Tuesday, 13 August 2013

ဗြိတိန်မှအလှူရှင်နှင့် အလှူငွေများစာရင်း

ပဲခူးမြို့၊ ဥဿာမြို့သစ်၊ သဇ္ဇနာရာမပညာဇေယျုံ(ဘက)ကျောင်းအတွက်  ဗြိတိန်နိုင်ငံမှ အလှူခံရရှိသော အလှူငွေများကို ဒီနေ့ မြန်မာနိုင်ငံ ကျော်စွာစိုးမြတ်ထံသို့ လွှဲပေးပြီး ဖြစ်ပါသည်။ အလှူငွေ ပေါင်စတာလင် ၃၄၀ တိတိ ကောက်ခံရရှိပါသည်။ စတာလင်တစ်ပေါင်၏ လက်ရှိပေါက်ဈေးမှာ မြန်မာကျပ်ငွေ ၁၄၈၀ ဖြစ်ပါသည်။ စတာလင်ပေါင် ၃၄၀ အတွက် မြန်မာကျပ်ငွေမှာ ၅၀၃၂၀၀ (ငါးသိန်းသုံးထောင့်နှစ်ရာ) ကျပ်ဖြစ်ပါသည်။  အလှူရှင်များနှင့် အလှူငွေစာရင်းမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
......


၁။ ကွယ်လွန်သူ မိဘနှစ်ပါးအား ရည်စူး၍ အရှင်ဇနက (အင်္ဂါမောင်)..... ၅၅ ပေါင်

၂။ ကိုကိုမောင် (ပန်းရနံ့)......၅၀ ပေါင်

၃။ မစန်းစန်းယု (လန်ဒန်) ....၂၀ ပေါင်

၎။ လူပြန်တော် ဦးကုမုဒ .........၅ ပေါင်

၅။ နှစ်ဘက်သော မိဘများကို အမှူးထား၍ ဦးစိန်ဝင်း+ဒေါ်ဆွေဆွေဝင်း မိသားစု (လန်ဒန်) ၂၀ ပေါင်

၆။ ဦးတင်အောင် မိသားစု (လန်ဒန်)... ၃၀ ပေါင်

၇။ ဒေါ်ဆင့် .... ၅၀ ပေါင်

၈။ မင်းသိန်းကျော် (ခ) Eric (Year 12) ...... ၂၀ ပေါင်

၉။ သူသူစံ (ခ) Sandra San (Year 7) ......... ၁၀ ပေါင်

၁၀။ မောင်ဟန်လင်း (လန်ဒန်) .......... ၁၀ ပေါင်

၁၁။ အရှင်နာဂသေန (ဘာမင်ဂမ်ဝိဟာရ)...... ၂၀ ပေါင်

၁၂။ နေလင်းအောင် (လန်ဒန်) .......................... ၂၀ ပေါင်

၁၃။ သီတာထွန်း (လန်ဒန်) ............................... ၃၀ ပေါင်

စုစုပေါင်း......................................................... ၃၄၀ ပေါင်
မြန်မာကျပ်ငွေဖြင့် (၃၄၀×၁၄၈၀=) ၅၀၃၂၀၀ ကျပ်
....

အားလုံး ကာယသုခစိတ္တသုခတို့နှင့် ပြည့်ဝနိုင်ကြပါစေ။
အရှင်ဇနက (အင်္ဂါမောင်)

.

Saturday, 10 August 2013

နုအိုနေဆဲ

ရွက်သစ်တွေ လန်းဖို့
ငါတို့ နွမ်းပြရမယ်ဆိုလဲ
ဟောဒီ သံသရာစခန်းမှာ
ကျူပ်ကတော့
ကျေနပ်စွာဘဲ နွမ်းပြလိုက်မယ်။

သွားနေဆဲ ခရီးလမ်းမှာ
ခပ်ကြမ်းကြမ်းလဲ လျှောက်
ခပ်စမ်းစမ်းလဲ လျှောက်
ခပ်ကန်းကန်းလဲ လျှောက်
ခပ်နွမ်းနွမ်းလဲ လျှောက်
ပြီးတော့
ခပ်လွမ်းလွမ်းလဲ လျှောက်
ခရီးတစ်ထောက်ပေါင်း များခဲ့ပြီ။

ထိုင်သွား အိပ်သွား
ရပ်သွား သွားသွား
အနားနေပေမဲ့
အနေမနားခဲ့ဘူး
အဲဒါ
ဗုဒ္ဓရဲ့ တရားဘဲ။

လက်ခံလိုက်ပါ
လက်ခံလိုက်စမ်းပါ
ဘ၀တစ်ခြမ်းက
ဟိုးးးးး.....
အတိတ်ကမ်းလွန်ဆီမှာ။

.

Saturday, 15 June 2013

တတ်အားသမျှ ကူညီကြပါဦးစို့

"ဥဿာဆိုတာ ပစ်ထားလို့ မရတဲ့ နေရာ" တဲ့။ မြန်မာမုဒိတာလူငယ်များအဖွဲ့က သေချာ ကွင်းဆင်းလေ့လာပြီးမှ ရင်တွင်းက ထွက်အံကျလာတဲ့ စကားလုံးလေးတွေပါ။ ဘာဖြစ်လို့ ဥဿာကို ပစ်မထားသင့်သလဲဆိုတာကတော့ မြန်မာမုဒိတာလူငယ်များအဖွဲ့က ရေးသားတင်ပြထားတဲ့ အောက်ပါ အလှူခံဆောင်းပါးလေးက သက်သေခံပါလိမ့်မယ်။ ပြီးတော့ နိုင်ငံတကာမှ စေတနာရှင်များအတွက်လဲ အဆင်ပြေစွာ လှူဒါန်းနိုင်ဖို့ အကျိုးတော်ဆောင်များကို နိုင်ငံအသီးသီးမှာ စီမံပေးထားပါတယ်။ ။
.........

အားလုံး မင်္ဂလာပါ..။

ညီအစ်ကို မောင်နှမများအားလုံး ကျန်းမာပျော်ရွှင်ပါစေလို့ ဦးစွာ ဆုမွန်ကောင်း တောင်းပေးပါတယ်။ ''အသက်တစ်ရာ မနေရဘူး အမှုတစ်ရာ ကြုံရတယ်'' ဆိုတဲ့ အရပ်စကားနဲ့အညီ ဒီအချိန်အခါဟာ ကျွန်တော်တို့ နိုင်ငံသားတွေအတွက် ၀မ်းနည်းစရာတွေ၊ မကျေနပ်မှုတွေ၊ အစားထိုးမရတဲ့ ဆုံးရှုံးမှုတွေနဲ့ အားလုံးရဲ့ ရင်တွင်းကိုယ်စီမှာ တောက်ခေါက်သံတွေ ညံနေမယ်ဆိုတာကိုလည်း ယုံကြည်ပါတယ်။ နိုင်ငံတစ်နိုင်ငံ တိုးတက်ဖို့ဆိုရင် ခေါင်းဆောင်ကောင်းတွေ မည်မျှရှိနေစေကာမူ နောက်လိုက်တွေ ညံ့ဖျင်းနေကြမယ်၊ ပညာမဲ့နေကြမယ်ဆိုရင် ကျွန်တော်တို့ စိုးရိမ်တဲ့ ဆိုးကျိုးတွေကို ကျွန်တော်တို့ရဲ့ မျိုးဆက်တွေ သေချာပေါက် ခံစားကြရပါလိမ့်မယ်။ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ခေါင်းဆောင်နိုင်မဲ့သူတွေ ထွက်ပေါ်လာ သင့်သလောက် မထွက်ပေါ်လာဘူးဆိုရင် ဒါဟာ ကျွန်တော်တို့ နိုင်ငံရဲ့ ပညာရေးကဏ္ဍတွေမှာ ချို့ ယွင်းချက်တွေ လစ်ဟာမှုတွေ မပြည့်စုံမှုတွေနဲ့ ပြည့်နှက်နေပြီဆိုတာကို မီးမောင်း ထိုးပြနေသလိုပါပဲ..။

ဥသာဆိုတာ ပစ်ထားလို့ မရတဲ့နေရာ
တစ်ချို့ နေရာတွေမှာ စာသင်ကျောင်းတွေ ရှိပြီးတော့ ပညာလာသင်မဲ့ ကလေးငယ်တွေ မရှိကြဘူး။ တစ်ချို့ နေရာတွေကျတော့ ပညာသင်ကြားချင်တဲ့ ကလေးငယ်တွေ ပြည့်နှက်နေပြီး ပညာသင်လို့ ရမဲ့နေရာ မရှိပြန်ဘူး။ အခုလည်း ဥသာမြို့သစ်မှာ ပညာသင်ကြားချင်တဲ့ ကလေးငယ်တွေ ရှိနေ ပါလျက် လုံလုံခြုံခြုံ ပညာသင်ကြားလို့ရမဲ့ စာသင်ကျောင်း မရှိဖြစ်နေတယ်။မြင်ရတာ ရင်နင့်စရာပါ။ တကယ်တော့ ဥသာဆိုတာ ခေတ် အဆက်ဆက် မြန်မာ့ရာဇ၀င်တစ်ခုလုံးအတွက် သူရဲကောင်းတွေ၊ နိုင်ငံသားကောင်းတွေ မပြတ်ထွက်ပေါ်ခဲ့တဲ့ နေရာတစ်ခုပါ။ 


