Friday 11 November 2011

ခေတ်သြဇာ

ရွှေအိုရောင် အားကိုးနဲ့
ဒီသံသရာကြိုးကို ထိုးဖျက်မယ်ကြံခါမှ
မိုးတွေက တသဲသဲ
လေတွေက တရှဲရှဲ။


ပိုးဖျက်ဆေး မသွန်းခဲ့လို့
ကျွန်းလယ်ဗဟိုနန်းမှာ
ကောက်စိုက်သမ လှပျိုဖျန်းတို့
ငိုပန်းဆင်နေခဲ့ရပြီ။


သိတယ် မဟုတ်လား
အခုဆို
ငါတို့ ရွှေပြည်ကထွက်တဲ့
ဝေလေလေ လယ်ယာကွက်တွေလဲ
မြေသြဇာ မတက်ကြတော့ဘူး။


မှတ်ချက်။ 
တစ် ခြောက်လုံး (၁၁.၁၁.၁၁) မှာ အမှတ်တရလေး ကျန်ရစ်ခဲ့ရအောင်ရယ်ပါ။

.

1 comment:

ခွန် said...

ဒီတခါလည်း ကဗျာကရးရေးဘဲနားလည်တယ်
ဟီးးး :D


မှတ်ချက် ; 1လေးလုံးနေ့အမှတ်တရ ကွန်မန့်ပေးပါသည်။