Sunday, 2 October 2011

အမြင်တွန့်ခြင်း

တစ်နေ့၌ 
မောင်ဖြူနှင့်မောင်မဲ ဇာတ်ပွဲသွားကြည့်ကြလေ၏။ စတိတ်ရှိုး အော်ပရာ ပြဇာတ် စုံလင်အောင် ကပြ အသုံးတော်ခံပြီးနောက် နှစ်ပါးခွင် အလှည့် ရောက်လာ၏။ နှစ်ပါးခွင်၌ မင်းသား မင်းသမီး ကြည်နူးစွာ  မြိုင်ထ ကနေကြလေ၏

"မင်းသား မင်းသမီး အရမ်းလိုက်ဖက် အတွဲညီတာဘဲကွာ" ဟု မောင်ဖြူက ကြည့်ရင်း ချီးကျူးနေ၏။

မောင်မဲက အိပ်မှုန်စုံမွှားဖြင့်

"မင်းတို့ ဒသဂီရိ ဇာတ်ကြမ်းထုတ်ကြီးက ကြည့်ရတာ  မျက်စိ ပျက်လှသဗျာ" တဲ့။
... 

***အမြင်မမှန်သူတို့ အမှန်မမြင်တတ်ကြချေ။ 

.

1 comment:

  1. အမြင်မမှန်သူတို့ အမှန်မမြင်တတ်ကြချေ။ ... မှန်သဗျား...

    ReplyDelete