Tuesday, 1 February 2011

အပြုံးရဲ့နောက်ကွယ်

သူပြုံးနေတယ်။ ရိုးရိုးသာမန်ပါဘဲ။ အများသူငါလို ပါးစပ်ဟ သွားပေါ် ပါးစောင်နှစ်ဘက် အပေါ်တက် မျက်လုံးပေါက်ကျင်းသွားပြီး ပါးရည်တွန့်ပြလိုက်တာပါဘဲ။ ဒါပေမဲ့ သူ့အပြုံးရဲ့နောက်ကွယ်မှာ ဘာတွေရှိသလဲ။ ဒါကိုတော့ သူကိုယ်တိုင်ဘဲ သိပါလိမ့်မယ်။

အပြုံးတိုင်း ပျားရည်လို ချိုမမွှေးပါ။ အပြုံးတိုင်း အပြုံးစစ်မဟုတ်ပါ။ အပြုံးတိုင်းမှာ အဓိပ္ပါယ်အမျိုးမျိုးရှိတယ်။ ဟန်ဆောင်ပြုံး၊ ကောက်ကျစ်ပြုံး၊ မထီမဲ့ပြုံး၊ အထင်သေးပြုံး၊ ဂုဏ်ယူအပြုံး၊ ကြည်နူးအပြုံး စသဖြင့် စသဖြင့် အပြုံးအမျိုးမျိုး ရှိတယ်။ လူမှုဆက်ဆံရေးနယ်ပယ်မှာ ဒီအပြုံးတွေနဲ့ ဆက်ဆံကူးလူးနေကြတာပါ။ ပြုံးနေတိုင်း လူကောင်းမဟုတ်ပါ။ လူကောင်းတိုင်းလဲ ပြုံးမနေတတ်ပါ။

အပြုံးတကာ့အပြုံးတွေထဲမှာ သူတစ်ပါး ဒုက္ခရောက်နေတာကို တွေ့မြင်ရတဲ့အခါ အားရ၀မ်းသာပျော်ရွှင်ပြီး ပြုံးတဲ့အပြုံးမျိုးဟာ အဆိုးဝါးဆုံးပါဘဲ။ အဲဒီအပြုံးမျိုးဟာ အလွန် ကောက်ကျစ်ယုတ်မာရက်စက်တဲ့ အပြုံးမျိုးဆိုရင်လဲ မမှားပါဘူး။ လူသားအားလုံး အဲဒီလို အပြုံးမျိုး မပြုံးမိစေကြဖို့ သတိထားနေရမှာပါ။ ပါးစပ်က မေတ္တာ ကရုဏာ စကားလုံးတွေ တွင်တွင်သုံးပေမဲ့ တကယ့်လက်တွေ့မှာ အဲဒီလို ပြောနေတဲ့လူကိုယ်တိုင် သူပြောတဲ့အတိုင်း မလိုက်နာနိုင်တာ များပါတယ်။

သူပြုံးနေတယ်၊ သတိထား ဆိုတဲ့ ဆိုင်းဘုတ်ကို ခေါင်းရင်းတိုင်မှာ ရိုက်ကပ်ထားပြီး အဲဒီဆိုင်းဘုတ်ပိုင်ရှင်ကိုယ်တိုင်ပြုံးနေတာကို တွေ့ဖူးကြမှာပါ။ တစ်ခါတစ်လေမှာ အပြုံးဟာ အမုန်းထက် ကြောက်ဖို့ကောင်းတယ်။ တစ်ခါတစ်လေမှာ အပြုံးဟာ ဓါးသွားထက်က ပျားရည်စက်လို ကြောက်ဖို့ကောင်းတယ်။ ဒါပေမဲ့ လူအတော်များများက အပြုံးကိုဘဲ စွဲလန်းနေတတ်ကြတယ်။ တွယ်တာနေတတ်ကြတယ်။ မြတ်နိုးနေတတ်ကြတယ်။ အဲဒါ လူတွေရဲ့ မဟာအားနည်းချက်ပါဘဲ။ အပြုံးပိုင်ရှင်က အပြုံးနဲ့တိုက်ခိုက်မယ်။ မျက်ရည်ပိုင်ရှင်က မျက်ရည်နဲ့ တိုက်ခိုက်မယ်။ စကားပိုင်ရှင်က စကားလုံးနဲ့ တိုက်ခိုက်မယ်။ အဲဒါ လောကနိယာမတစ်ခုပါဘဲ။

ကြေးမုံမှန်ရှေ့ မှာ ရပ်လိုက်ပါ။  ပြီးတော့ သင့်ရင်ထဲကအတိုင်း ပြုံးပြလိုက်ပါ။ သင့်ရဲ့ပုံရိပ်က သင့်အတိုင်း ပြန်ပြုံးပြပါလိမ့်မယ်။ မဲ့ပြုံးလား၊ ရွဲ့ ပြုံးလား၊ ကောက်ကျစ်ပြုံးလား၊ ရိုးသားအပြုံးလား၊ မထီပြုံးလား၊ ရန်လိုအပြုံးလား၊ မာန်ပြုံးလား၊ ဟန်ပြုံးလား။ အဲဒါကိုတော့ သင်ကိုယ်တိုင်ဘဲ သိပါလိမ့်မယ်။ ဒါပေမဲ့ တစ်ခုတော့ရှိတယ်။ ဘယ်လိုအပြုံးမျိုးနဲ့ဘဲဖြစ်ဖြစ် တစ်ဘက်သားကို ပြုံးပြမိတယ်ဆိုရင် အဲဒီသင်ပြုံးတဲ့ အပြုံးမျိုးနဲ့ဘဲ သင့်ကို ပြန်ပြုံးပြပါလိမ့်မယ်။ အဲဒါ Relativity ရဲ့ သဘောတရားတစ်ခုဘဲပေါ့။

.

3 comments:

  1. [url=http://buyciproxin.webs.com/]ciprofloxacin online[/url] ciproxin buy uk
    ciprofloxacin to buy no prescription

    ReplyDelete
  2. [url=http://www.microgiving.com/profile/ribavirin]purchase copegus online
    [/url] order ribavirin
    copegus
    ribavirin 200 mg online

    ReplyDelete
  3. [url=http://www.microgiving.com/profile/ribavirin]copegus
    [/url] buy virazole
    copegus
    copegus 200 mg

    ReplyDelete