Thursday 29 March 2012

ဗြိတိန်နိုင်ငံမှ အပြီးသတ်အလှူရှင်များ စာရင်း

မရမ်းချောင်း အနာကြီးရောဂါဂေဟာအတွက်  ဗြိတိန်နိုင်ငံမှ ကောက်ခံရရှိသော အလှူငွေများကို မြန်မာနိုင်ငံ၊ ရန်ကုန်မြို့မှ အကျိုးဆောင် ကျော်စွာစိုးမြတ်ထံ ၂၆.၀၃.၂၀၁၂  တနင်္လာနေ့က လွှဲပေးလိုက်ပြီး ဖြစ်ပါသည်။ စတာလင်ပေါင် ၃၆၀ တိတိ ဖြစ်ပါသည်။ တစ်ပေါင်ကို ၁၂၇၀ကျပ် နှုန်းဖြင့်  စုစုပေါင်း မြန်မာကျပ်ငွေ ၄၅၇၂၀၀ (လေးသိန်း ငါးသောင်း ခုနစ်ထောင့် နှစ်ရာကျပ် တိတိ) ရရှိမည်ဖြစ်ပါသည်။

 ဗြိတိန်နိုင်ငံမှ အပြီးသတ် အလှူရှင်များ စာရင်းကို စေတနာ သဒ္ဓါ တိုးပွါးနိုင်စေရန် ဖော်ပြပေးလိုက်ပါသည်။

၁။အရှင်ဇနက(အင်္ဂါမောင်) လန်ဒန်၊ ပေါင် ၅၀
၂။အရှင်နာဂသေန(ဘာမင်ဂမ်) ပေါင် ၂၀
၃။ကိုကိုမောင်(ပန်းရနံ့) လန်ဒန်၊ ပေါင် ၅၀
၎။ဦးစိန်ဋ္ဌေး+ဒေါ်ဆွေဆွေဦး သမီး မိုးသီတာဋ္ဌေး (ဘာမင်ဂမ်) ပေါင် ၂၀
၅။ဒေါက်တာလှစိုး+ဒေါ်ဝေေ၀လွင်စိုး(လန်ဒန်) ပေါင် ၅၀
၆။ဦးတင်အောင် မိသားစု (လန်ဒန်) ပေါင် ၂၀
၇။ကိုကို ညီညီ(လန်ဒန်) ပေါင် ၄၅
၈။မောင်နေလင်းအောင် (လန်ဒန်) ပေါင် ၁၀
၉။မောင်အောင်မျိုးသန့် (လန်ဒန်) ပေါင် ၁၀
၁၀။မသီတာထွန်း (လန်ဒန်) ပေါင် ၁၀
၁၁။ကိုဟန်လင်း (လန်ဒန်) ပေါင် ၂၀
၁၂။လူပြန်တော် ဦးကုမုဒ (လန်ဒန်) ပေါင် ၁၀
၁၃။မဟေမာမြတ်ခိုင်+မနန္ဒာထွန်း (လန်ဒန်) ၀ှီးချဲတစ်စီးအတွက် ပေါင် ၄၅ 
စုစုပေါင်း စတာလင်ပေါင်ငွေ ၃၆၀ ဖြစ်ပါသည်။

ဤသို့သော ကုသိုလ်ဒါန၏ စေတနာကံအစွမ်းကြောင့် ဖြစ်လေရာရာ ဘ၀တိုင်း၌ အနာရောဂါကင်းရှင်းပြီး ကျန်းကျန်းမာမာ ချမ်းချမ်းသာသာဖြင့် လောကကောင်းကျိုး လူ့ကောင်းကျိုးတို့ကို မှန်ကန်သော နည်းလမ်းဖြင့် အကြွင်းမဲ့ ဆောင်ရွက်နိုင်ကြပါစေ။

ဤသို့စုပေါင်းပြုလုပ်ရသော ကုသိုလ်ကောင်းမှု၏ အဖို့ဘာဂကို မြင်အပ် မမြင်အပ်သော ဝေနေယျသုခိတဒုက္ခိတ သတ္တ၀ါအပေါင်းတို့အား အမျှပေးဝေပါ၏။ ကြားကြားသမျှ အားလုံး သာဓုခေါ်ဆိုနိုင်ပြီး အမျှရကြသည်ဖြစ်၍ ကျန်းမာကြသည် ချမ်းသာကြသည် ၀မ်းသာကြသည် ဖြစ်ကြပါစေသော်ဝ်။  ။

အမျှ အမျှ အမျှ ယူတော်မူကြပါကုန်လော့။

သာဓု သာဓု သာဓု။


.
.

1 comment:

San San Htun said...

သာဓု ခေါ်ပါတယ် ဘုရား