ဒုက်လေးဒုက်
တသ+ထာဝရ ဒုက်
၁။ ယေ ကေစိ ပါဏဘူတတ္ထိ တသာ ၀ါ ထာဝရာ ၀ါ ဣမေပိ သဗ္ဗသတ္တာ ဘ၀န္တု သုခိတတ္တာ။
ထိတ်လန့်တတ်သော ပုထုဇဉ်သေက္ခနှင့် မထိတ်လန့်တတ်သော ရဟန္တာ။ ဤပုဂ္ဂိုလ်အားလုံး ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ။
ဒိဋ္ဌာ+ဒိဋ္ဌ ဒုက်
၂။ ယေ ကေစိ ပါဏဘူတတ္ထိ ဒိဋ္ဌာ ၀ါ အဒိဋ္ဌာ ၀ါ ဣမေပိ သဗ္ဗသတ္တာ ဘ၀န္တု သုခိတတ္တာ။
မြင်ဘူးသော သတ္တ၀ါ မမြင်ဘူးသော သတ္တ၀ါ။ ဤသတ္တ၀ါအားလုံး ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ။
ဒူရ+သန္တိက ဒုက်
၃။ ယေ ကေစိ ပါဏဘူတတ္ထိ ဒူရေ ၀ါ သန္တိကေ ၀ါ ၀သန္တာ ဣမေပိ သဗ္ဗသတ္တာ ဘ၀န္တု သုခိတတ္တာ။
အနားအပါးရှိ သတ္တ၀ါ အဝေးရှိ သတ္တ၀ါ။ ဤသတ္တ၀ါအားလုံး ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ။
ဘူတ+သမ္ဘဝေသီ ဒုက်
၎။ ယေ ကေစိ ပါဏဘူတတ္ထိ ဘူတာ ၀ါ သမ္ဘဝေသီ ၀ါ ဣမေပိ သဗ္ဗသတ္တာ ဘ၀န္တု သုခိတတ္တာ။
ဖြစ်ပြီး ရဟန္တာနှင့် ဖြစ်ရန် ရှာနေသော ပုထုဇဉ်သေက္ခ။ ဤသတ္တ၀ါအားလုံး ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ။
တိက်သုံးတိက်
ဒီဃ+ရဿ+မဇ္ဈိမ တိက်
၅။ ယေ ကေစိ ပါဏဘူတတ္ထိ ဒီဃာ ၀ါ ရဿာ ၀ါ မဇ္ဈိမာ ၀ါ ဣမေပိ သဗ္ဗသတ္တာ ဘ၀န္တု သုခိတတ္တာ
ကိုယ်ခန္ဓာရှည်သော သတ္တ၀ါ၊ တိုသော သတ္တ၀ါ၊ မရှည်မတိုအလတ်စား သတ္တ၀ါ။ ဤသတ္တ၀ါအားလုံး ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ။
မဟန္တ+အဏုက+မဇ္ဈိမ တိက်
၆။ ယေ ကေစိ ပါဏဘူတတ္ထိ မဟန္တာ ၀ါ အဏုကာ ၀ါ မဇ္ဈိမာ ၀ါ ဣမေပိ သဗ္ဗသတ္တာ ဘ၀န္တု သုခိတတ္တာ။
ကိုယ်ခန္ဓာ ကြီးသော သတ္တ၀ါ၊ ငယ်သော သတ္တ၀ါ၊ မကြီးမငယ် အရွယ်အလတ်စား သတ္တ၀ါ။ ဤသတ္တ၀ါ အားလုံး ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ။
ထူလ+အဏုက+မဇ္ဈိမ တိက်
၇။ ယေ ကေစိ ပါဏဘူတတ္ထိ ထူလာ ၀ါ အဏုကာ ၀ါ မဇ္ဈိမာ ၀ါ ဣမေပိ သဗ္ဗသတ္တာ ဘ၀န္တု သုခိတတ္တာ။
ကိုယ်ခန္ဓာ ပြည့်ဖြိုး ၀ိုင်းဝန်းသော သတ္တ၀ါ၊ ငယ်သော သတ္တ၀ါ၊ အလတ်စား သတ္တ၀ါ။ ဤသတ္တ၀ါအားလုံး ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ။
မှတ်ချက်။
သပြေကန်မူ (ပဉ္စမအကြိမ်) ပရိတ်ကြီး နိဿသစ် စာမျက်နှာ ၃၅၈-၃၅၉ တို့မှ ကူးယူဖော်ပြပါသည်။
.