ရွှေပဇ္ဇုပ္ပန် အညစ်လား
ဝိုးတ၀ါးပေမဲ့
ငါတို့မှာတော့ ချမ်းချမ်းတုန်ခဲ့ရပြီ။
မိုးသုံးခါရွာခဲ့တဲ့ အတိတ်က
ပစ္စုပ္ပန် မိုးသဲသဲကြီးကို
အနာဂတ် ပုံအပ်လိုက်တာ
အံ့ရော။
ငါတို့ရဲ့ ပဉ္စဂံစက်ဝိုင်းကြီး
မှိုင်းမိသွားတဲ့အခါ
ပြတ်စ တစ်လွှာကြောင့်
ဘယ်သူ လာ ဖာထေးတော့မလဲ။
အဆုံးနှင့် အစ
စီးချင်းထိုးဖို့
ဘ၀ အင်နာဂျီ လှောင်ကန်ကို ကျောပိုးပြီး
ခရီးအရှည်ကြီး ထွက်သွားလိုက်တာ
ငါတို့က လိုက်ပို့သူတွေပေါ့။
အတိတ်ကို ဥပေက္ခာပြုသွားတဲ့ သူငယ်ချင်းရေ
ပစ္စုပ္ပန် အပြုံးလေးတွေကို
အနာဂတ်ထိ သယ်ဆောင်သွားပေးပါ
အမုန်းမှိုင်းတွေ ထပ်မိမှာ စိုးလို့။
***Picture from Google search.
No comments:
Post a Comment