ရာဟုသူရိန်
တန်ခိုးထိန်လဲ
ကြိမ်ကြိမ်ရုန်းထွက်
နေ ဘုန်းစက်ကြောင့်
ဆုပ်လက် ဖြေချ
လွှတ်ပေးရ၏။
လငပုပ်ကြမ်း
လကိုဖမ်းလဲ
စွမ်းစွမ်းတမံ
လ ဘုန်းကံကြောင့်
ကြိမ်ဖန် မချုပ်
သူ အန်ထုတ်၏။
သြော်...
နေကြတ် လကြတ်
ထပ်ကာ ကြတ်လဲ
ထပ်ထပ်ကြိုးပမ်း
နေ အစွမ်းကြောင့်
ထပ်ထပ်ကြိုးပမ်း
လ အစွမ်းကြောင့်
လွတ်လမ်းကိုရောက်
လိုပြီးမြောက်သည်
ဝမ်းမြောက်ဝမ်းသာ
ဖြစ်လိုက်ပါဘိ။
(အင်္ဂါမောင်)
.
1 comment:
ရေးနိုင်လိုက်တာ ဦးဇင်း။
ဒီကဗျာလဲ ကောင်းပါတယ်။ (မဖတ်ရသေးဘူး) :P
Post a Comment