စုပေါင်း ပြုလုပ်ကြတဲ့ ကုသိုလ်ကောင်းမှုတွေကို
မယ်တော်ကြီး ရောက်ရာဘုံဘ၀က သာဓုခေါ်ဆိုနိုင်ပါစေ။
၁၆ နှစ်ဆိုတာ ခဏလေးလိုပါပဲ။
မွေးကျေးဇူး ကျွေးကျေးဇူးတွေကို နေ့စဉ်နဲ့အမျှ အောက်မေ့အမှတ်ရနေလျှက်ပါ။
ဘယ်တော့မှလဲ မေ့မှာ မဟုတ်ပါဘူး။
ထာဝရအမေ
ထာဝရမယ်တော်ကြီးပါပဲ။
အဲဒီ ဘီးကြီးပေါ့။ ၀င်ရိုးတွေ ထောက်တိုင်တွေ ပဋိစ္စသမုပ္ပါဒ် မပြတ်သေးသမျှ ဂျတ်အေး သူ့အမေရိုက်သလို...
Wednesday, 2 November 2016
Saturday, 14 November 2015
မယ်တော်ကြီးနှစ်ပတ်လည်
ဘာလိုလိုနဲ့ မယ်တော်ကြီးဆုံးသွားတာ ဒီနေ့ (၁၃၊၁၁၊၂၀၁၅) ဆို ၁၅ နှစ် တင်းတင်း ပြည့်ခဲ့ပြီကော။ ၁၅ နှစ်ဆိုတဲ့ နှစ်ကာလဟာ ခဏလေးနဲ့ ကုန်ဆုံးသွားသလိုလိုပါဘဲ။ ဆုံးပြီးချင်း လူ့ဘ၀ ပြန်ရခဲ့ရင် ၁၅ နှစ်သား/သမီး အရွယ် ရှိရောပေါ့။ နေ့စဉ်နဲ့အမျှ အမှတ်ရနေပြီး နေ့စဉ်နေ့တိုင်းဘဲ မယ်တော်ကြီးနာမည်ကို ခေါ်ပြီး အမျှဝေပေးနေလျှက်ပါဘဲ။
ဒီနေ့ဆို ရန်ကုန်က ညီမောင်ကတော့ ရွာကို ခဏပြန်သွားပြီး နှစ်စဉ်ပြုလုပ်နေကျ မယ်တော်ကြီး နှစ်ပတ်လည် ကုသိုလ်ပြုအမျှဝေပွဲကို လုပ်နေလေရဲ့။ ကိုယ်တိုင်ကတော့ အဝေးရောက်နေတော့ လူအားဖြင့် မလိုက်ပါနိုင်ဘူးပေါ့။ သားဦးဇင်းတွေနဲ့တကွ မိသားစုဝင်တွေရဲ့ ကုသိုလ်ကောင်းမှုတွေကို မယ်တော်ကြီး သာဓုခေါ်ဆိုနိုင်မယ်ဆိုတာ ယုံကြည်ပါတယ်။
Water Aid ကို လစဉ် နိုင်သလောက် ကုသိုလ်ပြုထားပါတယ်။
British Red Cross ကိုလဲ လစဉ်နိုင်သလောက် ကုသိုလ်ထည့်ဝင်ထားပါတယ်။
Action Medical Research for Children ကိုလဲ မကြာမကြာ အလှူထည့်ဝင်ဖြစ်ပါတယ်။
တခြားပရဟိတအသင်းအဖွဲ့များကိုလဲ တနိုင်တပိုင် ပေးလှူဖြစ်ပါတယ်။
ဒီနေ့မှာလဲ ကူညီကယ်ဆယ်ရေး ပရဟိတအသင်းတွေက အလှူခံစာတွေ ရောက်လာလို့ နိုင်သလောက် ထည့်ဝင် ပေးပို့ လှူဒါန်းထားပါတယ်။
စားဝတ်နေရေး ကျန်းမာရေးစတဲ့ အဓိကအရေးတွေ ဖြေရှင်းပေးနေကြတဲ့ ပရဟိတ အဖွဲ့အစည်းတွေမို့ လှူရတာ အကျိုးရှိပါတယ်။
သားဦးဇင်းပြုလုပ်ခဲ့တဲ့ ကုသိုလ်တွေ အားလုံးကို မယ်တော်ကြီးအား အမျှပေးဝေပါတယ်။ မယ်တော်ကြီး ရောက်ရာဘ၀ ဘုံဌာနအရပ်က သာဓုခေါ်ဆိုနိုင်ပြီး အမျှရနိုင်ပါစေ။
ရောက်ရာဘ၀ ဖြစ်ရာဘ၀မှာ..
စားဝတ်နေရေး အဆင်ပြေပါစေ။
အငတ်ဘေးနဲ့ မကြုံတွေ့ပါရစေနဲ့။
ကျန်းမာရေး ကောင်းမွန်ပါစေ။
ကောင်းမွန်တဲ့ ရသင့်ရထိုက်တဲ့ ကုသိုလ်ရဲ့ အကျိုးတွေ ရယူနိုင်ပါစေ။
အများအကျိုး သန့်ရှင်းစွာ ဆောင်ရွက်နိုင်ပြီး ဗုဒ္ဓဘာသာရဲ့ ပန်းတိုင်ဖြစ်တဲ့ အမတပြည်သို့ လျှောက်လှမ်းနိုင်ပါစေ။
.
Sunday, 14 December 2014
Saturday, 6 December 2014
သက္ကရာဇ်ရေတွက်ပုံ
ဆရာတော် ဦးကေတု ရေးသားတော်မူခဲ့တဲ့ အနေကဇာဋီကာ စာအုပ်ကလေးထဲက သက္ကရာဇ် ရေတွက်ပုံလေးတွေကို အလွယ်တကူသိရအောင် တင်ပေးလိုက်ပါတယ်။ ဦးဇင်းကိုယ်တိုင်အတွက်လဲ မှတ်တမ်းသဘောပေါ့။ သိသလိုလို ရှိနေပေမဲ့ သေချာမှုမရှိတော့ ယောင်ဝါးဝါး ဖြစ်တတ်လို့ပါ။ လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်ရာခန့်က ရေးသားခဲ့တဲ့ စာတွေဆိုတော့ နဲနဲတော့ ဖတ်ရခက်ကောင်း ခက်ပါလိမ့်မယ်။ ဒါပေမဲ့ ကောင်းကောင်း နားလည်နိုင်ပါတယ်။ မူကွဲလေးတွေရှိရင်လဲ တိုက်ဆိုင်ကြည့်ဖို့ အဆင်ပြေတာပေါ့။
.
Tuesday, 25 November 2014
အလှူငွေများ လွှဲပြီးခြင်း
ပဲခူးတိုင်း ရေတာရှည်မြို့နယ် ထန်းတောကျေးရွာ မူလတန်းကျောင်း ပြင်ဆင်နိုင်ရန်အတွက် ဗြိတိန်နိုင်ငံမှ လက်ခံရရှိသော အလှူငွေများကို ယနေ့ မြန်မာနိုင်ငံသို့ လွှဲပြီး ဖြစ်ပါသည်။ အလှူငွေနှင့် အလှူရှင်များ စာရင်းမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
အရှင်ဇနက (အင်္ဂါမောင်)...... ..................စတာလင်ပေါင် ၅၅ ပေါင်
ကိုကိုမောင် (ပန်းရနံ့)...............................စတာလင်ပေါင် ၅၀ ပေါင်
ဒေါ်ခင်မြမျိုးဆင့် မိသားစု..........................စတာလင်ပေါင် ၁၀၀ ပေါင်
မောင်ကျော်+မိုးငယ် မိသားစု...................စတာလင်ပေါင် ၅၀ ပေါင်
ဦးစိန်ဝင်း+ဒေါ်ဆွေဆွေဝင်း မိသားစု...... .စတာလင်ပေါင် ၅၀ ပေါင်
ဦးတင်အောင် မိသားစု.............................စတာလင်ပေါင် ၄၅ ပေါင်
.....
