၂၈ ရက်နေ့စပြီး အော်ရီယင်တေးရှင်းရှိပေမဲ့ မနေ့က မသွားဖြစ်လိုက်ဖူး။
ဒီနေ့မှ တက္ကသိုလ်ထဲ သွားဖြစ်တယ်။ ကာလိလီလက်ချာဟောနှင့်ဘရူးနိုင်းဟောတို့မှာ လက်ချာနားထောင်တယ်။
ခအိုရိနှင့်တွေ့တယ်။
မနက်ဖန် ကျောင်းအပ်ရမယ်။
အဲဒီ ဘီးကြီးပေါ့။ ၀င်ရိုးတွေ ထောက်တိုင်တွေ ပဋိစ္စသမုပ္ပါဒ် မပြတ်သေးသမျှ ဂျတ်အေး သူ့အမေရိုက်သလို...
Tuesday, 29 September 2009
Tuesday, 11 August 2009
အင်္ဂါမောင်ဘာတွေဖြစ်နေပါလိမ့်
ဘ၀မှာ တစ်ခါတစ်လေ ဒီလိုဖြစ်တတ်တယ်။
အဆင်မပြေမှုတွေက ရောက်လာပြီဆိုရင် အလုံးလိုက်အခဲလိုက်။
စိတ်ဖိစီးမှုများလာရင်၊ အဆင်မပြေမှုတွေ များလာရင် လူတွေ ဘာလုပ်တတ်ကြသလဲ။
အင်္ဂါမောင်ကော ဘာလုပ်သင့်သလဲ။
ဒီနေ့မနက်ပိုင်းဘာသာရပ်အတွက် အတန်းထဲမှာ အက်ဆေးနိဒါန်းကို လက်တန်းရေးခိုင်းတယ်။ အင်္ဂါမောင်လဲ လက်မနှေးပါဘူး။ ရေးခဲ့ပါတယ်။ သဘောကျပါတယ်။ ဒါပေမဲ့ အိမ်စာတွေ အများကြီးပေးခဲ့တာကတော့ စိတ်ဖိစီးမှု ပို ဖြစ်စေတယ်။ အိမ်စာတွေမှ တစ်နင့်တစ်ပိုးပါဘဲ။ ကြည့်ရမဲ့အိမ်စာ၊ ရေးရမဲ့ အိမ်စာတွေပေါ့။ မနက်ဖန် အပြီးလုပ်ရမယ်တဲ့။
ပြီးတော့ စာလုံးရေ နှစ်ထောင် အကယ့်ဒမစ်ရီဆာ့ခ်ျအက်ဆေးတစ်ပုဒ်ရေးပြီး မနက်ဖန်မှာဘဲ အပြီးအပ်ရမယ်တဲ့။ ပထမမူကြမ်းအနေနဲ့ပေါ့။ ပြောတာလွယ်တယ်။ တကယ်ရေးရမယ်ဆိုတော့ ဘယ်ကစပြီး ဘယ်လို ရေးရမှန်းတောင် မသိတော့ဘူး။ ခေါင်းပူလာစပြုလာပြီ။
နေ့လည်ပိုင်းမှာ အတန်းပြီးတော့ Ethnographic research အကြောင်း presentation ပေးပို့အတွက် ဗြိတိသျှပြတိုက်ကို လေ့လာရေးထွက်ရတယ်။ ဆရာမက ဦးဆောင်လို့ပေါ့။ လာမဲ့သောကြာနေ့မှာ presentation ပေးရမှာပါ။ အဲဒီ presentation အတွက် သုံးယောက်တစ်အုပ်စုဖွဲ့ပေးတယ်။ မနက်ဖန်ဆိုရင် အင်္ဂါမောင်နှင့်တစ်အုပ်စုတည်းဖြစ်တဲ့ ဂျပန်ကျောင်းသူနှင့်ပေါ်တူဂီကျောင်းသားတို့နှင့် ထပ်ဆွေးနွေးရလိမ့်မယ်။
ပြီးတော့ လာမဲ့ကြာသပတေးနေ့မှာ အစည်းအဝေးတဲ့။ စပ်မိလို့ပြောရဦးမယ်။ ဘာစိတ်ကူးပေါက်လို့လဲ မသိဘူး။ အင်္ဂါမောင်တို့အတန်းထဲက ကျောင်းသူ ကျောင်းသားတွေက အင်္ဂါမောင်ကို အတန်းခေါင်းဆောင် (class-rep) ရွေးချယ်ထားကြတယ်။ ဒါကြောင့် ကြာသပတေးနေ့ ဆရာ ဆရာမတွေ အစည်းအဝေးမှာ အင်္ဂါမောင်လဲ တက်ရမယ်တဲ့။ ဘာတွေ ပြောပြန်ရဦးမလဲ မသိဘူး။ အင်္ဂါမောင်က ခပ်အေးအေးနေတတ်တော့ ခက်ချေပြီ။
ပြင်ဆင်ချိန်က ဘာမှ မရတော့ ပိုခက်တယ်။
အဲဒီလို စိတ်ဖိစီးမှုတွေနှင့်အတူ ကျောင်းကို ပြန်ရောက်လာပြီး သိပ်မကြာခင်မှာ ဖုန်းတစ်ချက်ဝင်လာတယ်။ သူငယ်ချင်းဆီကဖုန်းပါ။ ၀မ်းသာအားရပေါ့။ အင်္ဂါမောင်ရဲ့ စိတ်ဖိစီးမှုတွေကို သိလို့ ဖုန်းနှင့်လှမ်းအားပေးမယ်ထင်နေခဲ့တာ။ ဒါပေမဲ့ အထင်နှင့်အမြင် သက်သက်စင် လွဲတာပါဘဲ။ သူပြောခဲ့တာက သူနှင့်ပတ်သက်ပြီး သိခဲ့တဲ့ သူ့မိတ်ဆွေတွေကို အဆက်အသွယ်မလုပ်ပါနဲ့တဲ့။ အကျိုးနှင့်အကြောင်းနဲ့ဆို လက်ခံသေးတယ်။ ဘာမှလဲ အကြောင်းပြချက်မရှိတော့ တစ်ခုခုတော့ မှားနေတာ သေချာပြီ။ အင်္ဂါမောင်လဲ ကိစ္စမရှိပါဘူး ရပါတယ်လို့ ပြောလိုက်တယ်။
