Saturday, 10 August 2013

နုအိုနေဆဲ

ရွက်သစ်တွေ လန်းဖို့
ငါတို့ နွမ်းပြရမယ်ဆိုလဲ
ဟောဒီ သံသရာစခန်းမှာ
ကျူပ်ကတော့
ကျေနပ်စွာဘဲ နွမ်းပြလိုက်မယ်။

သွားနေဆဲ ခရီးလမ်းမှာ
ခပ်ကြမ်းကြမ်းလဲ လျှောက်
ခပ်စမ်းစမ်းလဲ လျှောက်
ခပ်ကန်းကန်းလဲ လျှောက်
ခပ်နွမ်းနွမ်းလဲ လျှောက်
ပြီးတော့
ခပ်လွမ်းလွမ်းလဲ လျှောက်
ခရီးတစ်ထောက်ပေါင်း များခဲ့ပြီ။

ထိုင်သွား အိပ်သွား
ရပ်သွား သွားသွား
အနားနေပေမဲ့
အနေမနားခဲ့ဘူး
အဲဒါ
ဗုဒ္ဓရဲ့ တရားဘဲ။

လက်ခံလိုက်ပါ
လက်ခံလိုက်စမ်းပါ
ဘ၀တစ်ခြမ်းက
ဟိုးးးးး.....
အတိတ်ကမ်းလွန်ဆီမှာ။

.

2 comments:

  1. Yes . I accepte your poem . Happy birthday!

    ReplyDelete
  2. ဒီကမ်း ဒီလမ်း ဒီစခန်းမှာ
    ပင်ပန်းခြင်းချွေးစတွေက
    ပန်းတမျှလည်း မွှေးပါစေ
    စမ်းတမျှ အေးပါစေ အရှင်ဘုရား ။





    မင်းဧရာ

    ReplyDelete