တရုန်းရုန်း ပွင့်နေတဲ့
ဒီဂမုန်းတွေအောက်
ငါ
စစ်ရှုံးရတော့မှာလား။
ချွတ်ယွင်းချက်နဲ့ သိုင်းချည်ထားပေမဲ့
ဒီ ပြိုင်ဖက်လွင်ပြင်ရိုင်းတွေကြောင့်
ငါ့ကောင်းကင် သမိုင်းမှာ
တိမ်လှိုင်းတွေ မှိုင်းမှုံလို့။
တဖွဲဖွဲ တသဲသဲ
သဲကြီးမဲကြီး ရွာချလိုက်တာများ
ငါ့နာတာရှည် ကန်ဘောင်ရိုးတွေ
ကျိုးလုလု။
သပြေနုရေ
ယိုင်လုလု ငါ့ ချည်တိုင်ကို
ဖေးကိုင်ပေးပါဦး
မျက်ဝန်းအလှုပ်မှာ
ငါ့ သက်တမ်းတွေ ပြုတ်မှာ ကြောက်လို့။
.
No comments:
Post a Comment