Monday 5 December 2011

ပန်းသီး

ဆူးကတော့ စူးနေမှာပါဘဲ
ဒါပေမဲ့
ပန်းသီးက ချိုမြဖို့လိုတယ်။

လောကီဈေးကွက်မှာ
မုဒိတာတွေ အရောင်းမသွက်လို့
မီးပျက်ညတွေအတွက်
ခရီးဆက်ဖို့ ခပ်ခက်ခက်။

လေလုံးတွေအောက်မှာ
သေဆုံးခဲ့ဖူးတဲ့ သူတွေအကြောင်း
သေဆုံးခဲ့ဖူးသူတွေရဲ့
လေလုံးတွေ အကြောင်း
သရုပ် ကောင်းကောင်း ခွဲတတ်ဖို့တော့လိုမယ်။

ချိုင့် ခွက် တွေ့တိုင်း
အနှောင့်အယှက်ထင်နေရင်တော့
ဘုရင့်နောင် ဖောင်ဖျက်လဲ
နောင်ရိုး ဗွက်ထဲက တက်မှာ မဟုတ်တော့ဘူး။

ဆူးကတော့ စူးနေမှာပါဘဲ
ဒါပေမဲ့
ပန်းသီးက ချိုမြဖို့လိုတယ်။

2 comments:

San San Htun said...

ဘုန်းဘုန်းက ကဗျာကောင်းလည်း ရေးတတ်တယ်

မေဓာဝီ said...

တချို့ပန်းသီးက ချဉ်တူး
တချို့ ဆူးတွေက အဆိပ်မဲ့
တချို့မီးပျက်ညတွေက လရောင်နဲ့ လှပ ...
တခါတလေကျတော့ အဆိုးတွေက အကောင်းဖြစ်နိုင်သလို အကောင်းတွေကလဲ အဆိုးဖြစ်နိုင်တာပဲ နော် ဦးဇင်း ... ။