Tuesday 12 June 2012

ကကြီး ခခွေး ဂငယ်


ခေတ်အဆက်ဆက်က သူငယ်တန်း ဖတ်စာများအား အောက်ပါအတိုင်း ကြားဖူးခဲ့ပါသည်။ ဖတ်ဖူးခဲ့ပါသည်။  ကကြီး ခခွေးတို့၏ အဓိပ္ပါယ်ကို ကလေးများ နားလည်အောင် နားထဲဝင်အောင် စာတစ်လုံးစီကို ကဗျာလေး စီးကုံးပြီး ဆိုရလွယ်အောင် မှတ်မိလွယ်အောင် ပုံကိုပါ ဖော်ပြပေးထားသည်။ ကလေးများအတွက် ကောင်းလေစွ။

က= ကစွန်းပင် ရေမှာရွှင်
ခ= ခရမ်းသီး ဓါးနဲ့လှီး
ဂ= ဂဏန်းကောင် လက်မထောင်

က= ကညစ် ပေမှာခြစ်
ခ= ခရာ အသံသာ
ဂ= ဂဏန်း ရေမှာဖမ်း

က= ကလေးငယ် ချစ်စဖွယ်
ခ= ခရေကုံး မလေးပြုံး
ဂ= ဂဏန်းသင် ပြုံးရွှင်ရွှင်..........

စသဖြင့် စသဖြင့်ပေါ့။
.....

လွန်ခဲ့သော နှစ်ပေါင်း ရာကျော်ဆီက ရေးသားထားခဲ့သည့် ပုရပိုက်တစ်စောင်ကို လှန်လှော ကြည့်မိလိုက်ရာ အထက်ပါ မြန်မာသင်ပုန်းကြီးစာကဲ့သို့ ကကြီး ခခွေး စသည်တို့ကို ပါဠိဘာသာဖြင့် ဆိုရလွယ်အောင် ရေးမှတ်ထားသည်ကို တွေ့ရလေသည်။ ထိုသို့ဆိုသော် မြန်မာ သင်ပုန်းကြီး၌ ရေးသားထားသည်များမှာ ၄င်းထက် ရှေးကျသည့် ပါဠိ ကကြီး ခခွေး အဓိပ္ပါယ်ကို အတုယူ ရေးစပ်ခဲ့လေသလော။ သို့တည်းမဟုတ် သီးခြားလော။ 

မည်သို့ပင် ဆိုစေကာမူ ပုရပိုက်၌ တွေ့ရှိဖတ်ရှုခဲ့ရသည့် ပါဠိဘာသာ ကကြီး ခခွေး သီကုံးထားပုံလေးကို အမှတ်တရ မှတ်တမ်းအဖြစ် မှတ်ကျောက် ပြုလိုက်သည်။


က ခ အနက် အဓိပ္ပါယ်ကား...

က= ကကာရော ကရုဏာ ညေယျော
ခ= ခကာရော ခမနံ ညေယျံ
ဂ= ဂကာရော ဂတိ ညေယျော
ဃ= ဃကာရော ဃဏ္ဋော ညေယျော
င= ငကာရော ပဉ္စမအက္ခရော ညေယျော

စ= စကာရော စရိယာ ညေယျော
ဆ= ဆကာရော ဆဒနံ ညေယျံ
ဇ= ဇကာရော ဇနပါမောက္ခော ညေယျော
ဈ= ဈကာရော ဈာနံ ညေယျံ
ည= ညကာရော ညာဏံ ညေယျံ

ဋ= ဋကာရော ဋိန္ဒိမာ ညေယျော
ဌ= ဌကာရော အဋ္ဌမံ ညေယျံ
ဍ= ဍကာရော ဍာဟော ညေယျော
 ဎ= ဎကာရော အဍ္ဎံ ညေယျံ
ဏ= ဏကာရော ဏာရကော ညေယျော

တ= တကာရော တထာဂတော ညေယျော
ထ= ထကာရော ထိနမိဒ္ဓံ ညေယျံ
 ဒ= ဒကာရော ဒါနံ ညေယျံ
ဓ= ဓကာရော အဓိဋ္ဌာနံ ညေယျံ
န= နကာရော နိက္ခမံ ညေယျံ

ပ= ပကာရော ပည၀န္တော ညေယျော
ဖ= ဖကာရော ဖလံ ညေယျံ
ဗ= ဗကာရော ဗလံ ညေယျံ
ဘ= ဘကာရော ဘဂ၀ါ ညေယျော
မ= မကာရော မေတ္တစိတ္တံ ညေယျံ

ယ= ယကာရံ ယမကံ ညေယျံ
ရ= ရကာရံ ရတနံ ညေယျံ
လ= လကာရံ လက္ခဏံ ညေယျံ
ဝ= ၀ကာရံ ၀ီရိယံ ညေယျံ
သ- သကာရံ သီလသစ္စံ ညေယျံ
ဟ= ဟကာရံ ဟရဏံ ညေယျံ
ဠ= ဠကာရံ ဥဠာရံ ညေယျံ
အံ= အံကာရံ အမ္ဗုံ ညေယျံ


Ref:
OR 3448, British Library, London


.
.

2 comments:

မေဓာဝီ said...

မြန်မာလိုပါ သိရရင် ပိုကောင်းမယ် ဘုရား။
ဦးဇင်း မြန်မာလို ပြန်ပြီး လင်္ကာရေးပါလား။
ဥပမာ - က - ကရုဏာ သနားပါ။ အဲဒီလိုမျိုးပေါ့။

ဒီပို့စ်လေး ဗဟုသုတ ရလို့ ကျေးဇူးတင်ပါတယ် ဘုရား။
ဦးတင်လျက် ...

သောကြာမေ said...

စာရေးဆရာ၏ ဗဟုသုတများထဲမှ ရုန်းမထွက်နိုင်အောင် ဖြစ်နေရပါသည်။
ဦးတင်လျက်...
သောကြာမေ