အသင်တို့ ချချကျွေးတဲ့
အမုန်းဆေးတွေက
ကျွန်ုပ်ရဲ့ အတွင်းဒဏ်ရာအတွက်
ဆေးကောင်းတစ်လက် ဖြစ်ခဲ့တယ်။
သမရိုးကျ
လှလှပပသာ စီးဆင်းခွင့်ရခဲ့ရင်
ကျွန်ုပ်ရဲ့ နဒီချောင်းလဲ
ဒီလောက် စီးဆင်းအား ကောင်းခဲ့မှာ မဟုတ်ဘူး။
မိုးသံလေသံကြားထဲ
အားခဲလှော်ခတ်
ပစ်မှတ်တစ်ခုအတွက်
ကျွန်ုပ်
ကျွန်ုပ်
ညဥ့်တွေ ခဏခဏ နက်ခဲ့ဖူးတယ်။
အတိတ်ကို ချောင်ထိုး
အနာဂတ်ကို မျှော်ကိုး
ပစ္စုပ္ပန်ကို အားကိုး
အိပ်မက်ဆိုးတွေလဲ မနည်းခဲ့ဘူးပေါ့။
ကျေးဇူးပါ မုန်တိုင်း
သင့်ရဲ့ ရိုင်းပင်းမှုကြောင့်
ကျွန်ုပ်ရဲ့ အကိုင်းအခက်တွေမှာ
အောင်သပြေရွက်သစ်တွေ
ဝေခွင့်ရခဲ့တဲ့အတွက်။
.
2 comments:
မုန်တိုင်းကြားမှာ ပွင့်တဲ့ပန်းက ပိုပြီး တန်ဖိုးရှိပါတယ် ဦးဇင်း ... ။
ဒါနဲ့ တပည့်တော်ရဲ့ သပြေပင်လေးလဲ ရွက်သစ်တွေ အများကြီးထွက်လို့ ညှပ်တောင် ညှပ်ပစ်ရတယ် ဘုရား။ :)
မုန်တိုင်းဒဏ်ကို ခံနိုင်တဲ့ ပန်းက ပိုပွင့်တာ အမှန်ပဲ ဘုရား
Post a Comment