Tuesday 20 November 2012

နီနီလေးရဲ့ သက်တမ်း

ရုပ်ဝတ္ထုဆိုပေမဲ့
သူ့မှာလဲ သက်တမ်းက ခပ်နုနုရယ်။

အာယုက္ခယဒဏ်လဲ ကြောက်ရ
ကမ္မက္ခယဒဏ်လဲ လန့်ရ
ဥဘယက္ခယဒဏ်လဲ ရှောင်ရ
ဥပစ္ဆေဒကဒဏ်လဲ ကွင်းရ
အဲဒီလို
ကြောက်-လန့်-ရှောင်-ကွင်း
မိုးစင်စင်လင်းခဲ့ပေါင်းလဲ မနည်းတော့ဘူး။

တစ်နှစ် တမ်း
သုံးနှစ် တမ်းတွေကို ကျော်ဖြတ်
ခုတော့ ငါးနှစ် သတ်မှတ်တယ်တဲ့။

အင်းးးး
မီးစာကို ညှိ
ဆီကိုဖြည့်ရင်း
လေပြင်းကို ကာကွယ်
ငါးနှစ်လောက်တော့ အ၀လည်ပစ်လိုက်ဦးမှ။


.

No comments: