Wednesday 18 January 2012

သမိုင်း

" ဂျိန်း"
"၀ုန်း"
"ဒိုင်း"


"ဟေးး"
"၀ါးးး"
"ဘရာဗို"


တိမ်ညစ်တွေရဲ့ အောင်ပွဲ
ခြိမ့်ခြိမ့်သဲခဲ့ပေါ့
ဇွဲနဘဲနဲ့ အားပေး
သမိုင်းတုရေးသူတွေလဲ အများသား။


ခပ်ခါးခါး မျိုသိပ်ထားတဲ့
ဝစီပိတ်စကားတွေကို
သမိုင်း မကြားနိုင်ခဲ့ဘူး
အားနာဖို့ ကောင်းလိုက်တာ။


ဂုဏ်တုတွေကို အရောင်တင်
ဂုဏ်ရှင်တွေကို ချောင်ထိုး
ဒီလို ပြဇာတ်မျိုး
တစ်မျိုးပြီး တစ်မျိုးဘဲ။


ဒီလိုနဲ့.....


နေညိုညို 
တိမ်တွေအကုန်ပြိုတဲ့နေ့
မေ့နေတဲ့ သမိုင်း
ခပ် စိုင်းစိုင်းဘဲ စရေးဖြစ်ခဲ့တယ်။


ဒါပေမဲ့
သေချာတာကတော့
သမိုင်းဆိုတာ
မုသာဝါဒ မကင်းနိုင်ကောင်းဘူး။

.

2 comments:

Anonymous said...

သမိုင်းကတော့ မုသာဝါဒ မကင်းဘူး။
ဘုန်းကြီးကတော့ မုသာဝါဒ ကင်းတယ် မဟုတ်လား ဘုရား။

မဒမ်ကိုး said...

မှန်လိုက်တာ ဘုန်းဘုန်းရယ်

သမိုင်းဆိုတာ မုသာဝါဒမကင်းနိုင်ဘူးတဲ့