စိတ်ဖိစီးမှုထဲမှာ အဲဒီ နောက်ဆုံးအကြောင်းက အကြီးမားဆုံးဘဲ။ ဦးဏှောက်ကို တကယ် စားစေတယ်။
ဒါပေမဲ့ စိတ်ဆင်းရဲပြီး ဒီအတိုင်းနေလို့ မဖြစ်ဘူး။ အိမ်စာတွေ အက်ဆေးတွေ presentation တွေ အစည်းအဝေးတွေအတွက် ပြင်ဆင်ရဦးမယ်။ ဒီညတော့ မအိပ်တော့ပါဘူး။ အကယ့်ဒမစ် ရီဆာ့ခ်ျအက်ဆေး စာလုံးရေနှစ်ထောင် ပြီးအောင်ရေးရမယ်လေ။
အင်္ဂါမောင်ဘ၀လဲ မလွယ်ဘူးနော်။ ။
.....
Wednesday, 22 July 2009
အသက်ရှည်ချင်ရင်....
Forward mail လေးကတစ်ဆင့်ရရှိထားတဲ့ ကျန်းမာရေးအတွက် မှတ်သားစရာလေးပါ။
အင်္ဂလိပ်စာက အရမ်းရှင်းနေတဲ့အတွက် ဘာသာမပြန်ပေးလိုက်တော့ပါဘူး။ ဥစ္စာကံစောင့် အသက်ဥာဏ်စောင့်ဆိုတဲ့ ဆောင်ပုဒ်အတိုင်း ဥာဏ်ပညာနဲ့ဆင်ခြင်ပြီး နေထိုင်မယ်ဆိုရင် အားလုံးသက်တမ်းစေ့ နေထိုင်နိုင်မှာ သေချာပါတယ်။
အစာစားပြီးတိုင်း အောက်က ၇ ချက်ကို ရှောင်ကြဉ်နိုင်ရင်တော့ အကောင်းဆုံးပါဘဲ။
.........
7 Unsafe Practices After a Meal
1.Smoking: Experiments from experts prove that smoking a cigarette after a meal is comparable to smoking 10 cigarettes (chances of cancer is higher).
2.Eating fruits immediately: Eating fruits immediately after meals will cause the stomach to be bloated with air. Therefore, take fruits 1–2 hours after meal or one hour before meal.
3.Drinking tea: Tea leaves contain a high content of acid. This substance will cause the protein content in the food we consume to be hardened and difficult to digest. If having tea is unavoidable, it is advisable to have tea with a gap of at least 15 minutes.
4.Loosening your belt: Loosening the belt after a meal will easily cause the intestine to be twisted & blocked.
5.Having a bath: Bathing will cause the increase of blood flow to the hands, legs & body, thus the amount of blood around the stomach will decrease. This will weaken the digestive system.
6. Walking: It’s a myth that people always say that walking hundred steps after a meal will help you live till you are 99. But in reality, walking immediately after a meal will cause the digestive system to be unable to absorb the nutrition from the food we intake.
7. Sleeping immediately: The food we intake will not be able to digest properly. Thus will lead to acidity & infection in our intestine.
N.B
Would you like to calculate the amount of calories you consume: http://www.thedailyplate.com/
...
Sunday, 19 July 2009
တေးထပ်စပ်နည်းများ
လွန်ခဲ့တဲ့အပတ်က လန်ဒန်တက္ကသိုလ်ထဲက စာကြည့်တိုက်တစ်ခုကို ရောက်ခဲ့တယ်။ အင်္ဂါမောင်လဲ စာကြည့်တိုက်ဆိုတဲ့အသံကြားရင် သွားချင်တဲ့စိတ်က တားဆီးလို့မရဘူး။ ဒါကြောင့် အတန်းပြီးတဲ့အချိန်မှာ တစ်ယောက်ထဲ စာကြည့်တိုက်ထဲ လျောက်ကြည့်ဖြစ်တယ်။
စာကြည့်တိုက် ကဒ်ကလေး ထုတ်ပေးပြီးသားဖြစ်လို့ စာကြည့်တိုက်ထဲ ၀င်ရတာ အဆင်ပြေပါတယ်။ လျပ်စစ်(ကွန်ပြူတာ)နည်းပညာနဲ့ ပိတ်ထားတဲ့ ဂိတ်ကို ကဒ်ပြားလေး တင်လိုက်ရင် အလိုအလျောက်ပွင့်သွားတာပါဘဲ။ ဘယ်သူ့ကိုမှ အကူအညီတောင်းစရာမလိုတော့ဘူးပေါ့။ ကဒ်ပြားမရှိရင် အကူအညီတောင်းရမယ်၊ အစစ်အဆေးခံရမယ်။ အခန့်မသင့်ရင် ၀င်ခွင့်တောင် ရမှာမဟုတ်ဘူး။
စာကြည့်တိုက်ထဲမှာ တစ်ကမ္ဘာလုံးမှာရှိတဲ့ ဘာသာ(Language)ပေါင်းစုံနဲ့ရေးထားတဲ့ စာအုပ်တွေရှိတယ်။ ဒါပေမဲ့ စာကြည့်တိုက် နဲနဲကြီးတော့ ရှာဖွေရခက်တယ်။ ကွန်ပျူတာနဲ့ ရှာလို့ရပေမဲ့ အင်္ဂါမောင်က စာကြည့်တိုက်ပညာ မရှိသေးတော့ စာကြည့်တိုက် ၀န်ထမ်းကိုဘဲ မေးမြန်းပြီး မြန်မာစာအုပ်ထားရာ စာအုပ်စင်ကို ရောက်သွားပါတယ်။ မြန်မာစာအုပ်တွေ အများကြီးမရှိပေမဲ့ ထိုက်သင့်သလောက်တော့ တွေ့ရပါတယ်။ ဆယ်စုနှစ်များစွာက စာအုပ်တွေများပါတယ်။
မြန်မာစာအုပ်စင် ရောက်ရောက်ချင်းဘဲ စာအုပ်တစ်အုပ်ကို ကောက်ကိုင်မိလိုက်တယ်။ တေးထပ်ပေါင်းချုပ်ကြီးဆိုတဲ့စာအုပ်ဘဲ။ တတိယအကြိမ်ထုတ်ထားတဲ့စာအုပ်ပါ။ ပုံနှိပ်စာတွေ (ကွန်ပြူတာရိုက်မဟုတ်ပါ)ဆိုတော့ စာလုံးတွေက ပြွတ်သိပ်နေတာပါဘဲ။
ဘာဘဲဖြစ်ဖြစ် အဲဒီစာအုပ်ထဲက တေးထပ်စပ်နည်း သုံးပုဒ်ကို အင်္ဂါမောင် ကူးယူခဲ့ပါတယ်။
အဲဒီသုံးပုဒ်ကို တေးထပ်ဝါသနာပါသူများ လေ့လာနိုင်စေဖို့နှင့် အင်္ဂါမောင်အတွက်လဲ မှတ်စုကျန်အောင် တင်ပြပေးလိုက်ပါတယ်။ ။
ရှေးပညာရှိတစ်ဦးရေး တေးထပ်စပ်နည်းဥပဒေကို
အခြေ ကာရန် အခံ အအုပ်နှင့်တကွ ပြဆိုအပ်သော တေးထပ်
*****
တေးထပ်ကို ဥာဏ်ဆလို့၊ ကြံကြတော့ စပ်ပုံ၊
ဆယ့်ရှစ်ပိုဒ်တွေ့ကြုံလျင်၊ အလုံးစုံပြီးမြဲ၊
အစက ခြောက်သုံးချီသည်၊ ဆုံးလေပြီ ခုနစ်နဲ့ဘဲ၊
၏ ၍ ၌ သည် နှင့် ကိုကို၊ သဒ္ဒါလို မှတ်စွဲ၊
အဓိပ္ပါယ် တယ်မလွဲစေနဲ့၊ ကြံခဲလို့ စပ်ပါ၊
စပ်ခြောက်ထွေ သတ်ခြောက်ပါးကိုလ၊ မမှားအောင် သိကြစေရာ၊
ပေါရာဏကထာကို၊ အခါခါဥာဏ်ရှုလို့၊
ဧချင်းစု လင်္ကာတွေ၊ ကျွမ်းကျင်လှစေ၊
တေးထပ်ရိုး သုအခြေကို၊ ဥပဒေ မှတ်ပါကြလေး။ ။
ဆယ့်ရှစ်ပိုဒ်တွေ့ကြုံလျင်၊ အလုံးစုံပြီးမြဲ၊
အစက ခြောက်သုံးချီသည်၊ ဆုံးလေပြီ ခုနစ်နဲ့ဘဲ၊
၏ ၍ ၌ သည် နှင့် ကိုကို၊ သဒ္ဒါလို မှတ်စွဲ၊
အဓိပ္ပါယ် တယ်မလွဲစေနဲ့၊ ကြံခဲလို့ စပ်ပါ၊
စပ်ခြောက်ထွေ သတ်ခြောက်ပါးကိုလ၊ မမှားအောင် သိကြစေရာ၊
ပေါရာဏကထာကို၊ အခါခါဥာဏ်ရှုလို့၊
ဧချင်းစု လင်္ကာတွေ၊ ကျွမ်းကျင်လှစေ၊
တေးထပ်ရိုး သုအခြေကို၊ ဥပဒေ မှတ်ပါကြလေး။ ။
အခြားပညာရှိတစ်ဦးရေး တေးထပ်စပ်နည်း
*****
တေးထပ်စုံ စပ်ပုံပြ၊ မှတ်ကုန်ကြ ညီခင်၊
သုံးချိုးပ မြဲအစဉ်၊ တစ်ချိုးလျင် ခြောက်ပိုင်း၊
အစက ဆနှင့်ချီတယ်၊ ဆုံးအညီ သတ္တနှင့်ဆိုင်း၊
ပိုဒ်အစ ဗျည်းဆတွင်၊ နှစ်ပိုဒ်တွင် သုံးလှိုင်း၊
ဒု တ မှာ ဆုံးချင်းနှိုင်းပါတော့၊ မရိုင်းဘူး စပ်ရာ၊
ထို့နောက်မှာ စတုတ္ထ၊ သုံးလုံးကျ စပ်တော့ သေချာ၊
ပဉ္စမ ပိုဒ်မဟာမှာ၊ အလွတ်သာ မှတ်ကြရော့၊
ဆဋ္ဌနှင့် တွဲအမှီ၊ ခြောက်လုံး အညီ၊
ရှေ့ နှစ်ချိုး စန္ဒီမှာ၊ ဥာဏ်ပလီ ကွန့်နိုင်မှလေး။ ။
*****
တေးထပ်စုံ စပ်ပုံပြ၊ မှတ်ကုန်ကြ ညီခင်၊
သုံးချိုးပ မြဲအစဉ်၊ တစ်ချိုးလျင် ခြောက်ပိုင်း၊
အစက ဆနှင့်ချီတယ်၊ ဆုံးအညီ သတ္တနှင့်ဆိုင်း၊
ပိုဒ်အစ ဗျည်းဆတွင်၊ နှစ်ပိုဒ်တွင် သုံးလှိုင်း၊
ဒု တ မှာ ဆုံးချင်းနှိုင်းပါတော့၊ မရိုင်းဘူး စပ်ရာ၊
ထို့နောက်မှာ စတုတ္ထ၊ သုံးလုံးကျ စပ်တော့ သေချာ၊
ပဉ္စမ ပိုဒ်မဟာမှာ၊ အလွတ်သာ မှတ်ကြရော့၊
ဆဋ္ဌနှင့် တွဲအမှီ၊ ခြောက်လုံး အညီ၊
ရှေ့ နှစ်ချိုး စန္ဒီမှာ၊ ဥာဏ်ပလီ ကွန့်နိုင်မှလေး။ ။
တေးထပ် အခြားတစ်နည်း
*****
*****
တေးထပ်မှန် စပ်ရန်ပြ၊ မှတ်ပါကြ များတကာ၊
စပ်ထာပြ လေးပိုဒ်မှာ၊ ကာရန်လာ နောက်ဆုံး၊
ပဌမ ကာရန်နေကို၊ ဒုတိယေ ဆုံးချလိုက်ဦး၊
တတိယ (ဒု)နှင့်ညီသည်၊ နောက်တစ်လီ မှတ်ထုံး၊
စတုတ္ထီ စပ်လုံးဖို့၊ ထပ်သုံးပ မြဲဧကန်၊
လွဲတစ်ဖန် ကာရန်ပြ၊ ပဉ္စမ (စ)နှင့်ညီပြန်၊
သည့်နောက် ဆဋ္ဌံမှာ၊ ကာရန်လာ တစ်နဲပ၊
အမြဲရ လေးပိုဒ်သာ၊ ထုံးမှတ်လိုက်ပါ၊
အဆုံးသတ် သတ္တမံမှာ၊ ဆန်းကွန့်ဥာဏ် စွမ်းနိုင်မျှလေး။ ။
စပ်ထာပြ လေးပိုဒ်မှာ၊ ကာရန်လာ နောက်ဆုံး၊
ပဌမ ကာရန်နေကို၊ ဒုတိယေ ဆုံးချလိုက်ဦး၊
တတိယ (ဒု)နှင့်ညီသည်၊ နောက်တစ်လီ မှတ်ထုံး၊
စတုတ္ထီ စပ်လုံးဖို့၊ ထပ်သုံးပ မြဲဧကန်၊
လွဲတစ်ဖန် ကာရန်ပြ၊ ပဉ္စမ (စ)နှင့်ညီပြန်၊
သည့်နောက် ဆဋ္ဌံမှာ၊ ကာရန်လာ တစ်နဲပ၊
အမြဲရ လေးပိုဒ်သာ၊ ထုံးမှတ်လိုက်ပါ၊
အဆုံးသတ် သတ္တမံမှာ၊ ဆန်းကွန့်ဥာဏ် စွမ်းနိုင်မျှလေး။ ။
...
Friday, 10 July 2009
Have a trip! စကားကြောင့် လမ်းမဖြောင့်ခဲ့ကြခြင်း
မနက် ၈ နာရီခွဲမှာ တက္ကသိုလ်သွားဖို့ အဆင်သင့်ဖြစ်ပြီ။
အင်္ဂါမောင်တို့အဖွဲ့ တက္ကသိုလ်သွားဖို့ ကျောင်းက အထွက်မှာ ကျောင်းမှာ ကျန်ခဲ့တဲ့ (ဆန်းဒါးလင်းတက္ကသိုလ်မှာတက်မဲ့) ဘုန်းကြီးတစ်ပါးက စကားတစ်ခွန်းပြောလိုက်တယ်။
Have a trip! တဲ့။
အင်္ဂါမောင်ကလဲ ငြိမ်မနေပါဘူး၊ ပြန်ပြောလိုက်ပါတယ်။
"ဟာ ဘုန်းကြီးကလဲ Have a nice day! Have a nice trip တစ်ခုခုပြောရင်တော်သေး၊ Have a trip လို့ တစ်ခါမှ မကြားဖူးပါဘူး"
သူကလဲ ခေါင်းမာသူပီပီ Have fun!! လို့တောင် ရှိသေးတာဘဲ။ Have a trip လို့ပြောရင်လဲ ရလောက်ပါတယ်တဲ့။
သူပြောတဲ့စကားကို အငြင်းမပွါးချင်တာနဲ့ဘဲ အင်္ဂါမောင်တို့အုပ်စု ငြိမ်ငြိမ်ဆိမ်ဆိမ်ထွက်လာခဲ့ကြတယ်။
အချိန်က ကွက်တိတွက်ပြီးသားဆိုတော့ သူနဲ့ အငြင်းပွါးနေရင် အချိန်ကုန်သွားမှာ စိုးရိမ်ရတယ်လေ။
ကျောင်းက ၈ နာရီခွဲထွက်မယ်။ Hounslow west station ကို ခြေချင်လျောက်ရင် ၁၅ မိနစ်လောက်ကြာမယ်။
Hounslow west ဘူတာကနေ Russell Square ဘူတာထိ မြေအောက်ရထားစီးရင် မိနစ် ၅၀ လောက်ကြာမယ်။ Russell Square ဘူတာကနေ လန်ဒန်တက္ကသိုလ်ထိဆိုရင် ၁၀ မိနစ်လောက် ထပ်လျောက်ရမယ်။ ရထားစောင့်ရမဲ့အချိန်ပါ ထပ်ပေါင်းလိုက်ရင်တော့ အသွားသက်သက် တစ်နာရီခွဲလောက် ကြာမယ်။
ဒါကြောင့်မို့ ကျောင်းကနေ မနက် ၈ နာရီခွဲထွက်ရင် တက္ကသိုလ်ကို ၁၀ နာရီကွက်တိရောက်မယ်။ ၁၀ နာရီတိတိမှာ အတန်းစမယ်ဆိုတော့ အားလုံးကွက်တိပေါ့။ ဒီနေ့က ဒီတစ်ပတ်ရဲ့  နောက်ဆုံးနေ့ဆိုတော့ စာမေးပွဲရှိတယ်။ ဖြေဆိုချိန် ၂ နာရီ၊ စာလုံးရေ ၅၀၀ တဲ့။ ၁၀ နာရီက ၁၂ နာရီအထိဖြေရမှာ။
အင်္ဂါမောင်တို့အုပ်စု Hounslow ဘူတာကနေပြီး မြေအောက်ရထားကိုစီးပါတယ်။ ဖြစ်ချင်တော့ ရထားက Russell Square မရောက်ခင် Knightsbridge ဘူတာမှာ သောင်တင်နေပါတော့တယ်။ ရှေ့ ဆက်မသွားတော့ဘူးတဲ့။ အရေးပေါ် Engineer works ရှိလို့ ဆိုဘဲ။ အဲဒါမှ ဒုက္ခ။ Ressell Square ဘူတာရောက်ဖို့က ခုနစ်ဘူတာလောက်လိုသေးတယ်။
နာရီကြည့်လိုက်တော့ ကိုးနာရီခွဲနေပြီ။ မတတ်နိုင်ဘူး။ တက္ကသိုလ်ကို အချိန်မီ မရောက်တော့မှာတော့ သေချာသွားပြီ။ အရေးကြီးတာက တက္ကသိုလ်ကို ဘယ်လို သွားရမယ်ဆိုတာကို အရင်စုံစမ်းဖို့ဘဲ။ အင်္ဂါမောင်တို့ မြေအောက်က ထွက်ပြီး ဘူတာမှာရှိတဲ့ ၀န်ထမ်းကို မေးမြန်းရတယ်။ လန်ဒန်တက္ကသိုလ်ကို ဘယ်လို သွားရမလဲပေါ့။ နံပါတ် ၁၀ ကားကို စီးသွားပြီး Russell Square မှာ ဆင်းပါတဲ့။
ဒါနဲ့ဘဲ နံပါတ် ၁၀ ကားမှတ်တိုင်ကို လိုက်ရှာကြရတယ်။ မှတ်တိုင်ရှာရတာကလဲ အချိန်ကြာ၊ မှတ်တိုင်တွေ့ပြီး ဘတ်စ်ကား စောင့်ရတာကလဲ အချိန်ကြာဆိုတော့ အဲဒီနေရာမှာတင် ၁၀ နာရီထိုးသွားတယ်။ အမှတ် ၁၀ ဘတ်စ်ကားဝင်လာတဲ့အခါ တက်စီးလိုက်ကြတယ်။ ဘတ်စ်ကားကလဲ Traffic မိနေလို့ လိပ်သွားသလောက်ဘဲ မြန်တယ်။ အရေးကြီးတဲ့နေ့မှ အရာအားလုံးက နှေးကွေးနေတယ်။
အဆိုးဆုံးကတော့ အဲဒီ ဘတ်စ်ကားကလဲ ဂိတ်ဆုံးထိ မပြေးတော့ဘူးတဲ့။ အရေးပေါ်အနေနဲ့ လမ်းတစ်ဝက်မှာဘဲ ရပ်ထားလိုက်တယ်။ Warren Street ဆိုတဲ့ မြေအောက်ဘူတာနားမှာ terminate ဖြစ်သွားတယ်။ ဘူတာဝန်ထမ်းတွေကို မေးမြန်းပြန်ရတယ်။ လန်ဒန်တက္ကသိုလ်ကို ဘယ်လိုသွားရမလဲပေါ့။ လမ်းလျောက်လို့သာ သွားပေတော့၊ ၁၅ မိနစ်လောက်လျောက်ရင် ရောက်ပြီတဲ့။ အင်္ဂါမောင်တို့လဲ ဟိုမေးဒီမေးနဲ့ လမ်းလျောက်လာပြီး တက္ကသိုလ်ကို ၁၁ နာရီတိတိမှာမှ ရောက်သွားတယ်။
အတန်းထဲရောက်တော့ ကျောင်းသားတွေ စာမေးပွဲဖြေတာ တစ်နာရီတိတိရှိနေပြီ။ အင်္ဂါမောင်လဲ ကမန်းကတန်းနဲ့ဘဲ စာမေးပွဲကို ရောဖြေလိုက်ရတယ်။ ၁၂ နာရီမှာ စာမေးပွဲက ပြီးသွားတယ်။ သူများတွေ ပြီးတော့ အင်္ဂါမောင်လဲ ပြီးလိုက်ရတာပေါ့။ နှစ်နာရီမေးခွန်းလွှာကို တစ်နာရီထဲနဲ့ ဖြီးဖြန်းနိုင်လိုက်တာကိုဘဲ ကိုယ့်ကိုကိုယ် ကြံဖန်ချီးကျူးမိလိုက်တယ်။
အပေါ်ကပြောခဲ့တဲ့ Have a trip! ဆိုတဲ့ ဘုန်းကြီးတစ်ပါးရဲ့ စကားက တကယ်ကို အင်္ဂါမောင်တို့အတွက် Trip အသေးစားလေး ဖြစ်သွားခဲ့ပါတယ်။ မရောက်ဖူးတဲ့နေရာ၊ မစီးဘူးတဲ့ ဘတ်စ်ကားစီးပြီး မမြင်ဖူးတဲ့ ရှုခင်းတွေကို ကြည့်ခဲ့ရပါတယ်။ ဒါပေမဲ့ Nice ဆိုတဲ့ စကားမပါတဲ့အတွက် စာမေးပွဲဖြေချိန် တစ်နာရီတိတိနစ်နာခဲ့ရတာကတော့ အခြေအနေကို ဆိုးရွားစေပါတယ်။
တစ်ချို့ ပုဂ္ဂိုလ်တွေဟာ တကယ်ကို အာစက်လျာစက်မိတတ်ကြပါတယ်။
ဒါကြောင့်မို့ အလုပ်တစ်ခုအတွက်နဲ့ အချိန်တိုင်ပင်ကိုက်ပြီး သွားတဲ့သူတွေကို မလိုအပ်ဘဲ Have a trip ဆိုတဲ့စကားကို လွယ်လွယ်ကူကူ မပြောမိကြစေဖို့ သင်ခန်းစာပေးလိုက်ရကြောင်းပါ။
....
Thursday, 9 July 2009
Academic အင်္ဂလိပ်စာဆိုတာ....
အင်္ဂလိပ်စာ သင်လာတာလဲ အတော်လေးကြာလာခဲ့ပါပြီ။ အင်္ဂလိပ်လို ဖြေဆိုရတဲ့ စာမေးပွဲကိုလဲ အကြိမ်ကြိမ် နွှဲခဲ့ပြီးပါပြီ။ ဒါပေမဲ့ အင်္ဂလိပ်စာရဲ့  သဘောအကြောင်းအရာကို သိပ်မသိသေးပါဘူး။ အထူးအားဖြင့်တော့ Academic research paper ရေးသားခြင်းကိုပါဘဲ။
မြန်မာနိုင်ငံမှာ နေစဉ်တုန်းက အင်္ဂါမောင်တို့ရဲ့  မာစတာ Thesis တွေကို research သဘောမပါဘူး။ academic မဖြစ်ဖူးဆိုပြီး မကြာမကြာ အပြောခံခဲ့ရဖူးပါတယ်။
အင်္ဂလန်ရောက်ခါစကလဲ အင်္ဂလိပ်ကျောင်းတက်ပြီး အင်္ဂလိပ်စာကို လေ့လာပါတယ်။ ကျောင်းမှာ academic ဖြစ်အောင် ဘယ်လို ရေးရမယ်ဆိုတာကို ကျကျနနမသင်ပေးပါဘူး။ စာအုပ်ထဲပါတဲ့အတိုင်း သင်ပေးတာပါဘဲ။ textbook ကိုကြည့်ပြီး Guide လုပ်ပေးရုံလောက်ပါဘဲ။ စာအုပ်ထဲမှာပါတဲ့ phrasal verb တွေ၊ စကားလုံးတွဲတွေကိုသင်ပေးပါတယ်။ ဒါကြောင့်မို့လဲ အင်္ဂါမောင်တို့ စိတ်ထဲမှာ စကားလုံးအတွဲတွေ phrasal verb တွေ usage တွေကို များများသုံးနိုင်ရင် academic ဖြစ်ပြီလို့ ထင်နေခဲ့တယ်။ ielts ကိုလဲ အဲဒီပုံစံနဲ့ ဖြေဆိုခဲ့တာပါ။
အခု တက္ကသိုလ်ရောက်တော့ ဆရာမတွေကို မေးကြည့်ဖြစ်တယ်။
Academic writing ဆိုတာ ဘယ်လိုရေးနည်းကို ခေါ်တာလဲလို့။
အဖြေလေးကို ကြည့်လိုက်ပါဦး။
academic writing မှာ
phrasal verb တွေကို မသုံးရဘူး။
idiomatic english တွေကိုလဲ မသုံးရဘူး။
slang နှင့် jorgon တွေဆို ဝေလားဝေးဘဲတဲ့။
အများသိပြီးဖြစ်တဲ့ phrasal verb ဆိုရင်တော့ Ok ပါတယ်တဲ့။ ယုတ်စွအဆုံး get ဆိုတဲ့ စာလုံးကိုတောင် academic မှာ မသုံးရဘူးတဲ့။ get ဆိုတဲ့ စာလုံးဟာ slang စကားလုံးဖြစ်တယ်တဲ့။ get အစား obtain, recieve, earn, gain, acquire စတာတွေကိုဘဲ သုံးရမယ် ဆိုပြီး စိတ်ရှည်လက်ရှည်ရှင်းပြပေးပါတယ်။ ပြီးတော့ personal case, stereotyping တို့ကိုလဲ ဝေးဝေးကသာ ရှောင်ပေတော့လို့ ထပ်လောင်း ရှင်းပြပေးပါတယ်။
နောက်ပြီးတော့ academic ဖြစ်ချင်ရင် academic ဖြစ်တဲ့ စာအုပ်တွေကို များများဖတ်တာ အကောင်းဆုံးပါဘဲတဲ့။
သူတို့စာပေတွေကလဲ ကြာလေရှုပ်လာလေလေပါဘဲ။ ။
......
Wednesday, 8 July 2009
စားသောက်ဆိုင်သို့
ဒီနေ့က ဗုဒ္ဓဟူးနေ့။
ဗုဒ္ဓဟူးနေ့တိုင်းမှာ နေ့လည်ပိုင်း အတန်းမရှိပါဘူး။ သူတို့ သတ်မှတ်ချက်က ကျောင်းတက်ချိန် တစ်ပတ်ကို ၁၈ နာရီပါ။ တစ်ရက်ကို လေးနာရီတက်ရတယ်။ မနက်ပိုင်းမှာ နှစ်နာရီ နေ့လည်ပိုင်းမှာ နှစ်နာရီပါ။ တစ်ပတ်မှာ ငါးရက်တက်ရတာဆိုတော့ ငါးလေးလီ နှစ်ဆယ်ဖြစ်သွားတယ်လေ။ ဒါကြောင့် တစ်ပတ်ရဲ့ အလယ်နေ့ဖြစ်တဲ့ ဗုဒ္ဓဟူးနေ့ နေ့လည်ပိုင်း မှာ အနားယူကြပါတယ်။ အဲဒါဆို တစ်ပတ် ၁၈ နာရီ ကွက်တိဘဲ မဟုတ်လား။
အင်္ဂါမောင်တစ်ယောက် မနက်ပိုင်းအတန်းပြီးဆုံးပြီဖြစ်တဲ့အတွက် အတန်းဖော်တွေကို နှုတ်ဆက်ပြီး ကျောင်းကို ပြန်ဖို့ တစ်ခြားအတန်းက အတူနေသူငယ်ချင်းနှစ်ပါးကို တက္ကသိုလ်ရှေ့ မှာ စောင့်နေခဲ့တယ်။ သူငယ်ချင်းတွေလဲ ရောက်လာရော ပြန်ကြမယ်ဆိုပြီး တက္ကသိုလ်ထဲက ထွက်လာခဲ့တယ်။ အဲဒီအချိန်မှာ နောက်က အင်္ဂါမောင်ကို ခေါ်နေတဲ့အသံ ကြားလို့ လှည့်ကြည့်လိုက်တော့ အတန်းဖော် ထိုင်းသူလေးကို တွေ့လိုက်ရတယ်။
အတန်းဖော်တွေ အားလုံးနဲ့အတူ ကိုရီးယားစားသောက်ဆိုင်တစ်ခုမှာ အတူသွားကြမယ်၊ လိုက်မလား တဲ့။ စားသောက်ဆိုင်က တော့တင်ဟမ်ကုတ် ဆိုတဲ့ မြေအောက်ဘူတာရုံနားမှာတဲ့။ သူ့မျက်နှာကို ကြည့်လိုက်တော့ လိုက်စေချင်တဲ့ပုံပေါက်နေတယ်။ ဒါနဲ့ အင်္ဂါမောင်လဲ သူငယ်ချင်းနှစ်ပါးကို နှုတ်ဆက်ပြီး အတန်းဖော်လေးတွေနဲ့ ခြေလျင်ခရီး ၁၅ မိနစ်လောက် လမ်းလျောက်ပြီး A.S.S.A ဆိုတဲ့ ကိုရီးယားစားသောက်ဆိုင်ကို ချီတက်လာခဲ့ကြပါတယ်။
ကိုရီးယားဆိုင်ရောက်တော့ အစားအသောက်တွေ မှာစားကြပါတယ်။ အင်္ဂါမောင်ကတော့ အပေါ်မှာ မြင်ရတဲ့ ကိုရီးယားထမင်းနှင့် Squid ဆိုတဲ့ ပင်လယ်စာတစ်မျိုးကို မှာစားလိုက်တယ်။ အစားအသောက်က ပူ၊ ငရုပ်သီးကစပ်၊ ရာသီဥတုကလဲ အိုက်စပ်စပ်၊ အင်္ဂါမောင့်ကိုယ်မှာလဲ အ၀တ်အစားတွေ အထပ်ထပ်နဲ့ဆိုတော့ ချွေးတွေ အရမ်းထွက်ပါတယ်။
အတူသွားပြီး စားသောက်ကြတဲ့သူတွေကတော့ အင်္ဂါမောင်ရယ်၊ ဂျပန်သူလေးရယ်၊ ထိုင်းသူလေးရယ်၊ ဂျာမနီသူလေးရယ်၊ ထိုင်ဝမ်သူနှစ်ယောက်ရယ်၊ စုစုပေါင်း ၆ ယောက်ပါ။ ဗိုက်မဆာပေမဲ့ ဗဟုသုတရဖို့နဲ့ မိတ်ဖြစ်ဆွေဖြစ် လိုက်ပြီး စားသောက်ခဲ့တာပါ။ တစ်နေရာထဲ ထိုင်နေရတာ ပျင်းစရာကောင်းတယ်မဟုတ်လား။
စားသောက်ပြီးတော့ အနောက်တိုင်း ထုံးစံအတိုင်း ကိုယ်စားတဲ့ဟာ ကိုယ်တာဝန်ယူပြီး ရှင်းကြပါတယ်။ အင်္ဂါမောင်စားတဲ့ တန်ဖိုးကတော့ လေးပေါင်ခွဲပါ။ ပျော်စရာကောင်းပါတယ်။ ပူအိုက်တာက လွဲရင်ပေါ့။
သူတို့ကပြောသေးတယ်။ အင်္ဂါမောင်ရဲ့  အ၀တ်အစားကို ကြည့်ပြီး ပူအိုက်ရင် ချွတ်ထားလိုက်ပါလားတဲ့။ ဘုရားရေ။ ဒုက္ခ။ ဟုတ်တယ်လေ။
သူတို့က အကျီ င်္လက်ပြတ်နှင့် စကတ်ကလေးတွေကို သက်သက်သာသာ ၀တ်ထားကြတယ်။ သူတို့ကြားထဲမှာ အင်္ဂါမောင့်ခန္ဓာကိုယ်ကတော့ ကောက်ညှင်းထုပ် ထုပ်ပိုးထားသယောင်ယောင်ရယ်လေ။ စားသောက်လို့ အပြီးမှာတော့ အားလုံးလမ်းခွဲလိုက်ကြတယ်။ ကိုယ့်လမ်းကိုယ်ပြန်ကြရုံဘဲပေါ့။
ဒါပေမဲ့ ဂျပန်မလေးက တက္ကသိုလ်ကို ပြန်သွားချင်တယ်။ အလာလမ်းကို မမှတ်မိတော့ဘူးဆိုလို့ အင်္ဂါမောင်လဲ လူတတ်လုပ်ပြီး ဂျပန်မလေးနဲ့အတူ တက္ကသိုလ်ကို ပြန်လာခဲ့ပါတယ်။ ဖြောင့်ဖြောင့်တန်းတန်းတော့မဖြစ်ခဲ့ပါဘူး။ လမ်းမှာ နှစ်ခါမေးမြန်းလိုက်ရတယ်။ နောက်တစ်ခါဆိုရင်တော့ မှတ်မိသွားပါပြီ။ ဂျပန်မလေးက ပြောတယ်။ မင်းပါလာလို့ ငါအသက်ရှူချောင်သွားတယ်၊ တစ်ယောက်ထဲဆို ဘယ်လို သွားရမှန်းမသိဘူးတဲ့။
တစ်ခါတစ်ခါတော့လဲ မသိတဲ့သူကို မတတ်တဲ့သူက ဆရာလုပ်ရတာ အရသာရှိတယ်နော်။
..........
Subscribe to:
Posts (Atom)