Saturday 24 September 2011

၂၁ရာစု ဇာတ်ပေါင်း

အပူသည်တွေ
ဆောင်းနှင်းခိုခိုက်
ငြိမ်းအေးသူတွေ
အအေးပတ်နေပြီ။

အဝေး ရှုခင်းလှပေမဲ့
ရုပ်သေးပွဲကို
အနီးကပ်သွားကြည့်တော့
ဖန်တွတွ ဖြစ်ရောပေါ့။

ဇာတ်ခုံဆိုတာ ဇာတ်စုံတယ်
ဒါပေမဲ့
လူတွေက ကားလိပ်ချတုန်း
အိပ်ပျော်နေကြလေရဲ့။

ခူး..ခလော..ခလော။

ကယောင်ကတမ်းနဲ့
ဇာတ်ပေါင်းလိုက်တော့
သောနုတ္ထိုရ်က
ဘုရားအလောင်း ဖြစ်သွားရော။  ။

.

No comments: