Wednesday 28 September 2011

ဒိုင်မင်းရှင်း

ရှုပ်နေလို့ ငြိမ်းချင်တဲ့ သူ
ငြိမ်းနေလို့ ရှုပ်ချင်တဲ့ သူ
အယူမတူကြတော့။

အကောင်းဆုံးလို့
အထင်ခံရသူတွေ
အကောင်းတွေ ဆုံးနေကြတော့။

အမြင်မှာတော့
ဓမ္မသ၀နပေါ့
တကယ်တမ်းက
အဓမ္မဘာသန ဖြစ်နေကြတော့။

သစ္စာတရား တဲ့
ကြားလိုက်သလိုလို
နားထောင်ကြည့်လိုက်တဲ့အခါ
ပိသုဏတွေ ပျံ့နှံ့နေကြတော့။

အင်းးး
အမြင်လေးတွေေ၀၀ါးနေတော့လဲ
အထင်အတွေးတွေနဲ့
ကြည်နူးနေတာဘဲ ကောင်းပါတယ်လေ။

.

1 comment:

San San Htun said...

ဒိုင်မင်းရှင်း မတူကြတော့ ခက်တယ်..