အဲ့ဒီ ဥသာမြို့သစ် ပါတ်ဝန်းကျင်မှာ စာသင်ကျောင်း သေချာမရှိတဲ့အတွက် ဆရာတော် ဦးခေမာစာရက သဇ္ဇနာရာမ ပညာဇေယျုံ( ဘက ) ကျောင်း ဆိုပြီး ဓနိမိုးထားတဲ့ တဲလေးထိုးပြီး ကလေးငယ်တွေကို အခုလို စာသင်ကြားပေးနေပါတယ်။ 

စာသင်ကြားပေးနိုင်ဖို့ အဓိက ရည်ရွယ်ပြီး တဲသာသာ ထိုးထားတဲ့ စာသင်ကျောင်း ဖြစ်ပါတယ်။

လေ၀င်လေထွက်ကောင်းအောင် ဖောက်ထားတာ မဟုတ်ပဲ ပြန်ပြီး မပြင်ဆင်နိုင်လို့ ၀င်းထရံတွေ ဆွေးမြေ့နေတာပါ။
မြေပြင်နဲ့ ကလေးတွေ စာသင်တဲ့နေရာဟာ တစ်ညီတည်းဖြစ်လို့ မိုးရွာတဲ့အခါ ရေ၀င်လာရင် လုံးဝ စာသင်လို့ မရပါဘူးလို့ ဆရာတော်က မိန့်ပါတယ်။

ယိုင်နဲ့နေပြီး ဘယ်လိုမှ စာသင်ကျောင်းအင်္ဂါရပ်နဲ့ မပြည့်စုံတော့တဲ့ တဲအိုကြီးဖြစ်နေပါပြီ.။

စာသင်ဖို့ အဓိကသာ ရှေးရှုနေရလို့ အစားအသောက်ကို ဖွယ်ဖွယ်ရာ မစီမံပေးနိုင်ပါဘူး။ ကလေးငယ်တွေရော ဆရာမတွေရော ဆရာတော် ဦးခေမာစာရကိုယ်တိုင်ရော ဒါကိုပဲ ဘုန်းပေးကြပါတယ်။

မိုးရွာရင် သူတို့ ဘယ်လို ခရီးဆက်ကြမလဲ..?

 
စာသင်သား ကလေးငယ်တွေရော ဆရာမတွေပါ စုပေါင်းအသုံးပြုနေရတဲ့ အိမ်သာဖြစ်ပါတယ်။ ယင်လုံဖို့ နေနေသာသာ အရှက်လုံဖို့တောင် မနည်း ကြိုးစားရမဲ့နေရာ ဖြစ်ပါတယ်။

ကျောင်းသူ ကျောင်းသား စုစုပေါင်း ၇၈ဦးခန့် ရှိပါတယ်။ လိုအပ်တာတွေ များလွန်းတဲ့ နေရာ တစ်ခုဖြစ်ပြီး အဓိကလိုအပ်ချက်မှာ အမိုးအကာ လုံခြုံဖို့ကို ဦးစားပေးတဲ့ ကျောင်းဆောင်လေးတစ်ဆောင် ဖြစ်ပါတယ်။ ပြီးတော့ ဖတ်စာအုပ်များလည်း လုံလောက်မှု မရှိပဲ လတ်တလော အခြေအနေမှာ သုံးယောက်တစ်အုပ်နှုန်းကို မျှပြီး ကြည့်ရှုသင်ကြားနေရ ပါတယ်။

ဆရာတော် ဦးခေမာစာရဦးစီး သင်ကြားပေးနေတဲ့ သဇ္ဇနာရာမ ပညာဇေယုံ( ဘက ) ကျောင်းကို ယခုထက် ပိုပြီး ကလေးငယ်တွေ အဆင်ပြေစွာ ပညာသင်ကြားနိုင်ရန်အတွက် ကျွန်တော်တို့ မြန်မာမုဒိတာ လူငယ်များ အဖွဲ့မှ နိုင်ငံတကာမှ အလှုရှင်များရဲ့ စုပေါင်း လှုဒါန်းအားဖြင့်  ပြန်လည် ပြုပြင်တည်ဆောက်နိုင်ရန် ပဉ္စမအကြိမ်မြောက် အလှုအဖြစ် မှတ်တမ်းရေးထိုးနိုင်ရန် ကြိုးစားပါမည်။ 

ဒီနေ့ (၁၃.၆.၂၀၁၃၊ ကြာသာပတေးနေ့) မှ စတင်ပြီး (၁.၈.၂၀၁၃၊ ကြာသာပတေးနေ့အထိ) အလှုငွေ လက်ခံမည့်ရက်ကို သတ်မှတ်ပါသည်။အရင်အကြိမ်တွေတုန်းကလိုပင် နိုင်ငံတကယမှ အလှုရှင် အကိုအမများ အနေနဲ့ ယုံကြည်စွာ လက်တွဲပါဝင်ကြလိမ့်မယ်လို့ အထူးယုံကြည်ပါတယ်ခင်ဗျား..။ 


ကျောင်းဒကာ၊ ကျောင်းအမအဖြစ် ခံယူလိုသော နိုင်ငံတကာမှ အလှုရှင်များအနေနဲ့ နိုင်ငံအသီးသီးမှ အောက်ပါ အကျိုးဆောင်များသို့ ယုံကြည်စွာ ဆက်သွယ် လှုဒါန်းနိုင်ပါပြီခင်ဗျား..။


မြန်မာမုဒိတာ လူငယ်များအဖွဲ့ 
+ ၆၀ ၁၁၁ ၆၂၅ ၄၄၁၁
mmyg.mudita@gmail.com
https://www.facebook.com/mudita.mmyg  https://www.facebook.com/pages/Myanmar-Mudita-Youth-Group/254820984613199?ref=tn_tnmn

ဗြိတိန်
အရှင်ဇနက(သန္တိသုခ)
venjanaka@gmail.com
+၄၄ ၇၇၄၀ ၉၈၃၉ ၄၂

အမေရိက
ဗညားရှိန်@လင်းခေတ်ဒီနို
lynnkhitdeno301@gmail.com
+၁၂၀ ၁၈၈၈ ၉၇၅၁
https://www.facebook.com/lynnkhitdeno

ဂျပန်နိုင်ငံ
ရန်နိုင် @ နေ၀သန်
nay.naywathan@gmail.com +81 80 3852 5214
http://www.facebook.com/nayyannaing

တောင်ကိုရီးယား
ဒေါ်ကျူတီ
antianti29@gmail.com
+၁၀ ၂၁၄၂ ၁၂၆၆
https://www.facebook.com/daw.q.te

စင်ကာပူ
၁) မဒမ်ကိုး
celestial.whiteangle@gmail.com
+၆၅ ၉၆၁၆ ၄၄၇၇ https://www.facebook.com/madamkoo  ၂) ကန်ဒီခိုင်
candykhine2@gmail.com
+၆၅ ၉၆၆၀ ၂၆၉၄ https://www.facebook.com/candykhine2 

ထိုင်ဝမ် 
ပစ်ပစ် @ ဂျယ်ရီပစ်ပစ်
jerrypigpig@gmail.com
+၈၈၆ ၉၃၀ ၄၁၃ ၂၂၀ https://www.facebook.com/blackroze.flower 

မလေးရှား 
၁) တင်မောင်လွင်
mmin5433@gmail.com
+၆၀၁၆ ၃၆၂၇ ၆၆၄
https://www.facebook.com/mg.joephyu
၂) ကိုမင်းဧရာ(kl)
moekyawthu0001@gmail.com
+၆၀ ၁၇၃၀ ၄၇၇ ၃၅
https://www.facebook.com/pan.thut
၃) မောင်(စွယ်စုံကျမ်း) (Kalang)
zwmnna@gmail.com
+၆၀ ၁၆၃၂ ၄၉၆ ၉၁
https://www.facebook.com/maungssk
၎) မောင်ဘုန်း (ကလန်း)
mr.janjarom@gmail.com
+၆၀၁၀ ၂၈၂၇ ၀၇၁
https://www.facebook.com/yehtet.yehtet.1
၅) ဇင်ငြိမ်းဦး
+၆၀ ၁၇၇၀ ၅၈၂ ၁၉ 

မြန်မာနိုင်ငံ 
၁) andrewkc @ကျော်စွာစိုးမြတ်
andrewkc189@gmail.com
+၉၅ ၉၄၂၁ ၀၅၉၈ ၂၇
https://www.facebook.com/andrewmahkc
၂) ဒေါ်အိအိစိုး (Doreen Tin)
ei.soe64@gmail.com
+၉၅ ၉၅၁၅ ၂၄၆၃
https://www.facebook.com/doreen.tin
၃) သမီးစံ
sandartinmyint@gmail.com
+၉၅ ၉၄၂၀၀ ၈၇၄၃၅
https://www.facebook.com/mi.san1 
ကိုယ်တိုင်ကိုယ်ကျ ဆရာတော်ကို ဆက်သွယ်လှုဒါန်းချင်တယ်ဆိုရင်လည်း အောက်ပါ လိပ်စာအတိုင်း ဆက်သွယ် လှုဒါန်းနိုင်ပါတယ်..။

ဦးခေမာစာရ 
သဇ္ဇနာမပညာဇေယျုံပရဟိတ(ဘက)ကျောင်းတိုက် အမှတ် (၅/၁၉(အေ))၊ ၃လမ်း၊ ဥသာမြို့သစ်၊ ပဲခူး။
ဖုန်း- ၀၉-၄၃၀-၉၅၂၇၂၊ ၀၉-၄၂၈၁-၁၇၆၃၀ 
အလှုရှင်များအား အမြဲ လေးစား အားကိုးလျက် မြန်မာမုဒိတာ လူငယ်များအဖွဲ့ ( MMYG ) ၁၃.၆.၂၀၁၃
၅း၄၈ ( GMT )
.......... 

 အားလုံး ကာယသုခ စိတ္တသုခနဲ့ ပြည့်စုံနိုင်ကြပြီး ကောင်းမွန်တဲ့ လိုအင်မှန်သမျှ ပြည့်ဝနိုင်ကြပါစေ။
အရှင်ဇနက (အင်္ဂါမောင်)
လန်ဒန်
.

Friday, 31 May 2013

ဒုက်လေးဒုက် တိက်သုံးတိက် (မေတ္တာပို့)

ဒုက်လေးဒုက်

တသ+ထာဝရ ဒုက်
၁။ ယေ ကေစိ ပါဏဘူတတ္ထိ တသာ ၀ါ ထာဝရာ ၀ါ ဣမေပိ သဗ္ဗသတ္တာ ဘ၀န္တု သုခိတတ္တာ။
 ထိတ်လန့်တတ်သော ပုထုဇဉ်သေက္ခနှင့် မထိတ်လန့်တတ်သော ရဟန္တာ။ ဤပုဂ္ဂိုလ်အားလုံး ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ။ 
   
ဒိဋ္ဌာ+ဒိဋ္ဌ ဒုက်
၂။  ယေ ကေစိ ပါဏဘူတတ္ထိ ဒိဋ္ဌာ ၀ါ အဒိဋ္ဌာ ၀ါ ဣမေပိ သဗ္ဗသတ္တာ ဘ၀န္တု သုခိတတ္တာ။
မြင်ဘူးသော သတ္တ၀ါ မမြင်ဘူးသော သတ္တ၀ါ။ ဤသတ္တ၀ါအားလုံး  ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ။

ဒူရ+သန္တိက ဒုက်
၃။  ယေ ကေစိ ပါဏဘူတတ္ထိ ဒူရေ ၀ါ သန္တိကေ ၀ါ ၀သန္တာ ဣမေပိ သဗ္ဗသတ္တာ ဘ၀န္တု သုခိတတ္တာ။
 အနားအပါးရှိ သတ္တ၀ါ အဝေးရှိ သတ္တ၀ါ။ ဤသတ္တ၀ါအားလုံး  ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ။

ဘူတ+သမ္ဘဝေသီ ဒုက်
၎။ ယေ ကေစိ ပါဏဘူတတ္ထိ ဘူတာ ၀ါ သမ္ဘဝေသီ ၀ါ ဣမေပိ သဗ္ဗသတ္တာ ဘ၀န္တု သုခိတတ္တာ။
ဖြစ်ပြီး ရဟန္တာနှင့် ဖြစ်ရန် ရှာနေသော ပုထုဇဉ်သေက္ခ။ ဤသတ္တ၀ါအားလုံး  ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ။




တိက်သုံးတိက်

ဒီဃ+ရဿ+မဇ္ဈိမ တိက်
၅။ ယေ ကေစိ ပါဏဘူတတ္ထိ ဒီဃာ ၀ါ ရဿာ ၀ါ မဇ္ဈိမာ ၀ါ ဣမေပိ သဗ္ဗသတ္တာ ဘ၀န္တု သုခိတတ္တာ
ကိုယ်ခန္ဓာရှည်သော သတ္တ၀ါ၊ တိုသော သတ္တ၀ါ၊ မရှည်မတိုအလတ်စား သတ္တ၀ါ။ ဤသတ္တ၀ါအားလုံး  ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ။

မဟန္တ+အဏုက+မဇ္ဈိမ တိက်
၆။ ယေ ကေစိ ပါဏဘူတတ္ထိ မဟန္တာ ၀ါ အဏုကာ ၀ါ မဇ္ဈိမာ ၀ါ ဣမေပိ သဗ္ဗသတ္တာ ဘ၀န္တု သုခိတတ္တာ။
ကိုယ်ခန္ဓာ ကြီးသော သတ္တ၀ါ၊ ငယ်သော သတ္တ၀ါ၊ မကြီးမငယ် အရွယ်အလတ်စား သတ္တ၀ါ။ ဤသတ္တ၀ါ အားလုံး  ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ။

ထူလ+အဏုက+မဇ္ဈိမ တိက်
၇။ ယေ ကေစိ ပါဏဘူတတ္ထိ ထူလာ ၀ါ အဏုကာ ၀ါ မဇ္ဈိမာ ၀ါ ဣမေပိ သဗ္ဗသတ္တာ ဘ၀န္တု သုခိတတ္တာ။
ကိုယ်ခန္ဓာ ပြည့်ဖြိုး ၀ိုင်းဝန်းသော သတ္တ၀ါ၊ ငယ်သော သတ္တ၀ါ၊ အလတ်စား သတ္တ၀ါ။ ဤသတ္တ၀ါအားလုံး  ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ။ 

မှတ်ချက်။
သပြေကန်မူ (ပဉ္စမအကြိမ်) ပရိတ်ကြီး နိဿသစ် စာမျက်နှာ ၃၅၈-၃၅၉ တို့မှ ကူးယူဖော်ပြပါသည်။

.

Tuesday, 9 April 2013

ပုဗ္ဗဏှသုတ် နိဿယသစ် (သပြေကန်မူ)

(၁၄၆)
ယံ ဒုန္နိမိတ္တံ အဝမင်္ဂလဉ္စ၊ ယော စာမနာပေါ သကုဏဿ သဒ္ဒေါ
ပါပဂ္ဂဟော ဒုဿုပိနံ အကန္တံ၊ ဗုဒ္ဓါနုဘာဝေန ဝိနာသ'မေန္တု။

(၁၄၇)

ယံ ဒုန္နိမိတ္တံ အဝမင်္ဂလဉ္စ၊ ယော စာမနာပေါ သကုဏဿ သဒ္ဒေါ
ပါပဂ္ဂဟော ဒုဿုပိနံ အကန္တံ၊ ဓမ္မာနုဘာဝေန ဝိနာသ'မေန္တု။

(၁၄၈)

ယံ ဒုန္နိမိတ္တံ အဝမင်္ဂလဉ္စ၊ ယော စာမနာပေါ သကုဏဿ သဒ္ဒေါ
ပါပဂ္ဂဟော ဒုဿုပိနံ အကန္တံ၊ သံဃာနုဘာဝေန ဝိနာသ'မေန္တု။


ယံ ဒုန္နိမိတ္တဉ္စ၊ အကြင် မကောင်းသော နိမိတ်သည်၎င်း။ ယံ အ၀မင်္ဂလဉ္စ၊ အကြင်အမင်္ဂလာသည်၎င်း။ သကုဏဿ၊ ငှက်ဆိုး၏။ အမနာပေါ၊ နှစ်သက်ဖွယ်မရှိသော။ ယော သဒ္ဒေါ စ၊ အကြင် အသံသည်၎င်း။ ယော ပါပဂ္ဂဟော စ၊ အကြင် ပါပဂြိုဟ်သည်၎င်း။ အကန္တံ၊ နှစ်လိုဖွယ်မရှိသော။ ယံ ဒုဿုပိနဉ္စ၊ အကြင် မကောင်းသော အိပ်မက်သည်၎င်း။ (သန္တိ၊ ရှိကုန်၏။) ဧတေ ဒုန္နိမိတ္တာဒယော၊ ထို မကောင်းသော နိမိတ်စသည်တို့သည်။ ဗုဒ္ဓါနုဘာဝေန၊ ဘုရားမြတ်တို့၏ အာနုဘော်ကြောင့်၊ ၀ိနာသံ၊ အလျှင်းမရောက် ကင်းပျောက်ခြင်းသို့။ ဧန္တု၊ ရောက်ပါစေကုန်သတည်း။

ယံ ဒုန္နိမိတ္တဉ္စ၊ အကြင် မကောင်းသော နိမိတ်သည်၎င်း။ ယံ အ၀မင်္ဂလဉ္စ၊ အကြင်အမင်္ဂလာသည်၎င်း။ သကုဏဿ၊ ငှက်ဆိုး၏။ အမနာပေါ၊ နှစ်သက်ဖွယ်မရှိသော။ ယော သဒ္ဒေါ စ၊ အကြင် အသံသည်၎င်း။ ယော ပါပဂ္ဂဟော စ၊ အကြင် ပါပဂြိုဟ်သည်၎င်း။ အကန္တံ၊ နှစ်လိုဖွယ်မရှိသော။ ယံ ဒုဿုပိနဉ္စ၊ အကြင် မကောင်းသော အိပ်မက်သည်၎င်း။ (သန္တိ၊ ရှိကုန်၏။) ဧတေ ဒုန္နိမိတ္တာဒယော၊ ထို မကောင်းသော နိမိတ်စသည်တို့သည်။ ဓမ္မာနုဘာဝေန၊ တရားတော်တို့၏ အာနုဘော်ကြောင့်၊ ၀ိနာသံ၊ အလျှင်းမရောက် ကင်းပျောက်ခြင်းသို့။ ဧန္တု၊ ရောက်ပါစေကုန်သတည်း။ 

ယံ ဒုန္နိမိတ္တဉ္စ၊ အကြင် မကောင်းသော နိမိတ်သည်၎င်း။ ယံ အ၀မင်္ဂလဉ္စ၊ အကြင်အမင်္ဂလာသည်၎င်း။ သကုဏဿ၊ ငှက်ဆိုး၏။ အမနာပေါ၊ နှစ်သက်ဖွယ်မရှိသော။ ယော သဒ္ဒေါ စ၊ အကြင် အသံသည်၎င်း။ ယော ပါပဂ္ဂဟော စ၊ အကြင် ပါပဂြိုဟ်သည်၎င်း။ အကန္တံ၊ နှစ်လိုဖွယ်မရှိသော။ ယံ ဒုဿုပိနဉ္စ၊ အကြင် မကောင်းသော အိပ်မက်သည်၎င်း။ (သန္တိ၊ ရှိကုန်၏။) ဧတေ ဒုန္နိမိတ္တာဒယော၊ ထို မကောင်းသော နိမိတ်စသည်တို့သည်။ သံဃာနုဘာဝေန၊ သံဃာတော်တို့၏ အာနုဘော်ကြောင့်၊ ၀ိနာသံ၊ အလျှင်းမရောက် ကင်းပျောက်ခြင်းသို့။ ဧန္တု၊ ရောက်ပါစေကုန်သတည်း။

(၁၄၉)
ဒုက္ခပ္ပတ္တာ စ နိဒ္ဒုက္ခာ၊ ဘယပ္ပတ္တာ စ နိဗ္ဘယာ။
သောကပ္ပတ္တာ စ နိေဿာကာ၊ ဟောန္တု သဗ္ဗေပိ ပါဏိနော။


ဒုက္ခပ္ပတ္တာ၊ ဆင်းရဲဒုက္ခ ဆိုက်ရောက်နေကြကုန်သော။ သဗ္ဗေပိ၊ အလုံးစုံလည်း ဖြစ်ကုန်သော။ ပါဏိနော၊ သတ္တ၀ါတို့သည်။ နိဒ္ဒုက္ခာ စ၊  ဆင်းရဲ မရှိကြကုန်သည်လည်း။ ဟောန္တု၊ ဖြစ်ကြပါစေကုန်သတည်း။ ဘယပတ္တာ၊ ဘေးအန္တရာယ် ဆိုက်ရောက်နေကြကုန်သော။ သဗ္ဗေပိ၊ အလုံးစုံလည်း ဖြစ်ကုန်သော။ ပါဏိနော၊ သတ္တ၀ါတို့သည်။ နိဗ္ဘယာ စ၊ ဘေးအန္တရာယ် မရှိကြကုန်သည်လည်း။ ဟောန္တု၊ ဖြစ်ကြပါစေကုန်သတည်း။ သောကပ္ပတ္တာ၊ စိုးရိမ်ပူဆွေးခြင်းသို့ ဆိုက်ရောက်နေကြကုန်သော။ သဗ္ဗေပိ၊ အလုံးစုံလည်း ဖြစ်ကုန်သော။ ပါဏိနော၊ သတ္တ၀ါတို့သည်။ နိေဿာကာ စ၊ စိုးရိမ်ပူဆွေးခြင်း မရှိကြကုန်သည်လည်း။ ဟောန္တု၊ ဖြစ်ကြပါစေကုန်သတည်း။ 

(၁၅၀)
ဧတ္တာဝတာ စ အမှေဟိ၊ သမ္ဘတံ ပုညသမ္ပဒံ။
သဗ္ဗေ ဒေဝါ'နုမောဒန္တု၊ သဗ္ဗသမ္ပတ္တိသိဒ္ဓိယာ။


စ၊ ပတ္တိဒါနစကား မြွက်ကြားပါဦးအံ့။ ဧတ္တာဝတာ၊ ဤမျှအတိုင်းအရှည်ရှိသော တရားအလျဉ် စကားအစဉ်ဖြင့်။ အမှေဟိ၊ ငါတို့သည်။ သမ္ဘတံ၊ ကောင်းစွာ ဆည်းပူးအပ်သော။ ပုညသမ္ပဒံ၊ ကောင်းမှု၏ ပြည့်စုံခြင်းကို။ သဗ္ဗေ၊ အလုံးစုံကုန်သော။ ဒေ၀ါ၊ နတ်တို့သည်။ သဗ္ဗသမ္ပတ္တိသိဒ္ဓိယာ၊ စည်းစိမ်များစွာ ချမ်းသာအကုန် ပြည့်စုံပြီးမြောက်ခြင်းငှါ။ အနုမောဒန္တု၊ သာဓု သာဓု အနုမောဒနာ ပြုကြပါကုန်လော့။ 

(၁၅၁)
ဒါနံ ဒဒန္တု သဒ္ဓါယ၊ သီလံ ရက္ခန္တု သဗ္ဗဒါ။
ဘာဝနာဘိရတာ ဟောန္တု၊ ဂစ္ဆန္တု ဒေဝတာ'ဂတာ။


သဒ္ဓါယ၊ ရတနာသုံးတန် ကံ ကံ၏ အကျိုး မြတ်နိုးယုံကြည်ကြကုန်၍။ ဒါနံ၊ အလှူဒါနကို။ ဒဒန္တု၊ လှူဒါန်းကြပါကုန်လော့။ သဗ္ဗဒါ၊ အခါမလပ်။ သီလံ၊ သီလကို။ ရက္ခန္တု၊ စောင့်ရှောက်ကြပါကုန်လော့။ ဘာဝနာဘိရတာ၊ သမထ ၀ိပဿနာ ဘာဝနာ၌ နှစ်ခြိုက်ရွှင်ပျော် မွေ့လျော်ကြကုန်သည်။ ဟောန္တု၊ ဖြစ်ကြပါကုန်လော့။ အာဂတာ၊ ပရိတ်တရားတော် နာယူရန် ဆိုက်ရောက်လာကြကုန်သော။ ဒေ၀တာ၊ နတ်တို့သည်။ ဂစ္ဆန္တု၊ ကိုယ့်ရပ်ဌာန ပြန်ကြပါကုန်လော့။ 

(၁၅၂)
သဗ္ဗေ ဗုဒ္ဓါ ဗလပ္ပတ္တာ၊ ပစ္စေကာနဉ္စ ယံ ဗလံ။
အရဟန္တာနဉ္စ တေဇေန၊ ရက္ခံ ဗန္ဓာမိ သဗ္ဗသော။


ဗလပတ္တာ၊ ကာယဗလ ဥာဏဗလ စွမ်းအားကို ရပိုင်တော်မူကြကုန်သော။ သဗ္ဗေ၊ အလုံးစုံကုန်သော။ ယေ ဗုဒ္ဓါ၊ အကြင်ဘုရားရှင်တို့သည်။ (သန္တိ၊ ရှိတော်မူကြကုန်၏။) တေသဉ္စ၊ ထိုဘုရားရှင်တို့၏၄င်း။ ပစ္စေကာနဉ္စ၊ ပစ္စေကဗုဒ္ဓါတို့၏၄င်း။ ယံ ဗလံ၊ အကြင် စွမ်းအားရှိန်စော် အာနုဘော်သည်။ အတ္ထိ၊ ရှိ၏။ တေန ဗလေန စ၊ ထိုအစွမ်းအာနုဘော်ဖြင့်၎င်း။ အရဟန္တာနံ၊ ရဟန္တာတို့၏။ တေဇေန စ၊ တန်ခိုးအာနုဘော်ဖြင့်၎င်း။ သဗ္ဗသော၊ အခါခပ်သိမ်း။ ရက္ခံ၊ အကာအကွယ် အစောင့်အရှောက်ကို။ အဟံ၊ ငါသည်။ ဗန္ဓာမိ၊ ဖွဲ့၏။

(၁၅၃)
ယံကိဉ္စိ ဝိတ္တံ ဣဓ ဝါ ဟုရံ ဝါ၊ သဂ္ဂေသု ဝါ ယံ ရတနံ ပဏီတံ။
န နော သမံ အတ္ထိ တထာဂတေန၊ ဣဒမ္ပိ ဗုဒ္ဓေ ရတနံ ပဏီတံ။
ဧတေန သစ္စေန သုဝတ္ထိ ဟောတု။


(၁၅၄)

ယံကိဉ္စိ ဝိတ္တံ ဣဓ ဝါ ဟုရံ ဝါ၊ သဂ္ဂေသု ဝါ ယံ ရတနံ ပဏီတံ။
န နော သမံ အတ္ထိ တထာဂတေန၊ ဣဒမ္ပိ ဓမ္မေ ရတနံ ပဏီတံ။
ဧတေန သစ္စေန သုဝတ္ထိ ဟောတု။


(၁၅၅)

ယံကိဉ္စိ ဝိတ္တံ ဣဓ ဝါ ဟုရံ ဝါ၊ သဂ္ဂေသု ဝါ ယံ ရတနံ ပဏီတံ။
န နော သမံ အတ္ထိ တထာဂတေန၊ ဣဒမ္ပိ သံဃေ ရတနံ ပဏီတံ။
ဧတေန သစ္စေန သုဝတ္ထိ ဟောတု။


ဣဓ ၀ါ၊ ဤလူ့ပြည်၌၄င်း။ ဟုရံ ၀ါ၊ နဂါး ဂဠုန်စသည် ပြည်တပါး၌၄င်း။ ယံကိဉ္စိ၊ အလုံးစုံသော။ ၀ိတ္တံ၊ ဥစ္စာရတနာသည်။ အတ္ထိ၊ ရှိ၏။ သဂ္ဂေသု ၀ါ၊ နတ်ပြည် ဗြဟ္မာ့ပြည်တို့၌လည်း။ ပဏီတံ၊ ကောင်းမြတ်သော။ ယံ ရတနံ၊ အကြင်ရတနာသည်။ အတ္ထိ၊ ရှိပေ၏။ (ဧတ္ထ၊ ဤရတနာတို့တွင်)။ တထာဂတေန၊ မြတ်စွာဘုရားနှင့်။ သမံ၊ တူညီသော ရတနာကား။ န နော အတ္ထိ၊ မရှိသည်သာတည်း။ ဗုဒ္ဓေ၊ မြတ်စွာဘုရား၌။ ဣဒမ္ပိ ရတနံ၊ ဤရတနာ၏အဖြစ် နှစ်သက်ဖွယ် ဂုဏ်ရည်သည်လည်း။ ပဏီတံ၊ ထူးမြတ်လှပါပေ၏။ ဧတေန သစ္စေန၊ ဤသစ္စာစကားကြောင့်။ သုဝတ္ထိ ဟောတု၊ သတ္တ၀ါတွေ ချမ်းသာပါစေသတည်း။ 

ဣဓ ၀ါ၊ ဤလူ့ပြည်၌၄င်း။ ဟုရံ ၀ါ၊ နဂါး ဂဠုန်စသည် ပြည်တပါး၌၄င်း။ ယံကိဉ္စိ၊ အလုံးစုံသော။ ၀ိတ္တံ၊ ဥစ္စာရတနာသည်။ အတ္ထိ၊ ရှိ၏။ သဂ္ဂေသု ၀ါ၊ နတ်ပြည် ဗြဟ္မာ့ပြည်တို့၌လည်း။ ပဏီတံ၊ ကောင်းမြတ်သော။ ယံ ရတနံ၊ အကြင်ရတနာသည်။ အတ္ထိ၊ ရှိပေ၏။ (ဧတ္ထ၊ ဤရတနာတို့တွင်)။ တထာဂတေန၊ တရားတော်နှင့်။ သမံ၊ တူညီသော ရတနာကား။ န နော အတ္ထိ၊ မရှိသည်သာတည်း။ ဗုဒ္ဓေ၊ မြတ်စွာဘုရား၌။ ဣဒမ္ပိ ရတနံ၊ ဤရတနာ၏အဖြစ် နှစ်သက်ဖွယ် ဂုဏ်ရည်သည်လည်း။ ပဏီတံ၊ ထူးမြတ်လှပါပေ၏။ ဧတေန သစ္စေန၊ ဤသစ္စာစကားကြောင့်။ သုဝတ္ထိ ဟောတု၊ သတ္တ၀ါတွေ ချမ်းသာပါစေသတည်း။ 

ဣဓ ၀ါ၊ ဤလူ့ပြည်၌၄င်း။ ဟုရံ ၀ါ၊ နဂါး ဂဠုန်စသည် ပြည်တပါး၌၄င်း။ ယံကိဉ္စိ၊ အလုံးစုံသော။ ၀ိတ္တံ၊ ဥစ္စာရတနာသည်။ အတ္ထိ၊ ရှိ၏။ သဂ္ဂေသု ၀ါ၊ နတ်ပြည် ဗြဟ္မာ့ပြည်တို့၌လည်း။ ပဏီတံ၊ ကောင်းမြတ်သော။ ယံ ရတနံ၊ အကြင်ရတနာသည်။ အတ္ထိ၊ ရှိပေ၏။ (ဧတ္ထ၊ ဤရတနာတို့တွင်)။ တထာဂတေန၊ သံဃာတော်နှင့်။ သမံ၊ တူညီသော ရတနာကား။ န နော အတ္ထိ၊ မရှိသည်သာတည်း။ ဗုဒ္ဓေ၊ မြတ်စွာဘုရား၌။ ဣဒမ္ပိ ရတနံ၊ ဤရတနာ၏အဖြစ် နှစ်သက်ဖွယ် ဂုဏ်ရည်သည်လည်း။ ပဏီတံ၊ ထူးမြတ်လှပါပေ၏။ ဧတေန သစ္စေန၊ ဤသစ္စာစကားကြောင့်။ သုဝတ္ထိ ဟောတု၊ သတ္တ၀ါတွေ ချမ်းသာပါစေသတည်း။ 

 (၁၅၆)
ဘဝတု သဗ္ဗမင်္ဂလံ၊ ရက္ခန္တု သဗ္ဗဒေဝတာ။
သဗ္ဗဗုဒ္ဓါနုဘာဝေန၊ သဒါ သုခီ ဘဝန္တု တေ။


(၁၅၇)

ဘဝတု သဗ္ဗမင်္ဂလံ၊ ရက္ခန္တု သဗ္ဗဒေဝတာ။
သဗ္ဗဓမ္မာနုဘာဝေန၊ သဒါ သုခီ ဘဝန္တု တေ။


(၁၅၈)

ဘဝတု သဗ္ဗမင်္ဂလံ၊ ရက္ခန္တု သဗ္ဗဒေဝတာ။
သဗ္ဗသံဃာနုဘာဝေန၊ သဒါ သုခီ ဘဝန္တု တေ။
 

သဗ္ဗမင်္ဂလံ၊ မင်္ဂလာအပေါင်း အကောင်းမှန်သမျှသည်။ ဘ၀တု၊ ဖြစ်ပါစေသတည်း။ သဗ္ဗဒေ၀တာ၊ အလုံးစုံသော နတ်တို့သည်။ ရက္ခန္တု၊ စောင့်ရှောက်ကြပါစေကုန်သတည်း။ သဗ္ဗဗုဒ္ဓါနုဘာဝေန၊ အလုံးစုံသော ဘုရားရှင်တို့၏ တန်ခိုးအာနုဘော်ကြောင့်။ တေ၊ ထို သတ္တ၀ါတို့သည်။ သဒါ၊ အခါခပ်သိမ်း။ သုခီ၊ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာခြင်းရှိကုန်သည်။ ဘ၀န္တု၊ ဖြစ်ကြပါစေကုန်သတည်း။ 

သဗ္ဗမင်္ဂလံ၊ မင်္ဂလာအပေါင်း အကောင်းမှန်သမျှသည်။ ဘ၀တု၊ ဖြစ်ပါစေသတည်း။ သဗ္ဗဒေ၀တာ၊ အလုံးစုံသော နတ်တို့သည်။ ရက္ခန္တု၊ စောင့်ရှောက်ကြပါစေကုန်သတည်း။ သဗ္ဗ္ဗဓမ္မာနုဘာဝေန ၊ အလုံးစုံသော တရားတော်တို့၏ အစွမ်းအာနုဘော်ကြောင့်။ တေ၊ ထို သတ္တ၀ါတို့သည်။ သဒါ၊ အခါခပ်သိမ်း။ သုခီ၊ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာခြင်းရှိကုန်သည်။ ဘ၀န္တု၊ ဖြစ်ကြပါစေကုန်သတည်း။ 

သဗ္ဗမင်္ဂလံ၊ မင်္ဂလာအပေါင်း အကောင်းမှန်သမျှသည်။ ဘ၀တု၊ ဖြစ်ပါစေသတည်း။ သဗ္ဗဒေ၀တာ၊ အလုံးစုံသော နတ်တို့သည်။ ရက္ခန္တု၊ စောင့်ရှောက်ကြပါစေကုန်သတည်း။ သံဃာနုဘာဝေန၊ အလုံးစုံသော သံဃာတော်တို့၏ တန်ခိုးအာနုဘော်ကြောင့်။ တေ၊ ထို သတ္တ၀ါတို့သည်။ သဒါ၊ အခါခပ်သိမ်း။ သုခီ၊ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာခြင်းရှိကုန်သည်။ ဘ၀န္တု၊ ဖြစ်ကြပါစေကုန်သတည်း။   

 (၁၅၉)
မဟာကာရုဏိကော နာထော၊ ဟိတာယ သဗ္ဗပါဏိနံ။
ပူရေတွာ ပါရမီ သဗ္ဗာ၊ ပတ္တော သမ္ဗောဓိ'မုတ္တမံ။
ဧတေန သစ္စဝဇ္ဇေန၊ သောတ္ထိ တေ ဟောတု သဗ္ဗဒါ။
 

မဟာကာရုဏိကော၊ ကြီးမြတ်သော ကရုဏာ ရှိတော်မူသော။ နာထော၊ မြတ်စွာဘုရားသည်။ သဗ္ဗပါဏိနံ၊ အလုံးစုံသော သတ္တ၀ါတို့၏။ ဟိတာယ၊ အကျိုးစီးပွါးအလို့ငှါ။ သဗ္ဗာ၊ အလုံးစုံကုန်သော။ ပါရမီ၊ ဒါနစသည် ပါရမီတော်တို့ကို။ ပူရေတွာ၊ ဖြည့်ကျင့်တော်မူ၍။ ဥတ္တမံ၊ ထူးမြတ်သော။ သမ္ဗောဓိံ၊ အရဟတ္တမဂ်ဥာဏ် သဗ္ဗညုတဥာဏ်တော်ကို။ ပတ္တော၊ ရတော်မူခဲ့လေပြီ။ ဧတေန သစ္စ၀ဇ္ဇေန၊ ဤသစ္စာစကားကြောင့်။ တေ၊ သင့်အား။ သဗ္ဗဒါ၊ အခါခပ်သိမ်း။ သောတ္ထိ၊ ချမ်းသာခြင်းသည်။ ဟောတု၊ ဖြစ်ပါစေသတည်း။

 (၁၆၀)
 ဇယန္တော ဗောဓိယာ မူလေ၊ သကျာနံ နန္ဒိဝဍ္ဎုနော။
ဧဝမေဝ ဇယော ဟောတု၊ ဇယဿု ဇယမင်္ဂလေ။
 

သကျာနံ၊ သာကီဝင်မင်းတို့၏။ နန္ဒိဝဍ္ဎနော၊ အားရနှစ်သက်ခြင်းကို တိုးပွါးစေတတ်သော မြတ်စွာဘုရားသည်။ ဗောဓိယာ၊ ဗောဓိပင်၏။ မူလေ၊ အနီးတခွင် အပရာဇိတပလ္လင်၌။ ဇယန္တောယထာ၊ မာရ်ငါးပါးကို အောင်မြင်တော်မူသကဲ့သို့။ ဧ၀မေ၀၊ ဤအတူသာလျှင်။ (တေ၊ သင့်အား။) ဇယော၊ ဘေးရန်ခပင်း အောင်မြင်ခြင်းသည်။ ဟောတု၊ ဖြစ်ပါစေသတည်း။ တွံ၊ သင်သည်။ ဇယမင်္ဂလေ၊ အောင်ရာအောင်ကြောင်း ကောင်းမြတ်သော မင်္ဂလာတို့ကို။ ဇယဿု၊ ခရီးရောက်အောင် ပြီးမြောက်လျှင်လျှင် အောင်မြင်ပါစေသတည်း။

 (၁၆၁)
အပ္ပရာဇိတပလ္လင်္ကေ၊ သီသေ ပုထုဝိပုက္ခလေ။
အဘိသေကေ သဗ္ဗဗုဒ္ဓါနံ၊ အဂ္ဂပ္ပတ္တော ပမောဒတိ။
 

သဗ္ဗဗုဒ္ဓါနံ၊ အလုံးစုံသော မြတ်စွာဘုရားတို့၏။ အဘိသေကေ၊ ဗုဒ္ဓါဘိသေက ခံယူရာ ဌာနဖြစ်သော။ သီသေ၊ မြေတို့၏အထွတ်အထိပ်ဖြစ်သော။ ပုထုဝိပုက္ခလေ၊ တင့်တယ်ထူးလွန်မြေမွန်မြေမြတ်ဖြစ်သော။ အပရာဇိတပလ္လင်္ကေ၊ အပရာဇိတမည်တွင် ပလ္လင်တော်၌။ အဂ္ဂပ္ပတ္တော၊ ထွတ်ဖျားတိုင်မြောက် ဘုရားအဖြစ်သို့ ရောက်တော်မူသော ရှင်တော်မြတ်သည်။ ပမောဒတိ၊ အလွန်ရွှင်လန်း ၀မ်းမြောက်တော်မူရပေ၏။ (ဧ၀မေ၀၊ ဤအတူပင်။ တွံ၊ သင်သည်။ အဂ္ဂပ္ပတ္တော၊ အထက်တန်းသို့ တက်လှမ်းပေါက်ရောက်သည် ဖြစ်၍။ ပမောဒဿု၊ ၀မ်းမြောက်ပါစေသတည်း။

 (၁၆၂)
သုနက္ခတ္တံ သုမင်္ဂလံ၊ သုပ္ပဘာတံ သုဟုဋ္ဌိတံ။
သုခဏော သုမုဟုတ္တော စ၊ သုယိဋ္ဌံ ဗြဟ္မစာရိသု။
 

(ယသ္မိံ ဒိဝသေ၊ အကြင်နေ့၌။ တယော သုစရိတဓမ္မေ၊ သုစရိုက်တရား သုံးပါးတို့ကို။ ပရိပူရေန္တိ၊ ဖြည့်ကျင့်ကြကုန်၏။ သော ဒိဝသော၊ ထို့နေ့သည်။) သုနက္ခတ္တံ၊  နက္ခတ်အပေါင်း မကောင်းမရှိ အကောင်းအတိသာတည်း။ သုမင်္ဂလံ၊ အမင်္ဂလာ ဘယ်အခါမရှိ ကောင်းမြတ်သော မင်္ဂလာအတိသာတည်း။ သုပ္ပဘာတံ၊ အပြစ်ကင်းရှင်း ကောင်းသော မိုးလင်းရခြင်းပင်တည်း။ သုဟုဋ္ဌိတံ၊ သာယာသန့်ရှင်းကောင်းသော အိပ်ရာမှ ထရခြင်းပင်တည်း။ သုခဏော၊ ကြုံလာဆိုက်ရ ခဏတိုင်းမှာ ကောင်းသော ခဏချည်းသာတည်း။ သုမုဟုတ္တော စ၊ မုဟုတ်တိုင်းမှာ အကောင်းချည်းသာတည်း။ (တသ္မိံ ဒိဝသေ၊ ထိုသုစရိုက်ကျင့်ရာ နေ့အခါ၌။) ဗြဟ္မစာရိသု၊ မြတ်သော အကျင့်ကို ကျင့်လေ့ရှိသူ ပုဂ္ဂိုလ်တို့၌။ ယိဋ္ဌံ၊ လှူအပ်ပူဇော်အပ်သော အလှူသည်။ သုယိဋ္ဌံ၊ အပြစ်ကင်း၍ သန့်ရှင်းကောင်းမြတ်သော ပူဇော်ရခြင်း ဖြစ်ပါပေ၏။

 (၁၆၃)
ပဒက္ခိဏံ ကာယကမ္မံ၊ ဝါစာကမ္မံ ပဒက္ခိဏံ။
ပဒက္ခိဏံ မနောကမ္ပ္မံ၊ ပဏီဓိ တေ ပဒက္ခိဏေ။
 

(တသ္မိံ ဒိဝသေ၊ ထို သုစရိုက်ကျင့်ရာ နေ့အခါ၌။) ကာယကမ္မံ၊ ထိုသူပြုသည့် ကာယကံမှု မှန်သမျှသည်။ ပဒက္ခိဏံ၊ တိုးတက်ကြီးပွါးကြောင်း အကောင်းအမြတ်ချည်းသာတည်း။ ၀စီကမ္မံ၊ ၀စီကံမှု မှန်သမျှသည်။ ပဒက္ခိဏံ၊ တိုးတက်ကြီးပွါးကြောင်း အကောင်းအမြတ်ချည်းသာတည်း။ မနောကမ္မံ၊ မနောကံ မှန်သမျှသည်လည်း။ ပဒက္ခိဏံ၊ တိုးတက်ကြီးပွါးကြောင်း အကောင်းအမြတ်ချည်းသာတည်း။ တေ၊ ထို သုစရိုက်ကျင့်သူ၏ ကံသုံးပါးတို့ကား။ ပဒက္ခိဏေ၊ တိုးတက်ကြီးပွါးကြောင်း ကောင်းမှု၌။ ပဏီဓိ၊ ထားခြင်းမည်ပေ၏။    

 (၁၆၄)
ပဒက္ခိဏာနိ ကတွာန၊ လဘန္တ'တ္ထေ ပဒက္ခိဏေ။
တေ အတ္ထလဒ္ဓါ သုခိတာ၊ ဝိရူဠှာ ဗုဒ္ဓသာသနေ။
အရောဂါ သုခိတာ ဟောထ၊ သဟ သဗ္ဗေဟိ ဉာတိဘိ။
 

 ပဒက္ခိဏာနိ၊ တိုးတက်ကြီးပွါးကြောင်း ကောင်းမှုကံတို့ကို။ ကတွာန၊ ပြုကြကုန်၍။ ပဒက္ခိဏေ၊ တိုးတက်ကောင်းမြတ်ကုန်သော။ အတ္ထေ၊ အကျိုးတို့ကို။ လဘန္တိ၊ ရရှိကြကုန်၏။ တေ (တုမှေ)၊ ထိုသင်တို့သည်။ အတ္ထလဒ္ဓါ၊ ရအပ်သော ကောင်းကျိုးရှိကြကုန်သည်။ သုခိတာ၊ ချမ်းသာခြင်းသို့ ရောက်ကြကုန်သည်။ ဗုဒ္ဓသာသနေ၊ ဘုရားသာသနာတော်၌။ ၀ိရူဠှာ၊ တိုးတက်စည်ကား ကြီးပွါးကြကုန်သည်။ (ဟုတွာ၊ ဖြစ်ကြကုန်၍။) သဗ္ဗေဟိ၊ အလုံးစုံကုန်သော။ ဥာတိဟိ၊ အဆွေအမျိုးတို့နှင့်။ သဟ၊ တကွ။ အရောဂါ၊ ရောဂါမရှိကြကုန်သည်။ သုခိတာ၊ ချမ်းသာခြင်းသို့ ရောက်ကြကုန်သည်။ ဟောထ၊ ဖြစ်ကြပါစေကုန်သတည်း။
 
ပုဗ္ဗဏှသုတ္တံ နိဋ္ဌိတံ။

ပုဗ္ဗဏှသုတ္တံ၊ ပုဗ္ဗဏှသုတ်သည်။ နိဋ္ဌိတံ၊ ပြီးပြီ။ ။






Saturday, 6 April 2013

ဗောဇ္ဈင်္ဂသုတ် နိဿယသစ် (သပြေကန်မူ)

(၁၃၅)
သံသာရေ သံသရန္တာနံ၊ သဗ္ဗဒုက္ခဝိနာသနေ။
သတ္တ ဓမ္မေ စ ဗောဇ္ဈင်္ဂေ၊ မာရသေနာပမဒ္ဒနေ။

(၁၃၆)

ဗုဇ္ဈိတွာ ယေ စိမေ သတ္တာ၊ တိဘဝါ မုတ္တကုတ္တမာ။
အဇာတိ' မဇရာဗျာဓိံ၊ အမတံ နိဗ္ဘယံ ဂတာ။

(၁၃၇)

ဧဝမာဒိဂုဏူပေတံ၊ အနေကဂုဏသင်္ဂဟံ။
သြသဓဉ္စ ဣမံ မန္တံ၊ ဗောဇ္ဈင်္ဂဉ္စ ဘဏာမဟေ။


ဟေ၊ အို သူတော်ကောင်းတို့။ သံသာရေ၊ သံသရာ၌။ သံသရန္တာနံ၊ ကျင်လည်ကြကုန်သော သတ္တ၀ါတို့၏။ သဗ္ဗဒုက္ခ၀ိနာသနေ၊ ဒုက္ခခပ်သိမ်းတို့ကို ပျောက်ငြိမ်းစေတတ်ကုန်သော။ မာရသေနပမဒ္ဒနေ၊ မာရ်စစ်သည် အသင်းအပင်းတို့ကို နှိမ်နှင်းဖျက်ဆီးတတ်ကုန်သော။ ဗောဇ္ဈင်္ဂေ၊ ဗောဇ္ဈင်မည်ကုန်သော။ သတ္တ၊ ခုနစ်ပါးကုန်သော။ ယေ ဓမ္မေ၊ အကြင်တရားတို့ကို။ ဗုဇ္ဈိတွာ၊ သိကြကုန်သောကြောင့်။ ဥတ္တမာ၊ မြတ်ကုန်သော။ ဣမေ သတ္တာ၊ ဤပုဂ္ဂိုလ်တို့သည်။ တိဘ၀ါ၊ ဘ၀သုံးပါးမှ။ မုတ္တကာ၊ လွတ်မြောက်ရကုန်သည်ဖြစ်၍။ အဇာတိံ၊ ပဋိသန္ဓေနေခြင်းမရှိသော။ အဇရံ၊ အိုခြင်းမရှိသော။ အဗျာဓိံ၊ နာခြင်းမရှိသော။ အမတံ၊ သေခြင်းမရှိသော။ နိဗ္ဘယံ၊ ဘေးမရှိသော။ နိဗ္ဗာနံ၊ နိဗ္ဗာန်သို့။ ဂတာ၊ ရောက်ကြရကုန်ပြီ။ ဧ၀မာဒိဂုဏူပေတံ၊ ဤသို့ အစရှိသော အကျိုးဂုဏ်အင် အာနိသင်တို့နှင့် ပြည့်စုံသော။ အနေကဂုဏသင်္ဂဟံ၊ ဂုဏ်အပေါင်းများစွာ သိမ်းယူရာ ဖြစ်သော။ သြသဓဉ္စ၊ ရောဂါပျောက်ရေးဝယ် ဆေးသဖွယ်လည်းဖြစ်သော။ မန္တဉ္စ၊ အန္တရာယ်ကင်းရေးဝယ် မန္တာန်သဖွယ်လည်းဖြစ်သော။  ဣမံ ဗောဇ္ဈင်္ဂံ၊ ဤဗောဇ္ဈင်သုတ် ပရိတ်တော်ကို။ မယံ၊ ငါတို့သည်။ ဘဏာမ၊ ရွတ်ကြကုန်စို့။

 (၁၃၈)
ဗောဇ္ဈင်္ဂေါ သတိသင်္ခါတော၊ ဓမ္မာနံ ဝိစယော တထာ။
ဝီရိယံ ပီတိ ပဿဒ္ဓိ၊ ဗောဇ္ဈင်္ဂါ စ တထာပရေ။

(၁၃၉)

သမာဓုပေက္ခာ ဗောဇ္ဈင်္ဂါ၊ သတ္တေတေ သဗ္ဗဒဿိနာ။
မုနိနာ သမ္မဒက္ခာတာ၊ ဘာဝိတာ ဗဟုလီကတာ။

(၁၄၀)

သံဝတ္တန္တိ အဘိညာယ၊ နိဗ္ဗာနာယ စ ဗောဓိယာ။
ဧတေန သစ္စဝဇ္ဇေန၊ သောတ္ထိ တေ ဟောတု သဗ္ဗဒါ။


သတိသင်္ခါတော၊ သတိဟုဆိုအပ်သော။ ဗောဇ္ဈင်္ဂေါ စ၊ ဗောဇ္ဈင်၎င်း။ ဓမ္မာနံ ၀ိစယော စ၊ ဓမ္မ၀ိစယ ဗောဇ္ဈင်၎င်း။ တထာ၊ ထိုမှတပါး။ ၀ီရိယံ စ၊ ၀ီရိယဗောဇ္ဈင်၎င်း။ ပီတိ ပဿဒ္ဓိဗောဇ္ဈင်္ဂါ စ၊ ပီတိဗောဇ္ဈင် ပဿဒ္ဓိဗောဇ္ဈင်တို့၎င်း။ တထာ၊ ထို့ပြင်။ အပရေ၊ တပါးကုန်သော။ သမာဓုပေက္ခာ ဗောဇ္ဈင်္ဂါ စ၊ သမာဓိဗောဇ္ဈင် ဥပေက္ခာဗောဇ္ဈင်တို့၎င်း။  ဣတိ၊ ဤသို့။ သဗ္ဗဒဿိနာ၊ တရားအလုံးစုံ အကုန်သိတော်မူသော။ မုနိနာ၊ မြတ်စွာဘုရားသည်။ သမ္မဒက္ခာတာ၊ ကောင်းစွာ ဟောကြားတော်မူအပ်ကုန်သော။ သတ္တ၊ ခုနစ်ပါးကုန်သော။ ဧတေ၊ ထိုဗောဇ္ဈင်တရားတို့သည်။ ဘာဝိတာ၊ ပွါးများအပ်ကုန်သည်ရှိသော်။ ဗဟုလီကတာ၊ ကြိမ်ဖန်များစွာ အလေ့အလာ ပြုအပ်ကုန်သည်ရှိသော်။ အဘိညာယ စ၊ သစ္စာလေးပါးကို သိခြင်းငှါ၎င်း။ နိဗ္ဗာနယ စ၊ နိဗ္ဗာန်အလို့ငှါ၎င်း။ ဗောဓိယာ စ၊ မဂ်ဥာဏ်အလို့ငှါ၎င်း။ သံဝတ္တန္တိ၊ ဖြစ်ကုန်၏။ ဧတေန သစ္စ၀ဇ္ဇေန၊ ဤသစ္စာစကားကြောင့်။ တေ၊ သင့်အား။ သဗ္ဗဒါ၊ အခါခပ်သိမ်း။ သောတ္ထိ၊ ချမ်းသာခြင်းသည်။ ဟောတု၊ ဖြစ်ပါစေသတည်း။

(၁၄၁)
ဧကသ္မိံ သမယေ နာထော၊ မောဂ္ဂလ္လာနဉ္စ ကဿပံ။
ဂိလာနေ ဒုက္ခိတေ ဒိသွာ၊ ဗောဇ္ဈင်္ဂေ သတ္တ ဒေသယိ။

ဧကသ္မိံ၊ အခါတပါး၌။ နာထော၊ မြတ်စွာဘုရားသည်။ မောဂ္ဂလာနဉ္စ၊ မောဂ္ဂလာန်မထေရ်ကို၎င်း။ ကဿပဉ္စ၊ ကဿပမထေရ်ကို၎င်း။ ဂိလာနေ၊ မကျန်းမမာသည်တို့ကို။ ဒုက္ခိတေ၊ ဆင်းရဲခြင်းသို့ ရောက်သည်တို့ကို။ ဒိသွာ၊ မြင်တော်မူရ၍။ သတ္တဗောဇ္ဈင်္ဂေ၊ ဗောဇ္ဈင်ခုနစ်ပါးတို့ကို။ ဒေသယိ၊ ဟောတော်မူပြီ။ 
  
 (၁၄၂)
တေ စ တံ အဘိနန္ဒိတွာ၊ ရောဂါ မုစ္စိံသု တင်္ခဏေ။
ဧတေန သစ္စဝဇ္ဇေန၊ သောတ္ထိ တေ ဟောတု သဗ္ဗဒါ။


တေ စ၊ ထိုမထေရ်မြတ်တို့သည်လည်း။ တံ၊ ထို ဗောဇ္ဈင်ခုနစ်ပါး တရားတော်ကို။ အဘိနန္ဒိတွာ၊ နှစ်သက်အားရ ခံယူကြကုန်၍။ တင်္ခဏေ၊ ထိုခဏ၌။ ရောဂါ၊ ရောဂါမှ။ မုစ္စိံသု၊ ပျောက်ကင်း လွတ်မြောက်ကြရကုန်ပြီ။ ဧတေန သစ္စ၀ဇ္ဇေန၊ ဤသစ္စာစကားကြောင့်။ တေ၊ သင့်အား။ သဗ္ဗဒါ၊ အခါခပ်သိမ်း။ သောတ္ထိ၊ ချမ်းသာခြင်းသည်။ ဟောတု၊ ဖြစ်ပါစေသတည်း။ 

(၁၄၃)
ဧကဒါ ဓမ္မရာဇာပိ၊ ဂေလညေနာ' ဘိပီဠိတော။
စုန္ဒတ္ထေရေန တံယေဝ၊ ဘဏာပေတွာန သာဒရံ။

(၁၄၄)

သမ္မောဒိတွာန အာဗာဓာ၊ တမှာ ဝုဋ္ဌာသိ ဌာနသော။
ဧတေန သစ္စဝဇ္ဇေန၊ သောတ္ထိ တေ ဟောတု သဗ္ဗဒါ။


ဧကဒါ၊ အခါတပါး၌။ ဓမ္မရာဇာပိ၊ တရားဘုရင် ဘုရားရှင်သည်လည်း။ ဂေလညေန၊ ရောဂါဝေဒနာသည်။ အဘိပီဠိတော၊ ပြင်းထန်စွာ နှိပ်စက်အပ်သည်ဖြစ်၍။ စုန္ဒတ္ထေရေန၊ စုန္ဒမထေရ်ကို။ တံ ယေ၀၊ ထိုဗောဇ္ဈင်တရားတော်ကိုပင်။ သာဒရံ၊ ရိုသေလေးစားစွာ။ ဘဏာပေတွာန၊ ရွတ်ဆိုစေ၍။ သမ္မောဒိတွာန၊ ၀မ်းမြောက်တော်မူသောကြောင့်။ ဌာနသော၊ တခဏခြင်း။ တမှာ အာဗာဓာ၊ ထိုရောဂါမှ။ ၀ုဋ္ဌာသိ၊ ထမြောက် ပျောက်ကင်းတော်မူလေပြီ။ ဧတေန သစ္စ၀ဇ္ဇေန၊ ဤသစ္စာစကားကြောင့်။ တေ၊ သင့်အား။ သဗ္ဗဒါ၊ အခါခပ်သိမ်း။ သောတ္ထိ၊ ချမ်းသာခြင်းသည်။ ဟောတု၊ ဖြစ်ပါစေသတည်း။

 (၁၄၅)
ပဟီနာ တေ စ အာဗာဓာ၊ တိဏ္ဏန္နမ္ပိ မဟေသိနံ။
မဂ္ဂဟတာ ကိလေသာဝ၊ ပတ္တာ' နုပ္ပတ္တိဓမ္မတံ။
ဧတေန သစ္စဝဇ္ဇေန၊ သောတ္ထိ တေ ဟောတု သဗ္ဗဒါ။


မဂ္ဂါဟတာ၊ အရိယာမဂ်တရားတို့သည် ပယ်ရှားဖျက်ဆီးအပ်ကုန်သော။ ကိလေသာ၊ ကိလေသာတို့သည်။ အနုပ္ပတ္တိဓမ္မတံ၊ တဖန်ထပ်ကာ မဖြစ်ပေါ်လာခြင်းသဘော ရှိသည်၏ အဖြစ်သို့။ ပတ္တာဣ၀၊ ရောက်ရကုန်သကဲ့သို့။ တထာ၊ ထို့အတူ။ တိဏ္ဏန္နမ္ပိ၊ သုံးပါးလည်းဖြစ်ကုန်သော။ မဟေသီနံ၊ သီလက္ခန္ဓ စသည်ဖွေရှာ မြတ်စွာဘုရား နှစ်ပါးသော ထေရ်အရှင်တို့၏။ ပဟီနာ၊ ဗောဇ္ဈင်တရားဖြင့် ပယ်ရှားအပ်ပြီး ဖြစ်ကုန်သော။ တေ အာဗာဓာ စ၊ ထိုရောဂါတို့သည်လည်း။ အနုပ္ပတ္တိဓမ္မတံ၊ တဖန်ထပ်ကာ မဖြစ်လာခြင်း သဘောရှိသည်၏ အဖြစ်သို့။ ပတ္တာ၊ ရောက်ကုန်ပြီ။ ဧတေန သစ္စ၀ဇ္ဇေန၊ ဤသစ္စာစကားကြောင့်။ တေ၊ သင့်အား။ သဗ္ဗဒါ၊ အခါခပ်သိမ်း။ သောတ္ထိ၊ ချမ်းသာခြင်းသည်။ ဟောတု၊ ဖြစ်ပါစေသတည်း။

ဗောဇ္ဈင်္ဂသုတ္တံ နိဋ္ဌိတံ။
ဗောဇ္ဈင်္ဂသုတ္တံ၊ ဗောဇ္ဈင်္ဂသုတ်သည်။ နိဋ္ဌိတံ၊ ပြီးပြီ။

.

Thursday, 4 April 2013

အင်္ဂုလိမာလသုတ် နိဿယသစ် (သပြေကန်မူ)


(၁၃၂)
ပရိတ္တံ ယံ ဘဏန္တဿ၊ နိသိန္နဋ္ဌာနဓောဝနံ။
ဥဒကမ္ပိ ဝိနာသေတိ၊ သဗ္ဗမေဝ ပရိဿယံ။
 


ဟေ၊ အို သူတော်ကောင်းတို့။ ယံ ပရိတ္တံ၊ အကြင် အဂုင်္လိမာလ ပရိတ်တော်ကို။ ဘဏန္တဿ၊ ရွတ်ဆိုသော ပုဂ္ဂိုလ်၏။ နိသိန္နဋ္ဌာနဓောဝနံ၊  နေရာထိုင်ခုံကို ဆေးကြောင်းဖြစ်သော။ ဥဒကမ္ပိ၊ ရေသော်မှလည်း။ သဗ္ဗမေ၀၊ အလုံးစုံသာလျှင် ဖြစ်သော။ ပရိဿယံ၊ ဘေးရန်ကို။ ၀ိနာသေတိ၊ ကင်းပျောက်စေနိုင်၏။

(၁၃၃)

သောတ္ထိနာ ဂဗ္ဘဝုဋ္ဌာနံ၊ ယဉ္စ သာဓေတိ တင်္ခဏေ။
ထေရဿ'င်္ဂုလိမာလဿ၊ လောကနာထေန ဘာသိတံ။
ကပ္ပဋ္ဌာယိံ မဟာတေဇံ၊ ပရိတ္တံ တံ ဘဏာမ ဟေ။


ယံ ပရိတ္တံ၊ အကြင် အင်္ဂုလိမာလ ပရိတ်တော်သည်။ တင်္ခဏေ၊ ပရိတ်ရွတ်စဉ် ထိုအခိုက်၌ပင်။ သောတ္ထိနာ၊ ချမ်းချမ်းသာသာဖြင့်။ ဂဗ္ဘ၀ုဋ္ဌာနဉ္စ၊ ကိုယ်ဝန်မှထ မွေးဖွားရခြင်းကိုလည်း။ သာဓေတိ၊ ပြီးစေနိုင်ပေ၏။ အင်္ဂုလိမာလဿ၊ အင်္ဂုလိမာလမည်သော။ ထေရဿ၊ မထေရ်အား။ လောကနာထေန၊ မြတ်စွာဘုရားသည်။ ဘာသိတံ၊ ဟောတော်မူအပ်သော။ ကပ္ပဋ္ဌာယိံ၊ ကမ္ဘာဆုံးသည်ထိ တည်တတ်သော သဘာဝရှိသော။ မဟာတေဇံ၊ ကြီးမားသော အစွမ်းရှိသော။ တံ ပရိတ္တံ၊ ထို အင်္ဂုလိမာလသုတ် ပရိတ်တော်ကို။ မယံ၊ ငါတို့သည်။ ဘဏာမ၊ ရွတ်ကြကုန်စို့။

(၁၃၄)

ယတော'ဟံ ဘဂိနိ အရိယာယ ဇာတိယာ ဇာတော။
နာဘိဇာနာမိ သဉ္စိစ္စ ပါဏံ ဇီဝိတာ ဝေါရောပေတာ။
တေန သစ္စေန သောတ္ထိ တေ ဟောတု သောတ္ထိ ဂဗ္ဘဿ။


ဘဂိနိ၊ နှမ။ အဟံ၊ ငါသည်။ ယတော၊ အကြင်အခါမှ စ၍။ အရိယာယ ဇာတိယာ၊ အရိယာဇာတ်ဖြင့်။ ဇာတော၊ ဖြစ်ခဲ့၏။ တတော၊ ထိုအခါမှ စ၍။ သဉ္စိစ္စ၊ သေစေလိုသော စေတနာဖြင့် အားထုတ်၍။ ပါဏံ၊ သတ္တ၀ါကို။ ဇိဝိတာ၊ ဇီဝိတိနြေ္ဒမှ။ ဝေါရောပေတာ၊ ချခဲ့ သတ်ခဲ့သည်ဟူ၍။ နာဘိဇာနာမိ၊ မသိပေ။ တေန သစ္စေန၊ ထိုသစ္စာစကားကြောင့်။ တေ၊ သင့်အား။ သောတ္ထိ၊ ချမ်းသာခြင်းသည်။ ဟောတု၊ ဖြစ်စေသတည်း။ ဂဗ္ဘဿ၊ သူငယ်၏။ သောတ္ထိ၊ ချမ်းသာခြင်းသည်။ ဟောတု၊ ဖြစ်စေသတည်း။ ။
   
အဂုၤလိမာလသုတၱံ နိ႒ိတံ။
အဂုၤလိမာသုတၱံ၊ အဂၤုလိမာလသုတ္သည္။ နိ႒ိတံ၊ ၿပီးၿပီ။

.