Wednesday, 16 November 2011

ရေ

ငြီးတွားရင်း
စီးဆင်းခဲ့ရပေမဲ့
ခရီးရောက်တော့ ပျော်ပါတယ်။

ဘယ်နေရာရောက်ရောက်
အကောက် အဖြောင့်
လေးထောင့် တြိဂံ
ပဉ္စဂံ အ၀ိုင်း
ရေအတိုင်း ကျင့်ခဲ့ပါတယ်။

ချောင်းထဲမှာ
ဆူးရှိမယ် မျော့ရှိမယ်
အဆီးအတားရှိမယ်
အပိတ်အပင်ရှိမယ်
အန္တရာယ်ရှိမယ်
ရန်စွယ်ရှိမယ်။

ခရီးက
ဆိုးမယ်
ကြမ်းမယ်
လေမုန်တိုင်းထန်မယ်
ဝဲဂယက်ထမယ်။

ဒါပေမဲ့
ရေ ဘဲလေ
ပုံစံခွက်ထဲ အလိုက်အထိုက် နေတတ်ခဲ့တယ်။

ငြီးတွားရင်း
စီးဆင်းခဲ့ရပေမဲ့
ခရီးရောက်တော့ ပျော်ပါတယ်။



2 comments:

Anonymous said...

ရေလိုကျင့်... သိပ်ကိုကောင်းတဲ့ အမူအကျင့်ပေါ့။

San San Htun said...

ရေလိုကျင့်နိုင်အောင် ကြိုးစားမယ် ဘုရား...