Sunday 7 October 2012

ခပ်ငွေ့ငွေ့ အသက်

ကောင်းဆုံး ဆိုးဆုံး
ရွှင်ပြုံး နွမ်းလျ
နှစ်မည်ရ။

စံရ ခံရ
သုခ ဒုက္ခ
နှစ်မည်ရ။

ထိပ်ဖျား ဘိတ်ဖျား
မြင့်မား ထိုးကျ
နှစ်မည်ရ။

အဲဒီ " နှစ်မည်ရ " အတွက်
မက်လိုက်တဲ့ အိပ်မက်ရိုင်းတွေ
သိုင်းကြိုးတွေတောင်
ပြေကျလုလု။

တော်ပါသေးရဲ့
ဝတ်ရုံ ခုနစ်လွှာ
တစ်လွှာပါးပါး
ချန်ထားခဲ့နိုင်သေးလို့။


.

1 comment:

Anonymous said...

ခါးပန်းကြိုး ခိုင်စေ ..
သင်းပိုင် မြဲစေ ..
အိပ်မက်ရိုင်းတွေ ယဉ်ပါစေ .. ။

_/\_