Tuesday 6 September 2011

ကဇာတ်

 နာရီတွေ
အရေခွံလဲတာကို
နှမြောတမ်းတရင်း...။

အမှတ်မထင်
 ကြေးမုံပြင်တစ်ချပ်ရှေ့
မတ်တပ်ရပ်မိတယ်။

ငါသာ
မဃဒေ၀မင်းဆို
တောထွက်ခန်း အော်ပရာ
အခါခါ ကပြီးရောပေါ့။

.

1 comment:

မေဓာဝီ said...

မဃဒေ၀မင်း မဟုတ်လဲ တောထွက်ခန်း ကလို့ရပါတယ် ဦးဇင်း။
ဒါပေမဲ့ ကဇာတ်အနေနဲ့ ကတာထက်စာရင် တကယ် တောထွက်တာ ပိုကောင်းမယ် ထင်တယ်။ အမေဇုန်တောတော့ မဟုတ်ဘူးနော်။ :)