Sunday, 19 February 2012

ခေတ်သစ်ကိုလိုနီ

 သွားမယ်
ချီတက်မယ်
အရောက်လှမ်းမယ်။

စိတ်အတွင်း
ကြုံးဝါး ဟစ်ကြွေးရင်း......

 နေထင်ထင်
လမ်းစင်စင်ဖြစ်ရဲ့သားနဲ့
ဘာဖြစ်လို့ ငါ့ခြေလှမ်းတွေ
ဆားဗစ်(စ်) ခဏခဏ ၀င်ချင်နေရပါလိမ့်။

အရင်းစစ်ကြည့်လိုက်တော့....

ညောင်းတယ်
ကိုက်တယ်
မူးတယ်
မော်တယ်
မောတယ်
ဝေတယ်။

ဆာလွန်းတယ်
ဝလွန်းတယ်
ပူလွန်းတယ်
အေးလွန်းတယ်
စောလွန်းတယ်
မိုးချုပ်လွန်းတယ်။


ဒီလိုနဲ့
ငါ့ယုံကြည်ခြင်းဟာ
ဝိတက်တွေရဲ့
နယ်ချဲ့မှုအောက်မှာ
ကိုလိုနီ နောက်လိုက် ဖြစ်နေလေရဲ့။

.

1 comment:

San San Htun said...

ကဗျာလေးက အဓိပ္ပာယ်ရှိတယ် ဘုရား..