Friday 2 September 2011

လောကကြီးက ပျင်းလို့တဲ့

 လောကကြီးက
ပျင်းလို့တဲ့
သတ္တ သြကာ သင်္ခါ
ကဗျာစပ်တမ်း ကစားတယ်။

လောကကြီးက
ပျင်းလို့တဲ့
နွေ မိုး ဆောင်း
ရာသီပြောင်းတမ်း ကစားတယ်။

လောကကြီးက
ပျင်းလို့တဲ့
ဗုဓ် ခရစ် မူ ဟိန် ဂျူး
မူလ မူလီ လုပ်တမ်း ကစားတယ်။

လောကကြီးက
ပျင်းလို့တဲ့
ဆိုရှယ် ကွန်မြူ ဒီမို လေဘာ ကွန်ဆာ
မာယာလှည့်တမ်း ကစားတယ်။

လောကကြီးက
ပျင်းလို့တဲ့
ဖြူ မဲ နက် ပြာ ၀ါ ရွှေ ခရမ်း
ရောင်ခြယ်တမ်း ကစားတယ်။

လောကကြီးက
ပျင်းလို့တဲ့
ပျို အို လှ ဆိုး ပု ရှည်
အထွေထွေလုပ်တမ်း ကစားတယ်။
 
 လောကကြီးက
ပျင်းလို့တဲ့
ကျား မ ယမ် ယင်
ခင်တွယ်တမ်း ကစားတယ်။

လောကကြီးက
ပျင်းလို့တဲ့
ချစ် ကြိုက်  မုန်း ကွဲ
လက်တွဲတမ်း ကစားတယ်။
လမ်းခွဲတမ်း ကစားတယ်။

 လောကကြီးက
ပျင်းလို့တဲ့
လူအချင်းချင်း
စစ်ဖြစ်တမ်း ကစားတယ်။

လောကကြီးက
ပျင်းလို့တဲ့
လူဟောင်း လူသစ်
လဲလှယ်တမ်း ကစားတယ်။

လောကကြီးက
ပျင်းလို့တဲ့
 ဖူး ပွင့် သီး ရင့် မှည့် ကြွေ
သေတမ်းရှင်တမ်း ကစားတယ်။
 
လောကကြီးက
ပျင်းလို့တဲ့
...................................
...........................။  ။

.

2 comments:

ဧရာဝတီ said...

ကောင်းလိုက်တဲ့ကဗျာ ဗျာ ရှဲယာခွင့်ပြုပါ

အင်္ဂါမောင် said...

ကြိုက်သလို ယူသုံးလို့ ရပါတယ်။ အလည်လာတဲ့အတွက် ကျေးဇူးတင်ပါတယ် ဧရာဝတီ။