Sunday 9 May 2010

မှတ်စု ၉

ဒီနေ့ ဒကာကြီး ဦးကျော်ညွန့်ဆုံးတယ်တဲ့။ မနက်ငါးနာရီကျော်လောက်ကလို့ ပြောတာဘဲ။ အသက်က ၈၈ နှစ်ရှိပြီဆိုပေမဲ့ ကျန်ရစ်သူ သမီးနှင့်သမီးရဲ့တူမနှစ်ယောက်ထဲရှိလေတော့ စိတ်မကောင်းဖြစ်မိတယ်။ သူတို့က အစကတည်းက သုံးယောက်ထဲနေထိုင်ကြတာ။ တကယ်စိတ်မကောင်းပါဘူး။ ဖုန်းဆက်ပြီးအားပေးစကားပြောတော့ သူတို့ရှိုက်သံကို သဲ့သဲ့ကြားရတယ်။ သတ္တ၀ါတစ်ခု ကံတစ်ခုဆိုပေမဲ့ ရာသက်ပန်ခွဲခွါရမှာဆိုတော့ တွေးကြည့်ရင် ကြေကွဲစရာပါဘဲ။ သူတို့မိသားစုက အင်္ဂါမောင်ရဲ့ အမာခံပစ္စည်းလေးပါး ဒကာ၊မတွေပါ။ သိမ်ထပ်ထားတယ်ဆိုပေမဲ့ သူတို့ဆီက အထောက်အပံ့ကို အင်္ဂါမောင် အများဆုံးရရှိခဲ့တာပါ။ ဒကာကြီးရေ ကောင်းရာသုဂတိရောက်ပါစေ။ ဆုတောင်းအမျှပေးဝေပါတယ်။

 အင်္ဂါမောင်မှာလဲ မနက်ဖန် စာမေးပွဲကရှိသေးတယ်။ ပေါ့နေလို့တော့မရဘူး။ ဒကာကြီးဆုံးတာ စိတ်မကောင်းပေမဲ့ စာကြည့်ရဦးမယ်။ ဒီနိုင်ငံက စာမေးပွဲက ကြောက်စရာကောင်းတယ်။ အနောက်တိုင်းစတိုင်လ်လေ။ မနက်ဖန် ၁၀ရက်နေ့မှာ တစ်ဘာသာ၊ ၁၄ ရက်နေ့မှာ တစ်ဘာသာ၊ ၁၈ ရက်နေ့မှာ တစ်ဘာသာဖြေဆိုရမယ်။


......

No comments: