မောင်စင်ကြယ်နှင့် မောင်ဆိုးပေတို့သည် ဘုန်းကြီးကျောင်းသားများ ဖြစ်ကြ၏။ ထိုဘုန်းတော်ကြီး ကျောင်းတွင် ကိုရင်ကျောင်းသားများ ရာကျော်ရှိ၏။ ဘုန်းတော်ကြီးတစ်ပါးထဲက ထို ကိုရင်ကျောင်းသား ရာကျော်တို့အား စာပေ သင်ကြားပြသပေး၏။ ထိုကိုရင်ကျောင်းသားတွေထဲတွင် မောင်ကောင်းဆိုသည့် ကျောင်းသား တစ်ယောက်ရှိ၏။ ထိုကျောင်းသားသည် သူ့အသိစိတ်ဖြင့် နေ့စဉ် ကျောင်းဝင်းအတွင်း တံမြက်စည်းလှဲခြင်း၊ ဘုရားသောက်တော်ရေ ကပ်ခြင်း၊ ဘုရားညောင်ရေအိုး လဲခြင်းတို့အား ပြုလုပ်လေ့ရှိ၏။
ထိုမြင်ကွင်းကို မြင်ပြီး မောင်စင်ကြယ်က....
"မောင်ကောင်းတစ်ယောက် အတော်လေး လိမ်မာရေးခြားရှိတယ်။ ဘာသာတရားကိုင်းရှိုင်းတယ်။ စိတ်ကောင်းစေတနာကောင်းရှိတယ်။ မောင်ကောင်းတစ်ယောက် အရွယ်ရောက်လာရင် တိုးတက် ကြီးပွါးမှာ သေချာတယ်" ဟု ချီးကျူးစကားဆိုလေ၏။
ထိုမောင်စင်ကြယ်၏ မောင်ကောင်းအပေါ် ချီးကျူးစကားဆိုမှုကို မောင်ဆိုးပေ ကြားသိသည့်အခါ ဆန့်ကျင်ဘက်အမြင်ဖြင့် ပြန်ပြောလေ၏။
"ဒီကောင် အလကားပါ။ ရိုးသားချင်ယောင်ဆောင်နေတာ။ ဘုန်းကြီးမျက်နှာသာပေးတာ ခံချင်လွန်းလို့ အလုပ်လုပ်ပြပြီး ဖားနေတာ။ ငါကတော့ ဒီကောင့်ကို လုံးဝ အထင်မကြီးဘူး။ ကြည့်ရတာ မျက်စိစပါးမွေး စူးတယ်"
...
***အမြင်စောင်းသူတို့သည် အစောင်းမြင်တတ်ကြကုန်၏။
.
No comments:
Post a Comment