စုစုပေါင်း ................................................စတာလင်ပေါင်ငွေ ၃၅၀ ပေါင် တိတိ။
ယနေ့ပေါက်ဈေး စတာလင်တစ်ပေါင်လျှင် မြန်မာကျပ်ငွေ ၁၆၀၀ (တစ်ထောင့်ခြောက်ရာကျပ်) နှုန်းဖြင့် လွှဲလိုက်ပါသည်။ ထို့ကြောင့် (၃၅၀x၁၆၀၀-၅၆၀၀၀၀) မြန်မာကျပ်ငွေ ၅၆၀၀၀၀ (ငါးသိန်းခြောက်သောင်းကျပ်)တိတိ ထုတ်ယူရမည် ဖြစ်ပါသည်။
အလှူရှင်အပေါင်းလဲ ပညာပါရမီရင့်သန်နိုင်ဖို့ အထောက်အပံ့ကောင်း ဖြစ်ပါစေ။
မုဒိတာအဖွဲ့ဝင်များလဲ ဆက်လက်ပြီး ပရဟိတလုပ်ငန်းများကို ညီညွတ်စွာ စုပေါင်းဆောင်ရွက်နိုင်ကြပါစေ။
ကျောင်းသူကျောင်းသား ကလေးသူငယ်များလဲ စာပေကို ကြိုးစားသင်ယူနိုင်ပြီး အနာဂါတ်ရဲ့ ပညာတတ် ပညာရှိ သူတော်ကောင်း သူရဲကောင်းများ အသီးသီး ဖြစ်နိုင်ကြပါစေ။
အရှင်ဇနက (အင်္ဂါမောင်)
၂၅.၁၁.၂၀၁၄ အင်္ဂါနေ့ ၁၃း၅၇ နာရီ)
Monday, 14 July 2014
ထန်းတောအမကပြုပြင်ရန်အတွက် အလှူရှင်များနှင့်အလှူငွေစာရင်း
ပဲခူးတိုင်း ရေတာရှည်မြို့နယ် ထန်းတောကျေးရွာ မူလတန်းကျောင်း ပြင်ဆင်နိုင်ရန်အတွက် ဗြိတိန်နိုင်ငံမှ လက်ခံရရှိသော အလှူငွေစာရင်းကို အလှူရှင်များနှင့်မုဒိတာရှင်များ မုဒိတာပွါးနိုင်စေရန် တင်ပြပေးလိုက်ပါသည်။
အရှင်ဇနက (အင်္ဂါမောင်)...... ..................စတာလင်ပေါင် ၅၅ ပေါင်
ကိုကိုမောင် (ပန်းရနံ့)...............................စတာလင်ပေါင် ၅၀ ပေါင်
ဒေါ်ခင်မြမျိုးဆင့် မိသားစု..........................စတာလင်ပေါင် ၁၀၀ ပေါင်
မောင်ကျော်+မိုးငယ် မိသားစု...................စတာလင်ပေါင် ၅၀ ပေါင်
ဦးစိန်ဝင်း+ဒေါ်ဆွေဆွေဝင်း မိသားစု...... .စတာလင်ပေါင် ၅၀ ပေါင်
ဦးတင်အောင် မိသားစု.............................စတာလင်ပေါင် ၄၅ ပေါင်
.....
စုစုပေါင်း ................................................စတာလင်ပေါင်ငွေ ၃၅၀ ပေါင် တိတိ။
အလှူရှင်အပေါင်းလဲ ပညာပါရမီရင့်သန်နိုင်ဖို့ အထောက်အပံ့ကောင်း ဖြစ်ပါစေ။
မုဒိတာအဖွဲ့ဝင်များလဲ ဆက်လက်ပြီး ပရဟိတလုပ်ငန်းများကို ညီညွတ်စွာ စုပေါင်းဆောင်ရွက်နိုင်ကြပါစေ။
ကျောင်းသူကျောင်းသား ကလေးသူငယ်များလဲ စာပေကို ကြိုးစားသင်ယူနိုင်ပြီး အနာဂါတ်ရဲ့ ပညာတတ် ပညာရှိ သူတော်ကောင်း သူရဲကောင်းများ အသီးသီး ဖြစ်နိုင်ကြပါစေ။
အရှင်ဇနက (အင်္ဂါမောင်)
လန်ဒန်
(၁၄.၀၇.၂၀၁၄ တနင်္လာနေ့ ၁၄း၅၇ နာရီ)
.
Sunday, 1 June 2014
ပြိုင်တွန်းလျှင် ရွေ့ နိုင်ပါသည် တဲ့။
" ပညာမြင့်မှ လူမျိုးတင့်မည်" ဆိုတဲ့ ဆိုရိုးစကားအတိုင်း တိုင်းပြည်တစ်ခုရဲ့ အနာဂတ် သာယာလှပဖို့အတွက်ဆိုရင် ရေရှည် စီမံကိန်းနဲ့ သေချာချမှတ်ဆောင်ရွက်ထားတဲ့ ညာရေးစနစ်တွေ ခိုင်ခိုင်မာမာရှိဖို့ လိုအပ်ပါတယ်။ လက်ရှိ မြန်မာနိုင်ငံရဲ့ အနေအထားက တိုင်းပညာရေးနဲ့ ခရိုင်ပညာရေး ကွာခြားမှု၊ ခရိုင်နဲ့ မြို့နယ်ပညာရေး ကွာခြားမှု၊ မြို့နယ်နဲ့ ကျေးလက်ဒေသပညာရေးကွာခြားမှုတို့က မတန်တဆ ခြားနားနေတာဟာ ဒီနိုင်ငံရဲ့ အနာဂတ်အတွက်တော့ ရင်လေးစရာပါ။ အထူးသဖြင့် မြို့ပြဒေသတွေမှာ စာသင်ကျောင်းတွေ ၊ အထူးသဖြင့် ပုဂ္ဂလိကကျောင်းတွေ တန်းစီ ပြည့်နှက်နေချိန်တွေမှာ ကျေးလက်က ကလေးတွေအတွက် ကျောင်းတက်စရာ ကောင်းကောင်းမရှိ၊ ဆရာ/ဆရာမတွေ လုံလုံလောက်လောက် မရှိတာတွေဟာ မဖြစ်သင့်တဲ့ အနေအထားပါ။ ပုဂ္ဂလိက ကျောင်းတွေ ထွက်ပေါ်လာတာဟာ ၀မ်းမြောက်စရာကောင်းပေမဲ့ ဒီနေ့ လူငယ်အများစု၊ ကျောင်းသားမိဘ အများစုဟာ အစိုးရပညာရေးစနစ်ကိုပဲ အဓိကအားကိုးနေရတယ်ဆိုတာကို မမေ့ပစ်သင့်ပါဘူး။အသေချာဆုံး တစ်ခုကတော့"ငါ့သားတစ်ယောက်တည်း စာတတ်နေယုံနဲ့ ဒီနိုင်ငံ ပြောင်းလဲတိုးတက်သွားမှာ မဟုတ်ပါဘူး"..။
အခုလည်း ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်ခရိုင်၊ ထန်းတောကျေးရွာ ထန်းတော အ.မ.ကရဲ့ အခက်အခဲတစ်ခုကို တင်ပြပါရစေ။ ကျောင်းသား/ကျောင်းသူ စုစုပေါင်း ၁၉၀ ကျော်ရှိပြီး ဒီအစိုးရကျောင်းကြီးဟာ ပေ(၁၄၀ x ၂၀ ) ရှိပါတယ်။ ကျောင်းဆောင်ကြီးဟာ အမိုးတစ်ဝက်သာရှိပြီး အကာလုံးဝမရှိတဲ့ ( ၆)မိုးရှိခဲ့ပါပြီ။ မိုးရွာတဲ့အခါ စာသင်ခန်းထဲသို့ ရေတွေဝင်ပြီး ကလေးငယ်များက အိမ်မှ ဂုန်နီအိတ်များ၊ ဖင်ထိုင်ခုံများကို ယူပြီး ၀င်လာသောရေများပေါ် ထိုင်ကာ စာသင်ကြရပါတယ်။ မိုးသည်းလာတဲ့အခါ စာလုံးဝ ဆက်သင်လို့ မရတော့ပဲ ဆရာ၊ ဆရာမများက သူတို့နေရန် ကျေးရွာမှ စီစဉ်ပေးထားသော အိမ်သို့ခေါ်ယူကာ သင်ကြားပေးရပါတယ်။ ထိုအခါ ကလေးငယ်များက ဆရာ၊ ဆရာမတို့ရဲ့ အိမ်မှုကိစ္စများကို ၀ိုင်းကူလုပ်ပေးကြရပြီး ကျောင်းသားမိဘများ သိရှိတဲ့အခါ ကျောင်းသားမိဘများနဲ့ အဆိုပါ ဆရာ၊ ဆရာမများကြား ပြသနာအဖုအထစ်တွေ ဖြစ်လာပြီး ယခုပညာသင်နှစ် ကလေးတွေက မိုးထဲရေထဲမှာပဲ ဇာတ်သိမ်းရမဲ့ အနေအထားဖြစ်နေပါတယ်။
ပြုပြင်ပေးဖို့ လိုအပ်နေတဲ့ ထန်းတော အခြခံပညာမူလတန်းကျောင်း
