Tuesday 9 March 2010

Interfaith

ဒီနေ့  Soas အနောက်ဖက်က ကောလိပ်တစ်ခုမှာ Interfaith ရှိတယ်။ အတန်းဖော်ပြည့်ဖြိုးကျော်က သွားတက်ရအောင်လို့ အဖော်လာညှိတဲ့အတွက် သွားတက်ဖြစ်တယ်။ ညနေ ၆ နာရီက ၈ နာရီအထိပါ။
လူအတော်များများတက်ရောက်တာ တွေ့ရတယ်။ အဓိကဆွေးနွေးတာကတော့ ဗုဒ္ဓဘာသာအကြောင်းနှင့် ခရစ်ယာန်အကြောင်းဘဲဖြစ်ပါတယ်။

Speakers:
Mr Hon Wai Lai (comparison between buddhism and christianity)
Mr Jonathan Wu(Christianity)
Ajahn Khemadhammo(Buddhism)

Pannel:
Paul (Buddhism)
Leng(Buddhism)
Hattie(Christianity)
James(Christianity)

Mr Jonathan Wu(Christianity) သည် စင်္ကာပူနိုင်ငံသားဖြစ်သည်။
Ajahn Khemadhammo(Buddhism)သည် အင်္ဂလန်နိုင်ငံသားဖြစ်သည်။ ထိုင်း၌ ရဟန်းခံခဲ့သည်။

ထူးခြားတာက စင်္ကာပူနိုင်ငံသားက ခရစ်ယာန်ဘက်ကပြောခြင်းဖြစ်ပြီး အင်္ဂလန်နိုင်ငံသားက ဗုဒ္ဓဘာသာဘက်က ပြောခြင်းဖြစ်သည်။ အနောက်က နေ၀င်းထွက်သည့်ပမာလ လို့ ပြောရမလိုဖြစ်နေတော့၏။
ည ၈ နာရီမှာ အခန်းအနားပြီးသည်။ Soas G50 မှာ စားစရာများဖြင့်ဧည့်ခံသည်တဲ့။ အင်္ဂါမောင်ကတော့ အခန်းအနားပြီးပြီးချင်းပြန်လာခဲ့သည်။ မစားမသောက်ခဲ့တော့ပေ။

..

No comments: