် အော်ပြီး ရွာဖက်သို့ တစ်ချိုးတည်း ထွက်ပြေးလေတော့၏။ မောင်စူးစမ်းမှာမူ ထိုအသံကြားရာသို့ သွားရောက်ပြီး အသင့်ယူဆောင်လာသည့် လက်နှိပ်ဓါတ်မီးဖြင့် ထိုးကြည့်လေ၏။ မောင်စူးစမ်းသည် ဖြစ်စဉ်ကို သဘောပေါက်သွားလေ၏။ အမှန်မှာ သရဲ ခြောက်သည်မဟုတ်။ လမ်းနဘေးရှိ ဥသျှစ်ပင်မှ ဥသျှစ်သီးမှည့် ကြွေကျပြီး သစ်ရွက်ခြောက်ပေါ် လှိမ့်သွားခြင်းပင် ဖြစ်လေ၏။
....
***အလွဲထင်သူတို့ အထင်လွဲတတ်ကြ၏။
...
1 comment:
အလွဲထင်သူတို့ အထင်လွဲတတ်ကြ၏။ မှန်၏။
Post a Comment