ဘာ့ကြောင့်ပြုပြင်ပေးဖို့ လိုအပ်သလဲ
၁၉၇၃ခုနှစ်မှ စတင်ခဲ့တဲ့ အဆိုပါကျောင်းမှ နှစ်စဉ်အခြေခံပညာ အလယ်တန်းကျောင်းနှင့် အထက်တန်းကျောင်းသို့ တက်ရောက် ပညာသင်ကြားနေသော ကျောင်းသား/ကျောင်းသူ (၃၅)ဦး ၀န်းကျင်ခန့်ရှိပါတယ်။ ထန်းတောကျေးရွာ၊ ဇရပ်ကွင်းကျေးရွာ၊ ထန်းပင်ကောက်ကျေးရွာ၊ ကံရွာကျေးရွာ စတဲ့ ရွာပေါင်း (၇)ရွာမှ ကလေးငယ်များ စုပေါင်းသင်ကြားရခြင်းဖြစ်ပြီး အဆိုပါဝန်းကျင်တွင် ထန်းတောကျောင်းတစ်ကျောင်းတည်းသာ ရှိနေတာဖြစ်ပါတယ်။ ဒီကျောင်းလေးကို ပြုပြင်ပေးလိုက်ပြီး အဆိုပါ ကျောင်းမှ ကျောင်းသားတစ်ယောက်ဟာ နောင်တစ်ချိန်မှာ နိုင်ငံအတွက် အားကိုးအားထားပြုရမည့် ခေါင်းဆောင်တစ်ယောက် ဖြစ်လာခဲ့ရင် ဒါဟာ ကျွန်တော်တို့ စိုက်ပျိုးခဲ့တဲ့ အသီးအပွင့်ပဲ မဟုတ်ပေဘူးလား..။
ကျောင်းအရွယ်အစားနဲ့ ခန့်မှန်း ကုန်ကျစရိတ်
ကျောင်းသား၊ ကျောင်းသူ များတာနဲ့အမျှ ကျောင်းရဲ့ အရွယ်အစားက ပေ (၁၄၀ x ၂၀ ) ရှိပါတယ်။ အုဌ်မြစ်ချပြီးသား၊ အမိုးတစ်ဝက်မိုးပြီးသားဖြစ်ပြီး အုဌ်အကာ၊ သွပ်အမိုး၊ တံခါးပေါက်၊ ကြမ်းပြင်အခင်း၊ မျက်နှာကြက်၊ ဘုရားခန်းစတဲ့ ပေ (၁၄၀) အကျယ်အ၀န်းအတွက် စုစုပေါင်းအတွက် ခန့်မှန်း ကုန်ကျစရိတ်
သိန်း( ၁၇၀နဲ့ ၁၉၀) ပမာဏခန့် ကုန်ကျနိုင်ပါတယ်။ရရှိလာမဲ့ မုဒိတာအလှုရှင်များရဲ့ လှုဒါန်းမှု ပမာဏကိုကြည့်ပြီး တတ်နိုင်သလောက် ပြုပြင်ပေးသွားပါမယ်။
အဆိုပါကျောင်းဆောက်လုပ်မှုအတွက်
(၁) အရှင်တိက္ခသာရ၊ BA,MA (သီရိလကာင်္) သီတဂူကမ္ဘာ့ ဗုဒ္ဒတက္ကသိုလ်၊ ရန်ကုန်၊ မှ (၁၅)သိန်း
(၂) ဦးတင်အေး+ဒေါ်ကျင်အေး၊ (သား) သက်စိုးထိုက်၊ (သမီး) မသိရိသက်ဝေ မိသားစု (၇.၅)သိန်း
(၃)ကိုရင် + မဒမ်ကိုး မှ............................................................................... (၇.၅)သိန်း
စုစုပေါင်း ငွေကျပ် သိန်း (၃၀) မတည် လှုဒါန်းထားပါတယ်။
နောက်ထပ် လိုအပ်နေသော အလှုငွေများကို ယခင်အကြိမ်များကဲ့သို့ မုဒိတာအလှုရှင်များရဲ့ စုပေါင်းအားဖြင့် ပေါင်းစုတည်ဆောက်သွားမယ်ဆိုပါက အထက်ပါကျောင်းဟာ ကလေးငယ်များအတွက် အားထားရာကျောင်းတော်ကြီး ဖြစ်လာတော့မှာ ဖြစ်တဲ့အကြောင်း နိုင်ငံအရပ်ရပ်မှ မုဒိတာအလှုရှင်များကို လေးစားစွာ အကူအညီတောင်းခံရင်း အလှုခံကာလကို (၃၀.၅.၂၀၁၄ရက်၊ သောကြာနေ့) မှာ စတင်ပါပြီခင်ဗျား..။
နိုင်ငံအလိုက် ဆက်သွယ်လှုဒါန်းနိုင်ကြရန် အကျိုးတော်ဆောင်များစာရင်း
ဗြိတိန်
အရှင်ဇနက(သန္တိသုခ)
venjanaka@gmail.com
+၄၄ ၇၇၄၀ ၉၈၃၉ ၄၂
အမေရိကား
ဗညားရှိန်@လင်းခေတ်ဒီနို
lynnkhitdeno301@gmail.com
+၁၂၀ ၁၈၈၈ ၉၇၅၁
https://www.facebook.com/lynnkhitdeno
ဂျပန်နိုင်ငံ
ရန်နိုင် @ နေ၀သန်
nay.naywathan@gmail.com
+81 80 3852 5214
http://www.facebook.com/nayyannaing
တောင်ကိုရီးယားနိုင်ငံ
၁။ဒေါ်ကျူတီ
antianti29@gmail.com
+၁၀ ၂၁၄၂ ၁၂၆၆
https://www.facebook.com/daw.q.te
စင်ကာပူ
၁။ မဒမ်ကိုး
celestial.whiteangle@gmail.com
+၆၅ ၉၆၁၆ ၄၄၇၇
https://www.facebook.com/madamkoo
၂။ ကန်ဒီခိုင်
candykhine2@gmail.com
+၆၅ ၉၆၆၀ ၂၆၉၄
https://www.facebook.com/candykhine2
၃။ မစန်းစန်းခိုင် @ crystal khaing
sskhaing@gmail.com
sskhaing@gmail.com
+၆၅ ၉၆၆၂ ၂၂၂၆
https://www.facebook.com/crystal.khaing
၎။ မသန္တာလွင်
+၆၅ ၉၀၀၃၂ ၄၃၆
https://www.facebook.com/thandarlwin
ထိုင်ဝမ်
ပစ်ပစ် @ ဂျယ်ရီပစ်ပစ်
jerrypigpig@gmail.com
+၈၈၆ ၉၃၀ ၄၁၃ ၂၂၀
https://www.facebook.com/blackroze.flower
မလေးရှား
၁။တင်မောင်လွင်
mmin5433@gmail.com
+၆၀၁၆ ၃၆၂၇ ၆၆၄
https://www.facebook.com/mg.joephyu
၂။ကိုမင်းဧရာ(kl)
moekyawthu0001@gmail.com
+၆၀ ၁၇၃၀ ၄၇၇ ၃၅
https://www.facebook.com/pan.thut
၃။မောင်ဘုန်း (ကလန်း)
mr.janjarom@gmail.com
+၆၀၁၀ ၂၈၂၇ ၀၇၁
https://www.facebook.com/yehtet.yehtet.1
မြန်မာနိုင်ငံ
၁။ andrewkc @ကျော်စွာစိုးမြတ်
andrewkc189@gmail.com
+၉၅ ၉၄၂၁ ၀၅၉၈ ၂၇
https://www.facebook.com/andrewmahkc
၂။ ဒေါ်အိအိစိုး @Doreen Tin
( Feel Myanmar Restaurant & ရွှေအိ မုန့်ဟင်းခါး)
( Feel Myanmar Restaurant & ရွှေအိ မုန့်ဟင်းခါး)
ei.soe64@gmail.com
+၉၅ ၉၅၁၅ ၂၄၆၃
https://www.facebook.com/doreen.tin
ကိုယ်တိုင်ကိုယ်ကျ ဆက်သွယ်လှုဒါန်းချင်တယ်ဆိုရင်လည်း အဆိုပါကျောင်းဖြစ်မြောက်ရေးအတွက် အားတက်သရော ဆောင်ရွက်ပေးနေသော ဆရာတော်ထံသို့ အောက်ပါ လိပ်စာအတိုင်း ဆက်သွယ် လှုဒါန်းနိုင်ပါတယ်..။
ဆရာတော် အရှင်ပါရဂူ
၀၉၅ ၃၅၀၇၂၃
သီတာရုံစာင်တိုက်၊ တောင်ငူမြို့
(၆)ရပ်ကွက်၊ ကမ္ဘာအေးလမ်း
မျှဝေခြင်းဟာ ရှင်သန်ခြင်းဖြစ်တယ်။
မြန်မာမုဒိတာလူငယ်များအဖွဲ့ (MMYG)
၂၉.၅.၂၀၁၄ ၊ ကြာသာပတေးနေ့
.
.
Subscribe to:
Posts (Atom)




